ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေး

Photo - ပင်လုံးပြန့်ပိုးသတ်ဆေး

ဒီတစ်ခါတော့ လွယ်လွယ် ကူကူ ဖျော်စပ် အသုံးပြု နိုင်တဲ့ ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေး တစ်မျိုး ကို ဖော်ပြပေး လိုက်ပါတယ်။ Green Way ရဲ့ Facebook Page မှာလည်း စိုက်ပျိုးသူ တစ်ယောက်က မေးထား တာနဲ့ အားလုံး အတွက် လည်း အသုံးဝင် နိုင်မယ်လို့ ယူဆပြီး ရေးသား လိုက်ရပါတယ်။

ပါဝင်သောပစ္စည်း

ကြက်သွန်ဖြူ - ၃ ကျပ်သား

ရေနံဆီ - (၁-၂) ဇွန်း

ငရုပ်သီးစိမ်းအရင့် - ၁ ကျပ်ခွဲသား

ဂျင်း - ၁ ကျပ်ခွဲသား

ရေ - ၃ လီတာ (ရေသန့်ဗူး ၃ ဗူး)

ပြုလုပ်ပုံ နှင့် သုံးစွဲနည်း

·         ကြက်သွန်ဖြူ (၃) ကျပ်သားကို ညက်အောင် ထောင်းပြီး ရေနံဆီ (၁)ဇွန်း နှင့် တစ်ည စိမ်ပါ။

·         ငရုပ်သီးစိမ်းရင့် တစ်ကျပ်ခွဲသား နှင့် ဂျင်း တစ်ကျပ်ခွဲသား ကို ညက်အောင် ထောင်းထားပါ။

·         ရေ (၁) လီတာ မှာ ရွှေဝါဆပ်ပြာ ကွမ်းသီးလုံးခန့် ကို ရော၍ ဖျော်ပါ။ (အရည်-၁)

·         ကြက်သွန်ဖြူ နှင့် ရေနံဆီ အရောကို ရေ (၁)လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၂)

·         ထောင်းပြီးသား ငရုပ်သီးစိမ်း နှင့် ဂျင်း အရောကို ရေ (၁) လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၃)

·         အရည် သုံံးမျိုးလုံးကို ရောစပ်၍ ပိုးကျသော စိုက်ခင်းမှာ ပက်ဖျန်း နိုင်ပါသည်။

·         ပင်လုံးပြန့် အာနိသင်ရှိ၍ သီးလုံး ဖောက်ပိုး၊ ထွာကောင်၊ ခူကောင် များ အတွက် အထူး သင့်တော် သောဆေး ဖြစ်ပါသည်။

 

မှတ်ချက်။ ။ ရေ ထပ်ရော စရာ မလိုပဲ အသင့် ပက်ဖြန်း နိုင်သည့် အသင့်သုံး ပိုးသတ်ဆေး ဖျော်ရည် အမျိုး အစား ဖြစ်ပါသည်။ Green Way အတွေ့ အကြုံ အရ ခြံ ကျဉ်းကျဉ်း လေးမှာ သာ ပက်ဖြန်း ဖူး ပါ သည်။ အောင်လည်း အောင်မြင်ပါသည်။ ဧက အကျယ် ကြီးများ အတွက် မူ မိမိ ကိုယ်တိုင် စမ်းသပ် ပြုလုပ် နိုင် ပါသည်။ မိမိ တို့ အတွေ့ အကြုံ ကို လည်း ပြန်လည် ဝေမျှ ပေးစေ လိုပါသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဝါးပင်၊ ကျူပင်၊ ငှက်ပျောပင် သီးလျှင် မုချ သေကြရ"