အထွက်လည်းတိုးစေ အမြတ်လဲဖြိုးဝေ

21/09/2018 11:30 AM တွင် မင်းသူသူကို မင်းသူသူကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 စိုက်ပျိုးရေးဟူသော စကားလုံးလေးသည် ရိုးရှင်းသလို နားလည်ရန်လွယ်ကူသော်လည်း လက်တွေ့နဲ့ သိပ်ကွာ ခြားလှသည်။ သီးနှံတစ်ခု၏ အရည်အသွေးကောင်းဖို့၊ အထွက်နှုန်းတိုးဖို့အတွက် မိရိုးဖလာဖြင့် စိုက်ပျိုးခဲ့ခြင်း သည် တောင်သူတို့၏ဘဝကို မခမ်းနားစေခဲ့သောကြောင့် ခေတ်မီနည်းပညာဖြင့် ပံ့ပိုးစိုက်ပျိုးလာကြပါသည်။ ထိုခေတ်မီနည်းပညာများထဲတွင် အပင်အရည်အသွေးကောင်းရန်၊ အထွက်နှုန်းတိုးစေရန်၊ ပိုမွှားရောဂါများကို ခံနိုင်ရည်ရှိစေရန်အတွက် ဓာတုပိုးသတ်ဆေးများ၊ မြေသြဇာများ၊ ပေါင်းသတ်ဆေးများ ကိုသုံးစွဲလာကြပါသည်။ ထိုအစွမ်းထက်သော ဓာတုဆေးဝါးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဓာတုဓာတ်ကြွင်းများသည် ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကြီးကို ခြောက်လှန့်နေသည်မှာ ရုပ်ရှင်ရိုက်နေသလို အိမ်မက်မက်နေသလို မဟုတ်ပါ။ တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရသည် ဆိုသော်ငြားလည်း သီးနှံအထွက်တိုးအရည်အသွေးကောင်းရန်အတွက် မိမိ ပတ်ဝန်းကျင် ကမ္ဘာကြီးကို စွန့်လွှတ်လိုက်ရမည်ဆိုပါက သိပ်အန္တရာယ်ကြီးကြောင်း silent spring စာအုပ်ဖြင့် ရေချယ်ကာဆန်(Rachel Carson) ပြောပြသွားခဲ့သေးသည်။ ယနေ့တွင် ဓာတုအသုံးပြုခြင်းကို ဆန်းသစ်လာ သောနည်းပညာများဖြင့် ပြုလုပ်ထားသည့် အော်ဂဲနစ်မြေသြဇာများ၊ ပိုးသတ်ဆေးများအပြင် ကိုယ်တိုင် အလွယ် တကူ ပြုလုပ်လို့ရတဲ့ပစ္စည်းများဖြင့် ဓာတုကိုလျှော့ချအသုံးပြုနိုင်ပြီဖြစ်သည်။

အော်ဂဲနစ်မြေသြဇာများမှရရှိနိုင်သောအကျိုးကျေးဇူးများမှာ

() အော်ဂဲနစ်မြေသြဇာများတွင် အော်ဂဲနစ်မက်တာများ (organic matter) ကြွယ်ဝခြင်းကြောင့် မြေသား ကောင်းမွန်စေခြင်း၊ ရေထိန်းစွမ်းအားကောင်းမွန်စေခြင်း

() မြေကြီးထဲတွင်ရှိသော အကျိုးပြုအဏုဇီဝ ပိုးမွှားများ၏ လုပ်ဆောင်ချက်များအား တိုးတက်စေခြင်း

() ပတ်ဝန်းကျင်နှင့်ကမ္ဘာမြေကြီးကို ရေရှည်တည်တံ့စေခြင်း

() ဓာတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေးကဲ့သို့ စျေးကြီးပေးဝယ်စရာမလိုဘဲ အကုန်အကျ သက်သက်သာ သာဖြင့် ဓာတုလျှော့ချနိုင်ခြင်း

() အပင်ထိခိုက်မှုနည်းစေခြင်း

() အစားအစာကို လုံခြုံစိတ်ချစွာ စားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါသည်။

ထို အော်ဂဲနစ်ဆေးများထဲတွင် အပင်အတွက် အကျိုးရှိသည့် အမိုင်နိုအက်စစ် (Amino Acid) အကြောင်းကိုလည်း ပြောပြချင်ပါသေးသည်။

