ပီလောပီနံ စိုက်ပျိုးနည်း

Shwe-Yee-linn     08/12/2017 22:29 PM     Content Provider - Greenway
Photo - cassava

​ယေဘုယျ အားဖြင်​့ ဆန်​၊ ဂျုံ၊ ​ပြောင်​း၊ အာလူး ကဲ့သို့​သော အဓိကထား စားသုံးသည်​့ အစားအစာတစ်​ခုဖြစ်​သည်​။ ပြုတ်​၍​သော်​လည်​း​ကောင်​း ​ကြော်​၍​သော်​လည်​း​ကောင်​း အဓိက ထားစားသုံးကြ​သော သီးနှံဖြစ်​သည်​။

စားသုံးမှုသည်​အဓိကစားသုံးမှုအပြင်​အခြား စားသုံးမှုဖြစ်​သည်​့ အ​ခြောက်​ခံ၍ အမှုန်​့ပြုပြီး ကြာရှည်​သို​လှောင်​ထားနိုင်​ရန်​နှင်​့ သွား​ရေစာများပြုလုပ်​ရာတွင်​လည်​း ကျယ်​ပြန်​့စွာ အသုံးပြုကြသည်​။ မျိုးစိတ်​​ပေါင်​း ​လေးဆယ်​နှင်​့ အထက်​ရှိ​သော ပီ​လောပီနံသည်​အများအားဖြင်​့ အဆိပ်​အ​တောက်​ကင်​းစွာ စားသုံးနိုင်​​သော မျိုးစိတ်​များသာဖြစ်​သည်​။

သင်​့တင်​့​လျောက်​ပတ်​​သော ပတ်​ဝန်​းကျင်​အ​ခြေအ​နေများ

​မြေအမျိုးအစား ။ ။ ​ရေမဝပ်​​သော၊ ရွံ့မြေအမျိုးအစား မဟုတ်​​သော​မြေများတွင်​​ကောင်​းစွာဖြစ်​ထွန်​း နိုင်​သည်​။ ​ရေသွင်​း​ရေထုတ်​​ကောင်​းမွန်​ရန်​လိုအပ်​ပြီး မစိုက်​ပျိုးခင်​​မြေပြင်​ရာတွင်​ဂရုစိုက်​ရန်​လိုအပ်​သည်​။ မစိုက်​ခင်​​လေးလအလိုတွင်​မ​ဖောက်​ထုံး ပိဿာ​ခြောက်​​ထောင်​ကို တစ်​ဧကတွင်​ထည်​့ခြင်​း ဖြင်​့ ပိုမိုအထွက်​နှုန်းကောင်​းမွန်​​အောင်​​မြေကို ပြုပြင်​ထားနိုင်​သည်​။ ​ရေဝပ်​၍ ရွံ့ဆန်​​သော​မြေများတွင်​မူ အချဉ်​ဓာတ်​များ၍ အက်​စစ်ဓာတ်​​ပေါက်​​နေပြီး အလူမီနီယံ များပြား၍ အပင်​ကြီးထွားမှု့နှောင်​့​နှေး​စေပြီး အမြစ်​ဥ များဖြစ်​​ပေါ်မှု့ကို အဟန်​့အတား ဖြစ်​​စေသည်​။​မြေချဉ်​ငန်​ဓာတ်​မှာ ငါးနှင်​့ ငါးခွဲ ရှိရမည်​။ မျိူးအ​ပေါ်မူတည်​၍လည်​း ​ရေဝပ်​ဒဏ်​ခံနိုင်​​သောမျိုး၊ ​ရေနစ်​ဒဏ်​ခံနိုင်​​သောမျိုးဟူ၍ ရှိ​သေးသည်​။

စိုက်​ရာသီတစ်​ရာသီလုံး မိုး​ကောင်​းစွာရရန်​လိုအပ်​သည်​။ အရိပ်​ရခြင်​းကို လုံးဝမနှစ်​သက်​ပါ။ ​နေ​ရောင်​ခြည်​​ကောင်​းစွာရရန်​လိုအပ်​သည်​။ အရိပ်​​အောက်​တွင်​စိုက်​ပျိုးပါက အထွက်​နှုန်းလျော့ကျသည်​။ ၂၅ မှ ၃၀ ဒီဂရီ ဆဲလ်​ဆီးယပ်​စ်​သည်​အ​ကောင်​းဆုံး အသင်​့​တော်​ဆုံး အပူချိန်​ဖြစ်​သည်​။

စိုက်နည်းစနစ်

​မြေပြင်​ရာတွင်​​ပေါင်​းမြက်​ကို ရှင်​းလင်​းပါ။ ထယ်​ထိုးထွန်​​မွှေ တစ်​ကြိမ်​ပြီးပါက ထုံးထည်​့ပါ။ ထပ်​မံ၍ ထယ်​ထိုးထွန်​​မွှေပါ။ စုစု​ပေါင်​း ထယ်​ထိုးထွန်​​မွှေ သုံးကြိမ်​ပြုလုပ်​ရမည်​။ ပြီးလျှင်​အရှည်​လိုသ​လောက်​​ဘောင်​များဆွဲပါ။ ​ဘောင်​အမြင်​့ ၉ လက်​မ နှင်​့ ၁၅ လက်​မ ကြားတွင်​ရှိရမည်​။ တစ်​​ဘောင်​နှင်​့တစ်​​ဘောင်​သုံး​ပေကွာရမည်​။ ​တောင်​​ပေါ်တွင်​စိုက်​ပါက ကွန်​တိုလိုင်​းတ​စ်လျောက်​​ဘောင်​​ဖော်​ပါ။

