ထုံးကို စိုက်ပျိုးရေးတွင် သုံးသော် (၁)
စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) အနေဖြင့် အသုံးပြုလျက်ရှိသော အရာများစွာရှိပေသည်။ ထိုအရာများမှာ မြေဆွေးအမျိုးမျိုး၊ သစ်စိမ်းမြေဆွေး၊ ထင်း နှင့် ဝါး မီးသွေး၊ ပြာ၊ အီးအမ် ဘိုကာချီ၊ ကြက်ချေး၊ နွားချေးစတဲ့ ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများသာမက ကျောက်မှုန့်၊ ထုံးမှုန့် စတဲ့ မြေကျောက်သား မှ ရရှိသည့် သတ္တုတွင်းထွက်များကိုလည်း သုံးလျှက်ရှိကြပါသည်။
စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) ကို အပင်အာဟာရဓာတ် ရရှိစေရန် မြေဩဇာအနေဖြင့်၊ မြေသား အရည်အသွေးကောင်းစေရန်၊ မြေဆောင်ပိုး နှင့် ရောဂါများကိုလျှော့ချရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် သုံးကြပါသည်။
သို့ရာတွင် မည်သည့် မြေပြင် မြေခံ ပစ္စည်းကို မည်သည့် နေရာတွင် သုံးရမည်ကို သိရှိရန်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများက ပြသနာမရှိလှသော်လည်းသတ္တုတွင်းထွတ်များကိုတော့ မှန်ကန်စွာသုံးသင့်ပါသည်။ ရှေးဦးစွာ စိုက်ပျိုးရေးတွင် သုံးလေ့ရှိသော သတ္တုတွင်းထွက်များ - ဒိုလိုမိုက် (Dolomite), ထုံး (Lime) နှင့် ကျောက်မှုန့် (Gypsum) တို့အကြောင်းကို လေ့လာကြည့်ကြပါစို့။
ထုံး (Lime) - ဩဂဲနစ် မဟုတ်သော ကယ်လ်ဆီယမ် ပါဝင်သည့် ဓာတ်ပေါင်း တစ်ခုဖြစ်ပြီး ထိုဓာတ်ပေါင်းသည် အယ်ကာလိုင်း ဖြစ်သည်။ (ချဉ်ငန်ကိန်း - pH တန်ဖိုးအားဖြင့် မြင့်သည်)။
ဒိုလိုမိုက် (Dolomite) - ထုံး အမျိုးအစားတစ်ခုဖြစ်သည်။
ကျောက်မှုန့် (Gypsum) - ထုံး အမျိုးအစားတစ်ခုဖြစ်သည်။
ထုံးကို အမျိုးအစားခွဲရာတွင် ပုံပါ ဇယားအတိုင်းတွေ့ရှိရပါမည်။

စိုက်ပျိုးရေးတွင် အသုံးချခြင်း
ထုံးကျောက် (Calcium Carbonate) ကို မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် သုံးပါသည်၊ တစ်ချို့သော မှိုရောဂါများ နှင့် ဘတ်တီးရီးယား များ ကိုလျှော့ချရန်လည်း သုံးပါသည်။
ကောင်းကျိုးများမှာ - မြေချဉ်ငန်ကိန်း (pH) ကို တက်စေသည်။ ထို့အတွက် အများလို အာဟာရ ဓာတ်များ ( N, P, K) တို့ကို အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရရှိစေနိုင်သည်။ ကယ်ဆီယမ် အဟာရဓာတ် ရရှိစေသည်။ အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရေစိမ့်ဝင် စီးဆင်းမှုကိုအားပေးသည်။ ဈေးသက်သာသည်။
နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် တက်ရန် ဥပမာ pH 4 မှ 5 ဖြစ်ရန် တစ်ဧကကို ၂ တန်ခန့် အနည်းဆုံး ထည့်ရမည်။
ဆိုးကျိုးများမှာ ..
