မြေထောက်ပဲ စိုက်ပျိုးနည်း

17/10/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ချိန် 

- အောက်တိုဘာလ အတွင်း

- မြန်မာနိုင်ငံတွင် အောင်သီးနှံအဖြစ် စိုက်ပျိုးကြသည်။

မျိုး 

- ဒေသမျိုး (မူရင်းနိုင်ငံ ပီရူးနိုင်ငံ)

- မြေထောက်ပဲကို kidney bean ဟု ခေါ်သည်။ မြေထောက်ပဲနီဟုလည်း ခေါ်ကြသည်။

- မစိုက်မီ မိမိမျိုးကို စမ်းသပ်စိုက်ပျိုးပြီးမှ စိုက်ခင်းတွင် စိုက်သင့်သည်။

- အပင်ပေါက်ချိန် (၇၅ %)ပေါက်သင့်သည်။ တစ်ဧကကို ၁ တင်းခွဲမှ ၂ တင်း စိုက်ကြသည်။ တိုင်ထောင်မျိုးနှင့် ပင်ထောင်မျိုးဟူ၍ (၂) မျိုး ရှိသည်။

မြေပြင်ပုံ

- ထယ် ၂ စပ်၊ စက်ထွန် ၂ စပ်၊ ဂျက် ၂ စပ်၊ အနည်းဆုံး ထွန်ယက် စိုက်ပျိုးသင့်သည်။

- အစိုဓာတ် ၅၀% အထိ ရအောင် ထွန်ယက်ပါ။ (မြေနုကျွန်းပေါ်များ) မြေချဉ်ငံဓာတ် ၅.၅ - ၇ အတွင်း ဖြစ်ထွန်းသည်။ မြေအပူချိန် (၇၀ – ၈၀) ဒီဂရီဖာရင်ဟိုက်) (၂၁ – ၂၇ ဒီဂရီစင်တီဂရိတ်) အတွင်း ဖြစ်သည်။

- လေထုအပူချိန် (၆၅ – ၈၀ ဒီဂရီဖာရင်ဟိုက်) (၁၈ – ၂၇ ဂီဂရီစင်တီဂရိတ်) အတွင်းဖြစ်သည်။

စိုက်စနစ်

- တန်းကြား ၁၂ လက်မ x ပင်ကြား ၂ လက်မ (သို့မဟုတ်) တန်းကြား ၁၅ လက်မ x  ပင်ကြား ၂ လက်မ ကြား သင့်တော်သလို အမျိုးမျိုးစိုက်ပျိုးကြသည်။

- ဒေသ၊ မြေအမျိုးအစားပေါ်လိုက်၍ တန်းကြား ၁ ပေ x ပင်ကြား ၁ ပေ အကွာ ၂ စေ့ မှ ၃ စေ့ စိုက်ပျိုးကြသည်။

အပင်ပြုစုခြင်း

- အပင်ပေါက်ပြီး ၁၅ ရက်လောက်တွင် ပေါင်းထယ်ရေးလိုက်ခြင်း (ပေါင်းပေါက်ခြင်း)၊  ပေါင်းသတ်ဆေးမဖျန်းခြင်းများ ပြုလုပ်ကြသည်။

- ၁၅ ရက်နောက်ပိုင်း ပေါင်းကင်းစင်ရေး အပင်အားဆေး၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ဟိုမုန်းဆေးများကို လိုအပ်သလို ဆေးများ ဖျန်းပေးရသည်။

ပိုး

- မြေထောက်ပဲတွင် လှေး၊ ပျပိုး၊ ပဲထောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်ပိုးများကျရောက်တတ်သည်။

ရောဂါများ

- မြေထောက်ပဲတွင် ခါးရိ၊ မှဲ့ပြောက်စွန်း၊ ရွက်ပြောက်၊ သံချေး၊ ပင်ခြေပုပ်၊ မှိုဖြူ စသည် ရောဂါများ ကျရောက်တတ်သည်။

ပါဝင်သည့်ဓာတ် 

- ဖောလစ်အက်စစ်၊ ဗီတာမင်ဘီစစ်နှင့် မန်ဂနီစီယမ်ဓာတ်၊ ဇင့်၊ ပရိုတင်းများစွာ ပါတင်သည်။

အသုံးပြုပုံ

- သီးတောင့်နုများကောက်၍ ဟင်းသီးဟင်းရွက်အဖြစ် ကြော်ချက်စားသောက်ကြသည်။

- သီးတောင့်နုများကို စျေးကွက်တွင် ဘိုစားပဲကဲ့သို့ စားသုံးနိုင်သည်။

- သီးတောင့်များ ရင့်မှည်လျှင် ကောက်ပြီး ပြုတ်၍ ချက်၍ ကြော်၍ အမျိုးမျိုးချက်ပြုတ်စားကြသည်။

ပြည်ပနိုင်ငံတင်ပို့မှု

- တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ နိုင်ငံများနှင့် အခြားနိုင်ငံများသို့လည်းတင်ပို့ကြသည်။ နှစ်စဉ်တန်ချိန် ၂၅၀၀ ကျော်တင်ပို့ရသည်။

စိုက်ပျိုးသည့် ဒေသ 

- နှစ်စဉ်စိုက်ဧက နှစ်သောင်းခန့် စိုက်ပျိုးပါသည်။ စျေးကောင်းလျှင်တိုး၍ စိုက်ပျိုးကြသည်။

- ကချင်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။

ခုတ်သိမ်းခြင်း

- မျိုးနှင့် စိုက်ပျိုးသည့် နေရာဒေသအပေါ်မူတည်၍ (၁၀၀ -၁၄၀) ရက်အတွင်း ခုတ်သိမ်းရသည်။

- အတောင့်များ ခြောက်သွေ့ပြီး အစိမ်းရင့်ရောင်အတောင့်များ မကျန်မှ စိုက်သိမ်းရမည်။

အကိုးအကား - စိုက်ပျိုးရေးဦးစီးဌာန၊ ဇော်ဝင်းထွန်း၊ The Farmer media၊ awba၊ အင်တာနက်

အစိမ်းရောင်လမ်း၏ အမေးအဖြေကဏ္ဍမှ ဝင်ရောက်ဆွေးနွေးပေးသော တောင်သူဦးကျော်ကျော်ဝင်း၏ စာစောင်ကို ဂုဏ်ယူစွာဖြင့် ပြန်လည် ဖော်ပြပါသည်။ တောင်သူ ဦးကျော်ကျော်ဝင်းသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ တောင်သူတစ်ဦးဖြစ်ပါသည်။