အော်ဂဲနစ်စားသုံးခြင်းဖြင့်တွေ့ကြုံနိုင်မည့် ကောင်းကျိုး ဆိုးကျိုးများ
အော်ဂဲနစ်လို့ ပြောလိုက်ရင် နာမည်တော်တော်ကြီးနေပါပြီ၊ ဘယ်သူမဆို သိနေကြပြီ။ ဒါပေမဲ့ ဒီစာကိုရေးမိလို့ စိတ်ဆိုးကြမလားပေါ့။ စိတ်ဆိုးလည်း တောင်းပန်တယ်ပေါ့။ ကဲ ကြိုတောင်းပန်ထားရင် ဘာလဲဆိုတာ သိတော့လေနော်။
အော်ဂဲနစ် အစားအစားတွေဆိုတာ ခုဆိုရင် နာမည်ကြီးပြီးတော့ ဝယ်လိုသူတွေ များလာနေတဲ့ ပစ္စည်းတွေဖြစ်လာနေတာပါ။ အကြမ်းဆိုရင် အော်ဂဲနစ်ဆိုတာမျိုးက မျိုးဗီဇတွေကို မပြောင်းလဲထားဘူး၊ ဓာတ်မြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေ မသုံးထားဘူး၊ အဲ့လို ထုတ်လုပ်ထားပြီးတော့ အနည်းဆုံး (၉၅) ရာခိုင်နှုန်းက အော်ဂဲနစ်လို့ စိတ်ချရတယ်ဆိုရင် USDA က အော်ဂဲနစ်လို့ သတ်မှတ်ပေးပါတယ်။ အော်ဂဲနစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုရင် အနည်းဆုံး (၇၀)ရာခိုင်နှုန်းက အော်ဂဲနစ်ဖြစ်ရပါမယ်။ အဲ့လို သတ်မှတ်ထားပါတယ်။ ကဲ အဲ့ဒါတွေက ဘာတွေ ကောင်းတာတွေ ဆိုးတာတွေရှိမလဲဆိုတာကို လေ့လာကြည့်ရအောင်။
ကောင်းချက်တွေ
(၁) အော်ဂဲနစ် အစားအစာတွေဟာဆိုရင် အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေ၊ မျိုးဗီဇ ပြောင်းလဲထားတာတွေ တစ်ခြားထပ်ပေါင်းပစ္စည်းတွေမပါပါဘူး။
အင်းဆက်ဖျက်ပိုးတွေ၊ ကြွက်၊ ပေါင်းနဲ့ မှိုတွေကို ကာကွယ်နှိမ်နင်းတဲ့နေရာမှာ သုံးတဲ့ ပိုးသတ်ဆေးတွေဟာ အဆိပ်သင့်စေဖို့အတွက် တီထွင်ထားတာပါ။ လေ့လာမှုတွေအရဆိုရင် အော်ဂဲနစ်မဟုတ်ပဲ သမားရိုးကျ စိုက်ပျိုးနည်းတွေမှာ အော်ဂဲနစ်စိုက်ပျိုးနည်းတွေထက် (၄) ဆလောက် ဆေးကို ပိုသုံးပါတယ်။ ကဲ အဲ့တော့ အော်ဂဲနစ်တွေက ဘေးပိုကင်းတယ်လို့ ပြောလို့ရပါတယ်။
(၂) သမားရိုးကျစိုက်ပျိုးတာထက် ပတ်ဝန်းကျင်ကို သက်ရောက်မှုတွေ နည်းပါးတယ်။
အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေကနေပြီးတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကိုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်မှုက ပိုနည်းပါးပါတယ်။ UN က ထုတ်ပြန်ထားတာတော့ စိုက်ပျိုးမြေ ဧရိယာတော်တော်များများရဲ့ အောက်ဖက်မှာရှိနေတဲ့ မြေအောက်ရေတွေဟာ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေနဲ့ရောပြီးတော့ မသန့်ရှင်းတဲ့ရေတွေအဖြစ် ပြောင်းလဲနေပြီဆိုတာကို ထောက်ပြထားပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုရင် အဲ့လို အဆိပ်ပြင်း အာနိသင်တွေပြင်းထန်တဲ့ မြေသြဇာတွေကို သုံးတာမျိုးက နည်းပါးတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးတယ်ဆိုတာကို လက်ခံရမှာပါ။
(၃) အာဟာရတန်ဖိုးအားဖြင့်တော့ အော်ဂဲနစ်အစားအစာတွေမှာ ပိုပြီးတော့များပါတယ်။
