၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် သနပ်ခါးဈေးကွက် ပိုမိုကောင်းမွန်လာဖွယ်ရှိ

26/11/2020 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

         ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် သနပ်ခါးဈေးကွက် ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

အခုဆိုရင် သနပ်ခါးဈေးကွက်ကတော့ ပြန်ကောင်းလာပါပြီ။ ဒီဇင်ဘာလောက်ဆို ပိုကောင်းမယ်ထင်တယ်။ စိုက်တဲ့လူနည်းသွားတာကြောင့်လည်း ပါပေမယ့် ဈေးကွက်ကိုက ဝယ်လိုအား များလာတာပါ။ ဈေးကွက် ပြန်ကောင်းလာတာ သနပ်ခါးအသင်းရဲ့ ကြိုးပမ်းမှုကြောင့်လည်း ပါပါတယ်။ အသင်းကလည်း အတော်ကြိုးပမ်းကြပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှ သနပ်ခါးစိုက်တောင်သူ ဦးနိုင်မိုးက ပြောသည်။

      မြန်မာနိုင်ငံတွင် သနပ်ခါးပင်ကို အရာတော်၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပွင့်ဖြူ၊ ပခုက္ကူ ဒေသများ၌ အများဆုံး စိုက်ပျိုးထုတ်လုပ်နေပြီး၊ အရာတော်ဒေသတွင် စိန်မင်း သနပ်ခါးမျိုးကို အဓိကစိုက်ပျိုးနေကြောင်း သိရသည်။

ကျွန်တော်တို့ အရာတော်နယ်ကထွက်တဲ့ သနပ်ခါးတွေအတွက် ရွှေဘို၊ မန္တလေး၊ ရန်ကုန်မြို့တွေက အဓိက ဝယ်လက်မြို့တွေပါပဲ။ ပခုက္ကူကိုလည်း တင်ပို့ရတယ်။ တစ်ခါတရံ ရခိုင်ပြည်နယ်ဘက်ကလည်း လာဝယ်ကြပါတယ်။ ရပ်ဝေးက ဝယ်လက်တွေဆီကို ရောင်းချတဲ့အခါ ကုန်ကားနဲ့တင်ပို့ကြပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ရွှေဘိုဘက်ကို ဆိုရင်တော့ ကြုံသလို အဆင်ပြေသလို သယ်ယူရောင်းချကြပါတယ်။ ရွာကပွဲစားတွေကို ရောင်းပေးတာပါ။ လတ်တလောမှာ ဈေးကွက်ကောင်းနေတာကတော့ စိန်မင်းမျိုးပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

        သနပ်ခါးပင် ရောင်းချရာတွင် အပင်အမြင့်နှင့်လုံးပတ်အပေါ်မူတည် ရောင်းချကြပြီး သက်တမ်း (၇)နှစ်မှ (၈)နှစ်ကြားရှိ သနပ်ခါးပင် တစ်ပင်လျှင် ပျမ်မျှ (၅,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ် အတွင်း ဈေးနှုန်းရရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်