ရှစ်လမှ တစ်နှစ်သုံးလ ထိအောင် ကောင်းစွာကြီးထွားသော အပင်မှကိုင်းကို ပင်စည် အလည်လောက်တွင် အဆစ်ပေါင်း ကိုးဆစ်မှ ဆယ့်နှစ်ဆစ်ထိ ပါသော ကိုင်းအရှည် ဆယ့်တစ်လက်မ ကိုင်းလေးများ ဖြတ်ပါ။ ဖြတ်ရာတွင် အသုံးပြုသော ကတ်ကြေး၊လွှတို့ကို အိမ်သုံးအရောင်ချွတ်ဆေး တစ်ရာရာခိုင်နှုန်း ဖျော်ထားသော ဆေးရည်ထဲသို့ တစ်ပင်မှ တစ်ကိုင်ဖြတ်ပြီးတိုင်း စိမ်၍ ဆေးပါ။ ဖြတ်ပြီးသား ကိုင်းများကိုမူ မှိူသတ်ဆေး၊ မြေအောင်းသတ်ဆေးများနှင့်စိမ်၍ ထားပါ။

စိုက်ပျိုးပုံ

စိုက်မြောင်းများတွင် ခပ်စောင်းစောင်းအနေအထားတွင်ထား၍ တစ်ကိုင်းနှင့်တစ်ကိုင်း နှစ်ပေခွာ၍ စိုက်ပျိုးပါ။ မြေပေါ်တွင် အတက် သုံးတက်မှလေးတက်ထိ ဖော်၍စိုက်ပါ။ မတ်လမှ အေပရယ်လဆန်းထိနောက်ဆုံး ထား၍ စိုက်ကြသည်။ မစိုက်မီ ပေါင်းသတ်ဆေး အသုံးပြုနိုင်ပါက စိုက်ပြီး တစ်လကြာလျှင် ပေါင်းနှိမ်ရာတွင် သက်သာမည်။ ပေါင်းသတ်ဆေး မသုံးပါက တစ်လတစ်ကြိမ် ပေါင်းနှိမ်ပေးရသည်။

မြေဆီ

စိုက်ပြီးတစ်လခွဲအကြာတွင် N:P:K နိုက်ထရိုဖော့သဖရပ်း ပိုတက်ဆီယမ် ၁၂း၂၄း၁၂ ကို တစ်ဧကလျှင် တစ်ရာ့ငါးပိဿာကို ထည့်​​ပေးပါ။ ပြီးလျှင် စိုက်ပြီး လေးလကြာတွင် N:P:K နိုက်ထရိုးဖော့သဖရပ် ပိုတက်ဆီယမ် ၁၆း၈း၂၄ ကိုပိဿာတစ်ရာကျွေးပါ။ လက်မှန်းနှင့်ဆိုလျှင် တစ်ပင်ကို လက်တစ်ဆုပ်သာလျှင်ကျွေးသည်။ မြေဆီထည့်ရာတွင် အပင်ခြေနှင့် လက်သုံးလုံးခွာပြီး လက်နှစ်ဆစ် အနက် တွင်းသေးသေးယက်၍ ထည့်ပါ။ ကျွေးပြီးသုံးလခွဲကြာလျှင် အပင်ပိုမိုတုတ်ခိုင်လာသည်ကို သိသိသာသာတွေ့ရပြီး ဥ စဥ ပြီဖြစ်သည်။

ပိုးမွှားနှင့်ရောဂါ

သရစ်နှင့်မွှားများက ရာသီဥတု ခြောက်သွေ့လျှင် ပိုမိုကျရောက်တတ်သဖြင့် ရာသီဥတု၊ ပေါ်မူတည်၍ သင့်တော်သော မွှားသတ်ဆေးများသုံးပါ။ ဆိုးရွားစွာ ကျရောက်လေ့မရှိသော်လည်း ကျရောက်ခဲ့ပါက အမြစ်ထိုးပိုးအတွက် ပင်လုံးပြန့် အာနိသင်ရှိသော ဓာတု​ဗေဒ ဆေးကို အသုံးပြုပါ။

လောင်မီးကျရောဂါအတွက်ပုံမှန်သုံးနေကျသော ဆေးများကို အသုံးပြုနိုင်သည်။ Chinch bugs များကျရောက်ခဲ့ပါက မီးထောင်ချောက်များ ချခြင်းကသာလျှင်ကောင်းစွာ နှိမ်နင်းနိုင်မည်ဖြစ်သည်။

ဥများဖော်ခြင်း

စိုက်ပြီး ရှစ်လမှ တစ်နှစ်ကြာတွင် ဥများကို တူးယူနိုင်သည်။ မတူးခင် နှစ်လအလိုတွင် အရွက်ရင့်များကို ဖြတ်တောက်ပေးပါက ပုံမှန် မဖြတ်ထားခြင်းထက် ဆယ်ရာခိုင်နူန်း အထွက် ပိုများသည်။ ဥမဖော်မှီ ပေါင်းမနှိမ်ရပါ။ စိုထိုင်းဆကောင်းစွာ ထိန်းသိမ်းသော ဂုန်နီအိတ် ဂုန်လျော်အိတ်များဖြင့် ထုပ်ပိုးသယ်ယူခြင်းသည် ပီ​လောပီနံ ဥများ၏ လတ်ဆတ်မှုကိုကောင်းစွာ ကြာရှည်ခံစေသည်။

shwe yee linn



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သရက်ဓားထစ်၊ မရန်းတုတ်ပစ်၊ ပိန္နဲခဲပစ်"