လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ

14/09/2023 19:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်း(INVEST-96B)က တည်ရှိနေဆဲဖြစ်ပါတယ်။

ဆိုတော့နောက်လာမယ့် ၃ ရက်အတွင်းမှာ

မိုးများနိုင်မည့်ဒေသများ (မိုးရေချိန် ၅ လက်မနှင့်အထက်ရွာနိုင်)

- တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း (မော်လိုက်-ကလေး-တန့်ဆည်-ရေဦး-ရွှေဘိုမြို့နှင့် အောက်ပိုင်းဒေသများ)၊ မန္တလေးတိုင်းအောက်ပိုင်း(မန္တလေးမြို့နှင့်အောက်ဘက်ဒေသများ)

မိုးနည်းနိုင်မယ့်ဒေသတွေက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေဖြစ်ပြီး ၃ ရက်အတွင်း မိုးရေချိန် ၀.၆ လက်မမှ ၀.၀၈ လက်မအထိသာရွာသွန်းနိုင်ပါမယ်။

Photo - ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်