ဓာတု ပစ္စည်းများနှင့် မြန်မာ့ စိုက်ပျိုးရေး

Photo - စိုက်ပျိုးရေးသည် ဝါသနာ သက်သက်ဖြင့် လုပ်ရသော အလုပ် မဟုတ်။ စီးပွားရေး လုပ်ငန်း၊ အသက်မွေး ဝမ်းကျောင်းဖြင့် လုပ်ရသော အလုပ ်မဟုတ်။ စီးပွားရေး လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခု ဖြစ်၍ အဓိက ရည်ရွယ်ချက်များ အောင်မြင်အောင် လုပ်ဆောင်ရန် ပိုမို လိုအပ်သည်။

ပညာရှင်များ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ဓာတုပစ္စည်းများကို အုပ်စု(၂) စုခွဲခြားထားသည်။ ယင်းတို့မှာ ဓာတု မြေသြဇာများ (chemical fertilizer) နှင့် စိုက်ပျိုးရေးသုံး ဓာတု ပစ္စည်းများ (agro-chemicals) တို့ ဖြစ်သည်။ စိုက်ပျိုးရေးသုံး ဓာတု ဆေးဝါးများတွင်၊ ပေါင်းသတ်ဆေးများ (herbicides)၊ ပိုးသတ်ဆေးများ (insecticides)၊ မှိုသတ်ဆေးများ (fungicides)၊ အပင်ဟော်မုန်းများ (plant growth regulator) နှင့် အုပ်စု သီးသန့် ဖော်ပြရန် မလွယ်ကူသော အခြား ဓာတုပစ္စည်းအားလုံးကို (others) ဟူသော အုပ်စု အဖြစ် ဖော်ပြထားသည်။ ဤအုပ်စုတွင် ပန်းမနွမ်းဆေး၊ မျှားဆေး (attractant) နှင့် ဆေး (repellants) စသည့် ပစ္စည်းများ ပါဝင်သည်။

စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဓာတုပစ္စည်းများ၏ ဆက်စပ်မှုကို လေ့လာကြည့်သောအခါ အခြေအနေ(၃) ရပ်ကို တွေ့မြင်ရသည်။ ပထမ အုပ်စုမှာ- ဓာတု ပစ္စည်းများကို လုံးဝ အသုံးမပြုသော အော်ဂဲနစ် စိုက်ပျိုးရေး စနစ် ဖြစ်သည်။ ဒုတိယ အုပ်စုမှာ- ဓာတုပစ္စည်း အမျိုးမျိုးကို များများ အားထား အသုံးပြုသော ခေတ်မှီ စိုက်ပျိုရေး စနစ် ဖြစ်ပြီး၊ တတိယ အုပ်စုမှာ- ဓာတု ပစ္စည်းများကို ဆင်ဆင်ခြင်ခြင်နှင့် လိုအပ်မှ၊ လိုသလောက်သာ အသုံးပြုသော ရေရှည်ခံ စိုက်ပျိုးရေး (sustainable agriculture) ဖြစ်သည်။

ဤစိုက်ပျိုးရေး စနစ်သည် ယုံကြည်ချက်ဖြင့် လုပ်ဆောင်ကြသော စိုက်ပျိုးသူများ အကြား၊ အမြင်နှင့် ခံယူချက်များ မတူကြသကဲ့သို့ ဓာတုပစ္စည်းများ အပေါ် အမြင်လည်း မတူညီ ကြပေ။ စိုက်ပျိုးရေး စနစ် တစ်ခုအပေါ် ယုံကြည်မှု အခြေခံပြီး၊ လက်မခံသော အခြား စိုက်ပျိုးရေး စနစ်များအပေါ် ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်းကို အလေးအနက် သုံးသပ်ရန် လိုပါသည်။ လိုအပ်ချက်များနှင့် အခြေအနေခြင်း မတူသော အနေအထားမျိုးတွင် အဆီလျော်ဆုံး စနစ်ကို ကျင့်သုံးရန် လိုအပ်မည်သာ ဖြစ်သည်။ စနစ် တစ်မျိုးတည်းကိုသာ ကမ္ဘာ့အရပ်ရပ် သီးနှံ အမျိုးမျိုးတွင် ကျင့်သုံးရန် အဆင်ပြေမည် မဟုတ်ပါ။ စိုက်ပျိုးသူများအနေဖြင့် မိမိတို့ လုပ်ကိုင်သော စိုက်ပျိုးရေး လုပ်ငန်းနှင့် ဆီလျော်မည့် စိုက်ပျိုးရေး စနစ်ကိုသာ ကျင့်သုံးသင့်သည်။ မိမိ ကျင့်သုံးမည့် စိုက်ပျိုးရေး စနစ်၏ အနှစ်သာရနှင့် ဆီလျော်သော နည်းစနစ်နှင့် ပစ္စည်းများကိုလည်း မှန်ကန်စွာ ရွေးချယ် အသုံးပြုရန် လိုအပ်သည်။ နည်းပညာများနှင့် ပစ္စည်းများကောင်းသည့် လုပ်ငန်း မအောင် မမြင် ဖြစ်တတ်သည်။

