ကျွန်တော်တို့အကြောင်း

၂၀၁၁ မေလမှ စတင်ခဲ့တဲ့ အစိမ်းရောင်လမ်း အဖွဲ့လေးဟာ အခုဆို နှစ်နှစ်ကျော်ခဲ့ပါပြီ။ ကျောင်းမှာ သင်ကြားခဲ့ရတဲ့ ပညာတွေ၊ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံ၊ တောင်သူတွေဆီကို ကွင်းဆင်း နည်းပညာ မျှဝေရင်း ဦးကြီးတို့ဆီက ပြန်လည်သင်ကြားခဲ့ရတဲ့ အတွေ့အကြုံတွေက နည်းပညာမျှဝေတဲ့ ဝက်ဆိုဒ်လေးတစ်ခု မွေးဖွားလာစေတဲ့ တွန်းအားတွေဖြစ်စေခဲ့တယ်။

အစိမ်းရောင်လမ်း အဖွဲ့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ ဒီဝက်ဆိုဒ်လေးကို ဒီရည်ရွယ်ချက်တွေနဲ့ ရေးဆွဲဖြစ်ခဲ့ပါတယ်။

  • စိုက်ပျိုးနည်းပညာကို စိတ်ဝင်စားသူတိုင်း လွယ်လင့်တကူ လေ့လာနိုင်ရန်
  • စိုက်ပျိုးနည်းပညာနဲ့ ပတ်သက်ပြီး ပညာရှင်များ၊ လူမှုအကျိုးပြု အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူ ၀ါသနာရှင်များ အတွက် ဆုံရပ်လေးတစ်ခု ဖြစ်ပေါ်လာစေရန်
  • စိုက်ပျိုးနည်းပညာများ အလွယ်တကူ စိုက်ပျိုးသူများထံသို့ ပျံ့နှံ့သွားစေရန်
  • အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနည်းပညာသစ်များကို ဖြန့်ဖြူးပေးနိုင်ရန်

Partners

  စကားပုံ  

"ရေတစ်အိုး မိုးတစ်ပေါက်"