မြေချဉ်ငန်ကိန်း (Soil pH) ကိုသိရှိရန် လိုအပ်သည်။ ထုံးကို မြေချဉ်ငန်ကိန်း (pH – 6) အောက်မြေများတွင် သုံးရပါမည်။ မြေချဉ်ငန်ကိန်း (pH – 6) အထက် မြေများတွင် သုံးမိပါက - အပင်များလောင်နိုင်၍ အာဟာရစုပ်ယူရာတွင် အဟန့်အတားဖြစ်စေနိုင်သည်။
မြေအတွင်းထဲနှံ့စပ်အောင် ရောက်ရှိရန် လုပ်ရကိုင်ရ ဝန်ကြီးမားသည်။ ထုံး၏ လုပ်ဆောင်ချက်မှာ နှေးကွေးသည်။ အာနိသင်ရရန် အနည်းဆုံး ၂ လ မှ ၆ လ လောက့်စောင့်ရသည်။
ရေတွင်ပျော်ဝင်မှုအားနည်းသည်။ ရေရှည်တွင် ပမာဏ များစွာ (ထုံး ပမာဏ ၄ တန် ကို တစ်ဧက တွင် ၂ နှစ်အတွင်း) ထက်ပိုသုံးလျှင် မြေကျပ်ခြင်း၊ ထုံးလွှာဖြစ်ပေါ်၍ ရေစီးဆင်းမှု မကောင်းခြင်းများ ကိုဖြစ်စေသည်။
ပင်ရည်စိမ့်ထွက်ခြင်း Plasmolysis ဖြစ်၍ အပင်ကြီးထွားမှုကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။
ဒိုလိုမိုက် (Dolomite) နဲ့ ကျောက်မှုန့်/ လချေးမှုန့် (Gypsum) တို့ သုံးမယ်ဆိုရင် ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
စိုက်ပျိုးရေး အသိကြွယ်စေရန် ရည်ရွယ်၍
မှ
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ကျမ်းကိုးများ - https://socratic.org/.../how-do-you-calculate-the...
https://www.dpi.nsw.gov.au/.../guides/soil-acidity/best-lime
https://www.fertilesoilsolutions.com/.../comparing.../
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဇော်မင်းထက်
လွန်ခဲ့သော ၂ နှစ် ကလိုအပ်တာလေးတွေ့ဓာတ်ပုံရိုက်ထားသည် ခင်ဗျာ
u soe
လွန်ခဲ့သော ၄ နှစ် ကthanks
ဦးဝင်းကျော်ထွေး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
ကုန်းမြင့်ပိုင်းမြေကို နွေစပါးစိုက်ပျိူးရင် အပင်ကြံခိုင်ဖို့နှင့် ပိုးမွှားဒဏ် ခံနိုင်အောင် မြေဆီလွှာကို ဘယ်လိုပြုပြင်သင့်လဲ မြေခံကို ဘာတွေ ထည့်သုံးသင့်လဲ
Nwe Nwe aung • ဖြေကြားချက် 2 ခု
မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
bominthu • ဖြေကြားချက် 3 ခု
ဆရာခင်ဗျ အပင်ငယ်စဥ်တုန်း 18.7.7 မြေသြဇာကျွေးထားပါတယ် အသီးပွင့်ဝင်တုန်းကရှေ့တစ်ပတ်ကပဲ 15 ပတ်လည် ကျွေးထားပါတယ်ဆရာ အပွင့်အသီးတွေလှိုင်နေပါပြီ 15 ကျွေးပီးကတည်းကမိုးမရွာပါဘူးဆရာ အတာမိုးရွာလို့ရှိရင် မြေသြဇာထပ်ကျွေးလို့ရပီလား 15 ပတ်လည်မဟူတ်ပဲ 0.52.34 အလိုဟာတွေကျွေးရမလား ဘာတွေဆက်လုပ်ရမလဲဗျ 909ခရမ်းချဥ်ပါဆရာ
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....