အော်ဂဲနစ် စိုက်ပျိုးရေး- ဓာတ်မြေသြဇာများနှင့် စိုက်ပျိုးရေးသုံး ဆေးဝါးများ၊ အသုံးမပြုရုံနှင့် အော်ဂဲနစ် စိုက်ပျိုးရေးကို ပီပြင်စွာ မလုပ်ဆောင်နိုင်ပါ။ စိုက်ပျိုးရေး၏ အဓိက လုပ်ငန်းဖြစ်သော အပင်များအား၊ အာဟာရ ထောက်ပံ့ခြင်း (Nutrition)၊ ပိုးမွှား ရောဂါများမှ ကာကွယ်ခြင်း (protection)၊ သက်ရှိ သက်မဲ့ ဝန်းကျင်နှင့် သီးနှံပင်အား သဟဇာတ ဖြစ်အောင် ဖန်တီးပေးခြင်း (Integration) တို့ ဖြစ်သည်။ အကယ်၍ ဓာတုပစ္စည်းများကို အသုံးမပြုပါက သက်ရှိများဖြစ်သော အပင်နှင့် တိရိစ္ထာန်တို့၏ ရုပ်ကြွင်းနှင့် အညစ်အကြေးများကို မှန်ကန်စွာ လုံလောက်စွာ၊ ထိရောက်စွာ စီမံ အသုံးပြုရန် လိုအပ်သည်။ ဓာတုပစ္စည်းများ မသုံးရုံနှင့် ထိုလိုအပ်ချက်များ အလိုအလျောက် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ အော်ဂဲနစ် စိုက်ပျိုးရေးမှာ စားသုံးသူများအပေါ် အခြေခံ ထားသော စနစ် ဖြစ်၍ စားသုံးသူများ လက်မခံနိုင်သော အမူအကျင့်များကို အသုံးမပြုနိုင်ပါ။ အော်ဂဲနစ် သီးနှံများသည် စျေးကောင်း ရနိုင်သော်လည်း ထိုပစ္စည်းများကို အလေးမထားသော စားသုံးသူများနှင့်သာ ဆက်ဆံရပါက အော်ဂဲနစ် စိုက်ပျိုးရေး သက်ဆိုး ရှည်နိုင်မည် မဟုတ်ပါ။ စိုက်ပျိုးရေးသည် ဝါသနာ သက်သက်ဖြင့် လုပ်ရသော အလုပ် မဟုတ်။ စီးပွားရေး လုပ်ငန်း၊ အသက်မွေး ဝမ်းကျောင်းဖြင့် လုပ်ရသော အလုပ ်မဟုတ်။ စီးပွားရေး လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခု ဖြစ်၍ အဓိက ရည်ရွယ်ချက်များ အောင်မြင်အောင် လုပ်ဆောင်ရန် ပိုမို လိုအပ်သည်။

