အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန်တိုင်းအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ယူနန်နှင့် ရှန်ဟိုင်းသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ဆွေနွေးလျက်ရှိ

ရန်ကုန်တိုင်းအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ယူနန်နှင့် ရှန်ဟိုင်းသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ဆွေနွေးလျက်ရှိ

Green Way
Green Way Greenovator 23/05/2019

ရန်ကုန်တိုင်းဒေသကြီးရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အပြင် ရန်ကုန်တိုင်းအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ထုပ်ပိုး၍ တရုတ်နိုင်ငံ ယူနန်ပြည်နှင့် ရှန်ဟိုင်းသို့ တိုက်ရိုက်တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် မေလ (၂၂) ရက်က ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံရဲ့ ကုန်စည်တွေက နယ်စပ်အထိ ရောက်ပြီးမှ မရောင်းရဘူးဆိုပြီး ပြန်သယ်လာဖို့က တော်တော်ခက်ခဲပါတယ်။ ဟိုမှာ သိုလှောင်ထားနိုင်ဖို့အတွက်လည်း တော်တော်ခက်ခဲပါတယ်။ ဒါကြောင့် ရန်ကုန်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကနေ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်ဖို့နဲ့ တရုတ်ပြည်ဘက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ဈေးကွက်တစ်ခု ထူထောင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ ရန်ကုန်ကနေ ပါကင်ပိတ်ပြီး တင်ပို့နိုင်တဲ့အထိ ရောင်းချနိုင်ဖို့ ယူနန်နဲ့ တစ်ဖက်ကလည်း ဆွေးနွေးနေသလို ရှန်ဟိုင်းနဲ့လည်း ဆွေးနွေးနေပါတယ်။"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရှန်ဟိုင်း၏ စားသောက်ကုန် ၉၀ ရာခိုင်နှုန်းကို ၎င်းတို့၏  ပြည်နယ်များနှင့် အခြားနိုင်ငံများက တင်သွင်းနေရခြင်းကြောင့် ယင်းတို့၏ စားသောက်ကုန်ကဏ္ဍနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံသို့ ရှန်ဟိုင်း ဒုတိယမြို့တော်၀န် လာရောက်သည့် ခရီးစဉ်အတွင်း ယင်းကဲ့သို့ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယူနန်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်နေကြာင်း သိရသည်။ 

မြန်မာ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် နှင့် ဈေးကွက် သေချာနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်မှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်ရန်နှင့် တရုတ်ပြည်ဘက်ကို တင်ပို့ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ဂိတ်များမှတဆင့် အရောင်းအဝယ် ပြုလုပ်ရာ၌ တစ်ဖက်နိုင်ငံက ဝယ်ယူမည့်သူမရှိသည့် အချိန်မျိုးတွင် သိမ်းထားရန် နေရာမရှိသည့်အတွက် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရခြင်းကြောင့် မြန်မာကုန်သည်များအတွက် ထိခိုက်နစ်နာမှုများ မကြာခဏ ကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော်တို့ဘက်က ထုတ်ကုန်အများစုကို စနစ်တကျ ထုတ်လုပ်နိုင်မယ်ဆိုရင် စားသောက်ကုန်နဲ့ ပတ်သက်ပြီး တရုတ်ပြည်ဈေးကွက်ဟာ လူဦးရေများပြားလာသော ဈေးကွက်ကြီးဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ နယ်စပ်ချင်းလည်း ထိစပ်နေတာမျိုးရှိတယ်။ ဒီနေရာကို ကားလမ်းတွေကနေတဆင့် border trade လည်း လုပ်နိုင်သလို ရေကြောင်း၊ လေကြောင်းတွေကလည်း တင်ပို့နိုင်တဲ့ အခြေအနေရှိတဲ့အတွက် ရန်ကုန်မှာ ဒီဈေးကွက်ကြီးကို ထူထောင်ပြီး တင်ပို့နိုင်ဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း အရောင်းအဝယ် ပြုလုပ်ပြီးမှသာ နယ်စပ်ဂိတ်များသို့ ကုန်စည်သယ်သွားနိုင်သည့် အခြေအနေမျိုးကို ပြောင်းလဲနိုင်ရန်အတွက် ရန်ကုန်ဈေးကွက်ကို ပိုမိုတိုးချဲ့လုပ်ဆောင်ရန် ပြင်ဆင်နေပြီး မြန်မာ-တရုတ် စီးပွားရေး စီမံကိန်းတွင်လည်း အဆိုပါကိစ္စကို ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၏ supply chain တစ်ခုလုံးကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် မျိုးစေ့မှ မြေပြုပြင်တာကအစ စိုက်ပျိုးသည်အထိ သွင်းအားစုများကို သွင်းမည့်နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကိုပါ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့သွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ ဧက (၁၀၀) ခန့်ကို ပိုင်းလော့ပရောဂျက်အနေဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီး ပြည်ပသို့ ကုန်စည်များကို တင်ပို့ဆောင်ရွက်နိုင်သည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 1 ခု

မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ

Sawsamson • ဖြေကြားချက် 1 ခု

မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ‌

Zaw Than Oo • ဖြေကြားချက် 1 ခု

တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ

Cybergreen • ဖြေကြားချက် 2 ခု

ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်

ကိုကို • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။