အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) - အပိုင်း (၂)

Photo - အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) - အပိုင်း (၂)

၁.၂ မွေးမြူရေးခြံပုံစံ

၁.၂.၁ အလုပ်သမားနားနေခန်း၊ သန့်စင်ခန်း၊ စွန့်ပစ်ပစ္စည်းထားရှိသည့် နေရာ၊ အသေကောင်ဖျက်ဆီးသည့်နေရာ၊ အစာသိုလှောင် ရုံတို့အား စနစ်တကျဖွဲ့စည်းထားရှိရမည်။

၁.၂.၂ လေဝင်လေထွက်ကောင်းပြီး အလွယ်တကူ သန့်ရှင်းဆေးကြောနိုင်သည့် ပုံစံရှိရမည်။ ခြံအဆောက်အဦသည် အရှေ့အနောက် အလျားလိုက်တည်ဆောက်ထားရှိရမည်။

၁.၂.၃ ကြက်ရုံ တစ်ရုံနှင့်တစ်ရုံသည် ရှေ့နောက် / ဝဲယာ ပေ (၅၀) အကွာအဝေးရှိရမည်။

၁.၂.၄ ခြံစည်းရိုးသည် လုံခြုံစိတ်ချရပြီး မွေးမြူရေးခြံအဆောက်အဦနှင့်လုံလောက်သော အကွာအဝေးရှိရမည်။

၁.၂.၅ ခြံအဝင်ဂိတ်ပေါက်နှင့် အထွက်ဂိတ်ရိုက် သီးခြားထားရှိပြီးအဝင် ဂိတ်တွင် ပိုးသန့်စင်ဆောင်ရွက်နိုင်ရန် စီမံထားရှိရမည်။

၁.၂.၆ ရုံတစ်ခုချင်းအတွက် ပိုးသန့်စင်နိုင်ရေး စီမံထားရှိရမည်။

၁.၂.၇ လျှပ်စစ်အန္တရာယ်မှ ကင်းဝေးအောင် စနစ်တကျစီမံထားရှိရမည်။ -

၁.၂.၈ အရေးပေါ်အခြေအနေများအတွက် ကွပ်ကဲနိုင်အောင် စီမံထားရှိရမည်။

၁.၂.၉ ခြံအဝင်လမ်း၊ အထွက်လမ်းနှင့် ခြံအတွင်းလမ်းများသည် လုံလောက်သောအကျယ်အဝန်းရှိရမည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"