အမိုင်နိုအက်စစ်သည်
() အပင်တစ်သျှူးများတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော၊ အင်ဇိုင်းဖြစ်စဉ်များနှင့် လှုံဆော်ပေးခြင်း၊ အပင်အဟာရသယ်ယူပို့ဆောင်ခြင်း၊ အပင်အတွက် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များကို ပြုလုပ်ပေး နေသော ပရိုတိန်း(proteins) တည်ဆောက်မှု၏ အခြေခံ အထောက်အပံ့တစ်ခုဖြစ်ပါသည်။

() သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်သော အပူချိန်မြင့်မားခြင်း၊ စိုထိုင်းမှု လျော့ကျခြင်း၊ ဆီးနှင်းများဖုံးလွှမ်း ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်း စသည့် အခြေအနေမျိုးများဖြစ်ပေါ်ခြင်း မတိုင်မီ/ ဖြစ်နေစဉ်/ ဖြစ်ပြီး နောက် အသုံးပြုခြင်းသည် ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်နလံထူစေခြင်းများအတွက် ကောင်းမွန်စေသည်။

() အပင်တို့၏သဘာဝသည် ၎င်းတို၏အရွက်များရှိ ကလိုရိုဖီးလ်များမှ အလင်းမှီစု အစာချက်လုပ်ခြင်း ဟု ခေါ်သော နေရောင်ခြည်၏ အလင်းကို ရယူ၍ အစာချက်လုပ်ကြပါသည်။ အမိုင်နိုအက်စစ်သည် ကလိုရိုဖီးလ် ပါဝင်မှုနှင့် အလင်းစုပ်ယူမှုကို တိုးမြှင့်ပေးပါသည်။

() ရေရရှိမှုကိုထိန်းညှိပေးသော၊ အပင်အဟာရစုပ်ယူမှုကို ထိန်းညှိပေးသာ အပင်အတွင်းရှိ လေရှုအပေါက် များ၏ လုပ်ဆောင်ချက်များကိုလည်း ကောင်းမွန်စေပါသည်။

() အမိုင်နိုအက်စစ်သည် အနည်းလိုဓာတ်အဟာရဓာတ်နှင့် ပိုမိုသက်ရောက်မှုရှိပါသည်။ အနည်းလိုအဟာရ ဓာတ်နှင့် အမိုင်နိုအက်စစ် တွဲဖက်အသုံးပြုပါက အပင်အတွင်းသို့ စုပ်ယူခြင်း၊ သယ်ယူပို့ဆောင်းခြင်းများကို လွယ်ကူစေပါသည်။

() ရင့်မှည့်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စသည်တို့ကိုဖြစ်စေသော အပင်ဟော်မုန်းများကို လှုံဆော်ပေး သည်။

() ဝတ်မှုန်ကူးခြင်းနှင့် အသီးဖြစ်ပေါ်မှုကိုလည်း တားဆီးပေးသည်။

ယခုအခါ ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Manda Myanmar ကုမ္ပဏီ မှ ၎င်းအမိုင်နိုအက်စစ် အဓိက ပါဝင်သည့် အော်ဂဲနစ်မြေသြဇာများကို ဖြန့်ဖြူရောင်းချလျှက်ရှိပါသည်။ Manda Myanmar ကုမ္ပဏီသည် နိုင်ငံ ၁၂ နိုင်ငံတွင် မူပိုင်ခွင့်တင်ထားပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်တည်ထောင်ကာ ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားသော လူထုအကျိုးပြု ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ပူးပေါင်း၍လည်း စပါးနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် သုတေသနများ ပြုလုပ် လျှက်ရှိနေပါသည်။ ပြုလုပ်ပြီးသော သုတေသနရလဒ်များအရ Manda Myanmar မှာ အပင်များ၏ ရှင်သန်မှု ခွန်အားကို တိုးတက်စေရုံသာမက အပင်များကျန်းမာသန်စွမ်းကာ သီးနှံများ ကြာရှည်သိုလှောင် အထားခံနိုင် ကြောင်း တွေ့ရှိရသည်။ ပိုးမွှားရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ပိုးသတ်ဆေးအသုံးပြုမှုမှ လျှော့ချ နိုင်ပြီး တောင်သူများလိုအပ်နေသော ဓာတုကင်းလွတ် စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ Manda Myanmar အော်ဂဲနစ်သဘာဝ မြေသြဇာကို သုံးစွဲခြင်းအားဖြင့် လိုအပ်နေသော အော်ဂဲနစ်လမ်း ကြောင်းပေါ်သို့ မှန်ကန်စွာရောက်ရှိနိုင်ပြီး ကျန်းမာသန်စွမ်းပြီး အရည်အသွေးကောင်း၊ အထွက်ကောင်းသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ကြကာ ဝင်ငွေများတိုးပွားကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

Min Thu Thu Ko

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်