အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးစေ့နှင့် အတူရော၍ ထည့်သွင်းပေးခြင်း၏ အားသာချက်နှင့် အားနည်းချက်များ

မျိုးစေ့နှင့် အတူရော၍ ထည့်သွင်းပေးခြင်း၏ အားသာချက်နှင့် အားနည်းချက်များ

Green Way
Green Way Greenovator 19/10/2018

 မျိုးစေ့နှင့် ရော၍ ထည့်သွင်းပေးခြင်းဆိုရာတွင် မြေသြဇာ ပမာဏ အနည်းငယ်ကို မျိုးစေ့နှင့်အတူရော၍ ထည့်ပေးခြင်းဖြစ်ပြီး၊ နိုက်ထရိုဂျင်၊ ဖော့စပါးရပ်ဓာတ်များ ပါဝင်သည့်မြေသြဇာများကို ထည့်သွင်းပေးလေ့ရှိပါသည်။ နိုက်ထရိုဂျင်၊ ပိုတက်စ်စီယမ်နှင့် ကန့်ပါဝင်သော ဓာတ်မြေသြဇာများသည် ဆားဓာတ်ပါဝင်မှု များသောကြောင့် ပမဏနည်းနည်းသာ ထည့်ရမည်ဖြစ်ပါသည်။

အားသာချက်များ

- သီးနှံပင်ငယ်များ၏ အမြစ်များရှိသည့် နေရာတွင် မြေသြဇာထည့်ပေးလိုက်ခြင်းကြောင့် မျိုးစေ့ပတ်ဝန်းကျင်တွင် အစိုဓာတ်ရှိနေသ၍ အာဟာရဓာတ်များကို လွယ်ကူစွာ ရရှိစေနိုင်ခြင်း။

- မြေသြဇာများကို ပေါင်းပင်များထက် သီးနှံပင်များက ပိုမိုရရှိစေရန် ထည့်သွင်းပေးသည့် စနစ်ဖြစ်ခြင်း။

- ကြဲပက်ထည့်သွင်းခြင်းနှင့် နှိုင်းယှဉ်ပါက မြေဆီလွှာတက်စားမှုကြောင့် အပင်အာဟာရဓာတ်များ ဆုံးရှံးမှုလျော့နည်းခြင်း၊

- ဖော့စပါးရပ်စ်ဓာတ်သည် အပင်များ၏သန်စွမ်းမှုကို အားပေးသဖြင့် အစောပိုင်းကာလ ကြီးထွားမှုကို တိုးစေခြင်း။

- မြေဆီလွှာနှင့် မြေသြဇာ ထည့်တွေ့မှု ဧရိယာနည်းသဖြင့် ဖော့စပါးရပ်စ်နှင့် ပိုတက်စီယမ်ဓာတ်များကို မြေဆီလွှာမှ တွယ်ကပ်မှု လျော့နည်းစေခြင်း။

- စိုစွတ်သော အေးသော ရာသီတွင်ပင် အပင်ပေါက်နူန်း တိုးစေခြင်းတို့ဖြစ်ပါသည်။

အားနည်းချက်များ

- နိုက်ထရိုဂျင်နှင့် ကန့်ဓာတ်များအတွက် စီးရေစိမ့်ရေတို့နှင့် မျောပါပျောက်ဆုံးနိုင်မှု ပိုများခြင်း။

- သီးနှံပင်များ၏ မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြေသြဇာများကို တစ်ကြိမ်ထက်ပို၍ ထည့်ပေးရန် လိုအပ်ခြင်း။

- မြေသြဇာများသည် အာဟာရဓာတ်များ များစွာပါဝင်ပါက မျိုးစေ့များအား လောင်စေနိုင်သည့် အန္တရာယ်ရှိခြင်း။

- နိုက်ထရိုဂျင် ပါဝင်မှုများလွန်းပါက မျိုးစေ့များအား အမိုးနီးယား အဆိပ်သင့်မှု ဖြစ်စေနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျိုးစေ့နှင့် အတူရော၍ ထည့်သွင်းပေးသည့် မြေသြဇာများသည် အပင်ပေါက်များကို လောင်စေတတ်သဖြင့် မြေသြဇာနူန်းထားများကို အကန့်အသတ်ဖြင့် သုံးစွဲရန် ဖြစ်ပါသည်။ မြေသြဇာအလုံးအခဲများကို မျိုးစေ့နှင့်အတူရော၍ စိုက်ပျိုးပါက ပမဏ အကန့်အသတ်ကို သိရှိထားရန် လိုအပ်ပါသည်။

- မြေစိုနေပါက တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ကန့်မြေသြဇာတို့ကို အများဆုံးပေါင် ၃၀ (၁၃ ကီလိုဂရမ်ခန့်) အထိ သုံးစွဲပါ။ (ဖော့စပါးရပ်စ် မြေသြဇာအတွက်မှာ အကန်အသတ်မရှိပါ)

- မြေခြောက်ပါက တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ကန့်မြေသြဇာတို့ကို အများဆုံး ၁၅ ပေါင် (၇ ကီလိုဂရမ်ခန့်) အထိသာ သုံးစွဲပါ။ (ဖော့စပါးရပ်စ် မြေသြဇာအတွက်မှာ အကန့်အသတ်မရှိပါ။)

ကိုးကား - စိုက်ပျိုးရေးရာ အသုံးချ သုတပဒေသာ/ဒေါက်တာမောင်မာ(စိုက်ပျိုးရေး)

 

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ

K • ဖြေကြားချက် 2 ခု

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ

Aung Aung • ဖြေကြားချက် 4 ခု

စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ

Sawsamson • ဖြေကြားချက် 1 ခု

ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ

kayzin soe • ဖြေကြားချက် 4 ခု

ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်

kayzin soe • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။