လျှော်ဖြူဈေးကွက် ပြန်လည်ကောင်းမွန်လာရန် စိုက်ပျိုးသူများ မျှော်လင့်စောင့်ဆိုင်းနေ
လျှော်ဖြူဈေးကွက် ယခင်နှစ်များကအတိုင်း ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်စောင့်ဆိုင်းနေကြကြောင်း လျှော်ဖြူခြံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ပြည်ပပို့ကုန် ဆေးဖက်ဝင်အမယ်တစ်ခုဖြစ်သည့် ဆေးကုလားမ (ခေါ်) လျှော်ဖြူအစေးကို ကိုဗစ်-19 ကာလများအတွင်း တင်ပို့မှု မရှိသလောက်ကျဆင်းခဲ့ရာ တောင်သူများမှာ အပင်ပြုစုစောင့်ရှောက်မှုများ ပုံမှန်ပြုလုပ်ရင်း ဈေးကွက်ပြန်လည်ကောင်းမွန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
၂၀၁၉ လောက်အထိက ဈေးကောင်းကောင်းရခဲ့ကြတယ်။ ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကာလတလျှောက် ဈေးတွေပြုတ်ကျလာတာပါ။ တောင်သူတွေတင် မကဘူး။ ပွဲစားတွေအတွက်လည်း အဆင်မပြေကြပါဘူး။ အရင်က ပွဲစားတွေက တစ်ပိဿာကို တစ်ထောင်ကျပ်လောက် အမြတ်ရခဲ့တယ်။ အခုကျတော့ ပွဲစားတွေအတွက်လည်း တစ်ပိဿာကို အမြတ် တစ်ရာကျပ်၊ နှစ်ရာကျပ်လောက်သာ အမြတ်ကျန်တော့တယ်။ တောင်သူတွေကျတော့လည်း ခြံထုတ်စရိတ်ကိုက တစ်ပိဿာကို ရှစ်ထောင်၊ ကိုးထောင်လောက် ကုန်ကျထားတယ်။ လက်ရှိဈေးက တစ်ပိဿာကို ငါးထောင်ကျပ်လောက်ပဲ ရတာဆိုတော့ တောင်သူတွေ ရှုံးနေတာပေါ့။ ဒါ့ကြောင့် ဈေးကောင်းရဖို့ကို မျှော်နေကြတာပါ။ လျှော်ဖြူကနေ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်ရင်တော့ ဈေးကောင်းရနိုင်ပါတယ်။ ဒါကလည်း ထုတ်လုပ်တဲ့သူ နည်းနေပါသေးတယ်။
ဟု မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ဒုတိယဥက္ကဌ ဦးဇင်မင်းသန့်က ပြောသည်။
ယခင်ဈေးကွက်ကောင်းစဉ်အခါက လျှော်ဖြူအစေးတစ်ပိဿာလျှင် ကျပ် (၄၅၀၀၀) ကျပ်မှ ကျပ် (၅၀၀၀၀) အတွင်းအထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခြေအနေတွင် လျှော်ဖြူအစေး တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။
ကျွန်တော်တို့က အစေးခြစ်တာကို ရပ်ထားလိုက်ကြတယ်။ အရောင်းအဝယ်တွေ မကောင်းတာကြောင့်ပါ။ တော်တော်လေး အစေးထွက်လှိုင်နေတဲ့အချိန်မှာမှ ကိုဗစ်ဖြစ်တာကြောင့် ဈေးကွက်မကောင်းတော့ အစေးခြစ် ရပ်လိုက်ကြတာ။ လောလောဆယ် လျှော်ဖြူအစေးဈေးကွက်မှာက အဲ့ဒီလိုဖြစ်နေတာပါ။ လျှော်ဖြူပင်က နှစ်ရှည်ပင်ဖြစ်တော့ ပုံမှန်ပြုစုစောင့်ရှောက်မှုကတော့ လုပ်ပေးရတယ်။ သို့သော် အများကြီးလုပ်ပေးနေရတာတော့ မဟုတ်ဘူး။ မိုးတွင်းမှာ ပိုးမကျအောင် ဆေးပက်ပေးရတာလောက်ပဲရှိတယ်။ သူ့ရဲ့အမြစ်က အောက်ကိုစိုက်သွားတဲ့ပုံစံမို့လို့ အပင်ကြီးလာလေလေ အမြစ်က အောက်စိုက်သွားလေပဲ။ တအားပြုစုထိန်းသိမ်းပေးနေစရာတော့ မလိုပါဘူး။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောက်ကာတောင်ကျေးရွာမှ လျှော်ဖြူခြံလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ငယ်က ပြောသည်။
မြန်မာနိုင်ငံတွင် လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 0 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 1 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....