အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) - အပိုင်း (၁)

Photo - အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) - အပိုင်း (၁)

၁။ မွေးမြူရေးခြံ

၁.၁  ခြံတည်နေရာ

၁.၁.၁ မွေးမြူရေးခြံအဖြစ်ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုထားသည့် မြေဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်။ လူနေအိမ်များနှင့် နီးကပ်ခြင်းမရှိစေရ။

၁.၁.၂ လျှပ်စစ်ဓာတ်အားရရှိပြီး၊ ရေအရင်းအမြစ်နှင့် လမ်းပန်းဆက်သွယ် ရေးအဆင်ပြေသည့်နေရာတွင်ရှိရမည်။

၁.၁.၃ ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုရှိသည့် ဆောင်းခိုငှက်ကဲ့သို့ တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာဖြစ်ရမည်။

၁.၁.၄ ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းမရှိနိုင်သည့်နေရာတွင် ရှိရမည်။

၁.၁.၅ သားသတ်ရုံများ၊ အခြားတိရစ္ဆာန်များကိုသတ်သည့်နေရာ၊ တိရစ္ဆာန် အရှင်ဈေးကွက်နှင့် အနည်းဆုံး (၃) မိုင်အကွာအဝေးရှိရမည်။

၁.၁.၆ ဘေးအန္တရာယ်ရှိစေသည့် ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့်အဏုဇီဝပိုးမွှားများမှ ကင်းဝေးရမည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမန်းအိုအို ပျိုးပျိုပျို"