သရက်ပန်းပွင့်ချိန်နီးကပ်လာသဖြင့် သရက်ခြံများအနေဖြင့် လိုအပ်သည့်စောင့်ရှောက်မှုများ စတင်ပြုလုပ်ပေးသင့်

20/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုကာလသည် သရက်ပန်းပွင့်ချိန်သို့ တစ်စစနီးကပ်လာပြီဖြစ်သဖြင့် သရက်ခြံများအနေဖြင့် လိုအပ်သည့် အပင်စောင့်ရှောက်မှုများဖြစ်သည့် ရေ၊ မြေဆီနှင့် အပင်ဆေးဝါးများကျွေးမွေးခြင်း (အရပ်အခေါ် ) အပင်နှိုးခြင်းနှင့် အဖူးထုတ်ခြင်းများကို စတင်ပြုလုပ်ပေးသင့်ကြောင်း မြန်မာ့သရက်၊ ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

သရက်ပန်းပွင့်ဖို့အချိန်တွေက နီးကပ်လာပါပြီ။ ပန်းပွင့်ချိန်နီးကပ်လာသလို သရက်ပင်အတွက် ဒုတိယအကြိမ် အစာကျွေးရပါတော့မယ်။ ပန်းမပွင့်ခင် တစ်လအလိုမှာ စကျွေးရမှာပါ။ နောက်ပြီး သရက်ပန်းမပွင့်ခင် ၂ လ အလိုမှာ ရေပေးတာကို စဖြတ်ပါမယ်။ တစ်လအလိုမှာတော့ ရေပြန်ပေးရင်းနဲ့ မြေဆီပါ တစ်ခါတည်း ကျွေးမွေးပေးရပါမယ်။ ဒီလိုလုပ်ပေးမှသာ သရက်ပင်အတွက်လိုအပ်တဲ့ ပန်းဖူးအား၊ ပန်းပွင့်အားနဲ့ အသီးတင်အားတွေ ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ဟု မြန်မာ့သရက်၊ ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးမြင့်မော် က ပြောသည်။

     အပင်များကို မြေဆီမြေဩဇာကျွေးမွေးရာတွင် အပင်အမျိုးအစားနှင့် သက်တမ်းအလိုက် ထည့်သွင်းကျွေမွေးရမည့် အချိုးအစားပါဝင်သည့် မြေဆီမြေဩဇာအမျိုးအစားကို မှန်ကန်စွာရွေးချယ်ရန်၊ ကျွေးမွေးသည့်အချိန် တိကျမှန်ကန်ရန်၊ ကျွေးမွေးသည့်ပမာဏမှန်ကန်ရန်၊ ကျွေးမွေးသည့်နေရာ မှန်ကန်မှုရှိစေရန် အဓိကအရေးကြီးကြောင်း စိုက်ပျိုးရေးပညာရှင်ကြီးများက ဆိုထားသည်။

စိုက်ပျိုးရေးပညာရှင် ဆရာကြီးဦးဖရက်သိန်းဖေကတော့ မှန် ၄ မှန်နဲ့ အပင်တွေကို အစာကျွေးသင့်တယ် လို့ ဆိုထားပါတယ်။ အခုဆိုရင် ပန်းပွင့်ချိန်နီးနေပြီး အဖူးအပွင့်အတွက်ဆို အလယ်အချိုးကြီးတဲ့ မြေဆီ (1:3:1) လိုမျိုးကို ကျွေးသင့်ပါတယ်။ အချိုးအစားလည်းမှန်ပြီး ကုန်ကျစရိတ်သက်သာမယ်လို့ ယူဆရတဲ့ DAP (18:46:0) နဲ့ မာကိုတာပိုတက် (0:0:60) ကို ဆတူရောပြီး ငါးနှစ်သား သရက်တစ်ပင်ကို ၅၀၀ g နှုန်း ကျွေးမွေးပေးနိုင်ပါတယ်။ ဘာဖြစ်လို့ DAP သုံးရလည်းဆိုရင် အပင်ကို P - မီးစုန်းဓာတ် မြန်မြန်ရစေချင်လို့ပါ။ ကိုယ့်ဒေသပန်းပွင့်ချိန်နဲ့ ချိန်ကိုက်ပြီး ၀:၅၂:၃၄ (အဖူးအပွင့်အသီးအားပေးတဲ့ မြေဆီအမျိုးအစား) ရွက်ဖျန်းအားဆေးကို ဆယ်ရက်တစ်ကြိမ်နှုန်းနဲ့ သုံးကြိမ်ကနေ ငါးကြိမ်အတွင်း ဖျန်းပေးသင့်ပါတယ်။ ကိုယ့်ဒေသပန်းပွင့်ချိန်မရောက်ခင် ၁၅ ရက်အလိုလောက်မှာတော့ KNO3 (13:04:62) % (သို့) သိုင်အိုယူရီးယား 0.5% တို့ကို ဖျန်းပေးသင့်ပါတယ်။ အဲ့ဒါမှ အဖူးအားကောင်းစေမှာပါ။

ဟု ဦးမြင့်မော် က ဆက်လက်ပြောသည်။

    သရက်ခြံစိုက်ပျိုးသူများအနေဖြင့် သွင်းအားစုကုန်ကျစရိတ်များကို အတတ်နိုင်ဆုံးလျော့ချနိုင်မှသာ စိုက်ပျိုးကုန်ကျစရိတ် (အရင်း) နှင့် ဈေးကွက်ရောင်းချပြီး ကျန်ရှိငွေ (အမြတ်) တို့ တွက်ချေကိုက်နိုင်မည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်