၂၀၁၄ ကတည်းက လုပ်ခဲ့တဲ့ လေ့လာမှုတွေအရဆိုရင်တော့ အော်ဂဲနစ်သီးနှံတွေမှာ အန်တီအောက်ဆီဒင့် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေ ပိုပြီးတော့ များများပါဝင်တယ်၊ အာဟာရဓာတ်တွေလည်း ပိုပြီးတော့ ပါဝင်တယ်လို့ တွေ့ထားပါတယ်။ အဲ့ဒါတွေပါတာက ဘာတွေဖြစ်နိုင်မလဲဆိုရင် ဆဲလ်တွေကို ကာကွယ်ပေးတယ်။ ပြီးတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေရယ်၊ အယ်လ်ဇိုင်းမားရောဂါတွေရယ်နဲ့ ကင်ဆာရောဂါတစ်ချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
အော်ဂဲနစ်နည်းနဲ့ ထုတ်လုပ်ရရှိလာတဲ့ နို့ဆိုရင်လည်း တစ်ခြား အော်ဂဲနစ်မဟုတ်တဲ့ နို့နဲ့ ယှဉ်လိုက်ရင် အိုမီဂါ (၃) အက်ဆစ် က (၂) ဆလောက်ပိုပါနေတာ ဖြစ်ပါတယ်။ အဲ့လို ရှာဖွေထားတဲ့ သုတေသနတွေကလည်း အော်ဂဲနစ်ကြောင့်ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။
(၄) စိတ်ချရတယ်။
အော်ဂဲနစ် ထုတ်လုပ်မှုတွေကရတဲ့ အသားတွေဟာဆိုရင် ဟော်မုန်းအမျိုးမျိုးနဲ့ တစ်ခြားပစ္စည်းတွေ မပါဝင်ဘူးလို့ ယူဆနိုင်တာကြောင့် ဖြစ်ပါတယ်။
မကောင်းတာတွေ ဘာရှိမလဲဆိုတော့
(၁) ဈေးကြီးတယ်
ဟုတ်ပါတယ်။ အော်ဂဲနစ်လို့ပြောလိုက်ရင် ဈေးကြီးတယ်ဆိုတာက တွဲပြီးတော့ လိုက်လာတာပါ။ အဲ့လို ဈေးများတာက ဘာလို့ဖြစ်တာလဲဆိုရင် အော်ဂဲနစ်ရဲ့အထွက်က သမားရိုးကျစိုက်တာပျိုးတာလောက် မထွက်တာက တစ်ချက်ပါပဲ။ ဒါကြောင့် ဈေးကများရတဲ့အပြင် စိုက်နည်းစနစ်ကလည်း မတူတဲ့အတွက်ကြောင့် တစ်ချို့ ကုန်ကျစရိတ်လေးတွေရှိတာကလည်း တစ်ချက်ဖြစ်ပါတယ်။
(၂) အော်ဂဲနစ်ကလည်း အီကိုလိုင်နဲ့ ဆဲလ်မွန်နယ်လာတို့ ပါဝင်နိုင်တာပါပဲ။
အစားအစာတွေအားလုံးဟာ သူတို့နဲ့ မလွတ်ကင်းနိုင်ပါဘူး။ သူတို့ပါဝင်ရင် ဘာဖြစ်နိုင်လဲဆိုတော့ ဖျားနာတာမျိုးဖြစ်တတ်ပါတယ်။ အစားအသောက်ကနေ ဖျားနာစေတာပေါ့။ သူတို့က အီကိုလိုင်၊ ဆယ်လ်မွန်နယ်လာ၊ လစ်စတာရီယားနဲ့ တစ်ခြားသော ဘက်တီးရီးယားလေးတွေဖြစ်ပါတယ်။ အဲဒါဟာ အော်ဂဲနစ်မို့လို့ မကပ်ပါဘူး၊ မရှိပါဘူးဆိုတဲ့ အာမခံချက်တော့မရှိပါဘူးနော်။
(၃) အော်ဂဲနစ်ပစ္စည်းတွေက တာရှည်မခံပါဘူး။
ဟုတ်တာပေါ့။ သဘာဝနည်းအတိုင်းဆိုတော့ အော်ဂဲနစ်သီးနှံတွေက ဘယ်လိုမှ အထားမခံတာက အမှန်ပါပဲ။ ဖယောင်းတောင် မသုတ်တာဆိုတော့ သူများတွေထက် ပိုပြီးတော့ ညိုးလွယ်ပါတယ်။
ကဲ ဒါဆိုရင်တော့ အော်ဂဲနစ် အစားအစာတွေကနေ ကျွန်တော်တို့ကို ဘာတွေပေးနေလဲဆိုတာကို နည်းနည်းလောက်တော့မြင်လိမ့်မယ် ထင်ပါတယ်နော်။
ထွန်းဝင်းကျော်
http://lifeprovidr.com/food-and-nutrition/pros-cons-organic-foods/
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....