ခေတ်မှီ စိုက်ပျိုးရေး စနစ်- ဒုတိယ ကမ္ဘာ စစ်ကြီးပြီးနောက် လျင်မြန်စွာ တိုးလာသော ကမ္ဘာ့လူဦးရေ အားလုံး လုံလောက်စွာ စားသုံးနိုင်ရန် လိုအပ်သော စားနပ် ရိက္ခာ အတွက် ခေတ်မှီ စိုက်ပျိုးရေးစနစ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ဤစနစ်တွင် သီးနှံ အထွက် တိုးရေးသည် အဓိက ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး စနစ်ကို အခြေခံ (၅) ချက်ဖြင့် ဖော်ဆောင် လုပ်ကိုင်ကြသည်။ ယင်းတို့မှာ- (၁)အထွက် နှုန်းကောင်းသော စပ်မျိုးများကို အသုံးပြုသည်။ (၂) အထွက်နှုန်းကောင်းသော မျိုးများဖြင့် လိုက်ဖက်ရန် ဓာတ်မြေသြဇာများကို အမြောက်အမြား အသုံးပြုသည်။ (၃) လိုအပ်ချက် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများ (agro-chemicals) များကို အမြောက်အမြား အသုံးပြုသည်။ (၄) စိုက်ခင်း ကျယ်ကြီးများနှင့် အထွက်နှုန်းကောင်းသော သီးနှံများဖြစ်၍ လူတို့၏ လုပ်အားနှင့် မနိုင်ပဲ စက်ယန္တရားများကို အသုံးပြုရသည်။ (၅) နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးရေး လုပ်လာရသောအခါ အဆင့်မြင့် နည်းပညာများ အသုံးပြုလာကြသည်။

ဤစနစ်၏ ကျေးဇူးကြောင့် ပညာရှင်များ မှန်းဆခဲ့သော ကမ္ဘာ့အငတ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။ ၁၉၇၀ ခုနစ် လွန်များတွင် ဖြစ်နိုင်ချေ ရှိသည်။ သို့သော် ဓာတုပစ္စည်းများ အလွန်အကျွံ့သုံးမှုကြောင့် စိုက်ပျိုးရေး ဝန်းကျင် တစ်ခုလုံးကို ယိုယွင်း ပျက်စီးလာသည်။ သီးနှံ အထွက်နှုန်းများလည်း လျော့နည်းလာသည်။ ဤစိုက်ပျိုးရေး စနစ်ကို မြစိမ်းရောင် တော်လှန်ရေး (Green Revolution) ဟု ခေါ်သော်လည်း ဤစနစ် ယိုယွင်းလာပြီးနောက် အမြဲစိမ်း မြစိမ်းရောင် တော်လှန်ရေး (Ever Green Revolution) ဖြစ်သော ရေရှည်ခံ စိုက်ပျိုးရေး စနစ်ကို ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။

ရေရှည်ခံ စိုက်ပျိုးရေးစနစ် ဆိုသည်မှာ စိုက်ပျိုးရေး ပြုလုပ်စဉ်၌ပင် သဘာဝ သယံဇာတများကို ထိန်းသိမ်းထားခြင်းကြောင့် သားစဉ်မြေးဆက် ကာလကြာရှည်စွာ လုပ်ကိုင် စားသောက်နိုင်သော စိုက်ပျိုးရေး စနစ် ဖြစ်သည်။ လက်တွေ့အားဖြင့် သီးနှံပင်များအား အာဟာရ ထောက်ပံ့ရန်နှင့် ရောဂါပိုးမွှား ကာကွယ်သည့် ကိစ္စများအတွက် သဘာဝ ပစ္စည်းများကို အားထား အသုံးပြုပြီး လိုအပ်မှသာ ဓာတု ပစ္စည်းများကို လိုအပ်သလောက် အသုံးပြုသော စနစ် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတုပစ္စည်းများ အသုံးပြုခြင်းကို သားရွှေအိုးထမ်းလာသည်ကိုုု မြင်ရသည့် အဖြစ်မျိုးကဲ့သို့ အသုံးပြုရန် လိုသည်။ ဓာတု ပစ္စည်းများ အသုံးပြုလျက် ဓာတု အဆိပ်သင့်မှု မဖြစ်စေရန် ဖြစ်သည်။ ဓာတု ကင်းစင်ခြင်း ဆိုရာ၌ ဓာတု ပစ္စည်းများ အသုံးမပြုခြင်း မဟုတ်ပဲ အသုံးပြုသော စားနပ် ရိက္ခာများတွင် ဓာတု ကင်းစင်ရေးသာ ဖြစ်သင့်သည်။

ဦးဖရက်သိန်းဖေ



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မြေစမ်းခရမ်းပျိုး"