COVID 19 ကပ်ရောဂါကြောင့် အီးယူကိုတင်ပို့နေတဲ့ မြန်မာ့ပဲတီစိမ်း ဈေးကွက်ထိခိုက်မှုမရှိနိုင်
COVID – 19 ကပ်ရောဂါဖြစ်ပွားနေပေမယ့် အီးယူကိုတင်ပို့နေတဲ့ မြန်မာ့ပဲတီစိမ်း ဈေးကွက် ထိခိုက်မှုမရှိပဲ ပုံမှန်အတိုင်း တင်ပို့နိုင်မှာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှုးဖြစ်သူ ဒေါက်တာကျော်ဝင်းက Green Way ကိုပြောပါတယ်။
အီးယူက ပုံမှန်လောက်ပဲသွားမှာပါ။ သူတို့ ဝယ်နေသလောက် ပုံမှန်ဝယ်မယ့်သဘောရှိပါတယ်။ မဝယ်ဘူးဆိုတာလည်း မရှိဘူး။ ပိုများလာမယ်ဆိုတာလည်းမဖြစ်နိုင်ဘူး။ ပုံမှန်တော့ဝယ်မယ်။ သူ့ပေါက်ရာပေါက်ဈေးနဲ့ နဂိုဝယ်နေတဲ့ တန်ချိန်ဝန်းကျင်လောက်တော့ ဝယ်သွားလိမ့်မယ်
လို့ ဒေါက်တာကျော်ဝင်း ကပြောပါတယ်။
ပဲပင်ပေါက်ဖောက်စားလေ့ရှိတဲ့ အီးယူနိုင်ငံများကို ပဲတီစိမ်းတင်ပို့ဖို့အတွက် သန်လျှင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွနဲ့ ပဲခူး၊ သနပ်ပင်၊ ကဝဒေသများမှထွက်ရှိလာသည့် ပဲတီစိမ်းများကို တင်ပို့လျှက်ရှိပါတယ်။ ဒီလိုတင်ပို့ရာမှာ ပဲတီစိမ်းများတွင် လူကို အသက်အန္တရယ်ကိုဖြစ်စေသည့် E.coli (STEC) နဲ့ Salmonella ကပ်ပါးပိုးမွှားတွေကို ထုတ်လုပ်ပေးသည့် ရှီဂါ (Shiga) အဆိပ်အတောက်မပါဝင်ပဲ အရည်အသွေးကောင်းပဲတီစိမ်းများ ထွက်ရှိလာအောင် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက GAP, GHP စတဲ့ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းတွေကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်ပသို့ ပဲတီစိမ်းတင်ပို့ရာမှာ နှောင့်နှေးကြန့်ကြာတာတွေ မဖြစ်ရအောင် ပြည်ပတင်ပို့ဖို့အတွက် လိုအပ်တဲ့ ပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် E-Certificate များရယူနိုင်ရန် ကုမ္ပဏီများကို သီးနှံကာကွယ်ရေးဌာနခွဲမှ ၃ ရက်တာသင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုလို ပဲတီစိမ်းရာသီအစမှာ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာ၏ လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်နေပြီး ၂၀၂၁ ပဲတီစိမ်းရာသီအတွက် အီးယူကို မြန်မာ့ပဲတီစိမ်းတွေတင်ပို့သွားဖို့ ကုမ္ပဏီ ၈ ခုက လျှောက်ထားလျှက်ရှိကြောင်းနှင့် GAP, GHP အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါက်တာ စန်းစန်းဝင်း က Green Way ကိုပြောပါတယ်။
ဒီနှစ်မှာတော့ အီးယူကို ပဲတင်ပို့ဖို့အတွက် ကုမ္ပဏီ ၈ ခုက အဆိုတင်သွင်းထားပါတယ်။ အရင်တုန်းကဆိုရင်တော့ တောင်သူတွေကို ပဲတင်ပို့ဖို့အတွက် ပဲစိုက်မယ့်ရာသီမတိုင်ခင်မှာ အီးယူကိုတင်ပို့ဖို့ လိုက်နာရမယ့် စည်းကမ်းတွေ၊ GAP, GHP အကုန်လုံးကို ကျွန်မတို့က အသိပညာပေးရပါတယ်။ ဒီနှစ်ကတော့ ကိုဗစ်ဖြစ်တဲ့အတွက် MOHS ရဲ့လမ်းညွှန်ချက်နဲ့အညီ လူ ၃၀ ထက်မပိုရဘူးဆိုတဲ့ အတွက် ရွာမှာရှိတဲ့အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုခေါ်ပြီးတော့ သင်တန်းတွေပေးပါတယ်။ သင်တန်း ပေးတယ်ဆိုတာ ပဲသက်တမ်းတစ်လျှောက်မှာကျတဲ့ ပိုး၊ ရောဂါတွေ၊ ဓာတ်ကြွင်းအာနိသင်အနည်းဆုံးဖြစ်တဲ့ ပိုးရောဂါသတ်ဆေးတွေကိုသုံးဖို့ အသိပညာပေးပါတယ်။ ဒီနှစ်မှာတော့ အရင်လို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တဲ့အတွက် ပန်းဖလက်တွေကိုပဲ ပိုလုပ်ပြီးတော့ သူတို့ကို ဝေပေးနိုင်ခဲ့တယ်
လို့ ဒေါက်တာစန်းစန်းဝင်းက ပြောပါတယ်။
၂၀၁၇ ခုနှစ် စာရင်းဇယားများအရ ကျပ်ငွေ ၆၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စုစုပေါင်း ပဲတီစိမ်းတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်တင်သွင်းခဲ့တဲ့ ဥရောပပဲတီစိမ်းဈေးကွက်ကိုတင်ပို့ဖို့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာ့ပဲများတင်ပို့ရေး လုပ်ငန်းကြီးကြပ်အဖွဲ့ကို ဆက်လက်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ စတင်တင်ပို့နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး ဥရောပဈေးကွက်ကို စတင်တင်ပို့ခဲ့ပြီးတဲ့နောက် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလအထိ စုစုပေါင်းပဲတီစိမ်းတန်ချိန် လေးသောင်းခုနှစ်ထောင်ကျော်ကို ဥရောပပဲပင်ပေါက်စားသုံးသူများဈေးကွက်အတွက် တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပဲတီစိမ်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်များမှာ စိုက်ပျိုးထုတ်လုပ်နေကြပါတယ်။ ၂၀၁၈-၂၀၁၉ စိုက်ပျိုးရေးဦးစီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ရဲ့ ထုတ်ပြန်ချက်အရ ပဲတီစိမ်းစုစုပေါင်းစိုက်ဧကမှာ ၂.၈ သန်းကျော်ရှိပြီး တစ်နိုင်ငံ လုံးပျှမ်းမျှအထွက်နှုန်းမှာ တစ်ဧကကို ၁၅.၃ တင်းဖြစ်ပါတယ်။ စုစုပေါင်းအထွက်နှုန်းမှာ တန်ချိန် ၁.၄ သန်းကျော်ရှိပြီး စုစုပေါင်းပြည်ပတင်ပို့မှုမှာ တန်ချိန် သုံးသိန်းလေးသောင်းနီးပါးရှိပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ သန်းပေါင်းသုံးရာနီးပါး ရရှိထားပါတယ်။
မြန်မာ့ပဲတီစိမ်းတွေကို အီးယူနိုင်ငံများအပြင် တရုတ်၊ စင်္ကာပူ၊ ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေကိုလည်း တင်ပို့နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 2 ခု
မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ
Aung Ko Zin • ဖြေကြားချက် 1 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်ချားထားပါတယ်
စိုးငြိမ်းထွန်း • ဖြေကြားချက် 1 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 0 ခု
မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ
win kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from Green Way
အားလုံး
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026