မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်ပေါ်မှာ ဖြစ်နေတဲ့ လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)နဲ့ IOD Positive phase အခြေအနေက ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ ဆက်ပြီးတည်ရှိနေတုန်းပါပဲ။
ဘင်္ဂလားပင်လယ်အော်ရဲ့ လေထုအလွှာတွင်းမှာ ရေခိုးရေငွေ့ဖြစ်ပေါ်ပါဝင်နေတဲ့အခြေအနေကလည်း မြင့်နေဆဲဖြစ်ပါတယ်။
ဆိုတော့ နောက် ၃ ရက်အတွင်းဖြစ်ပေါ်နိုင်မယ့် မိုးလေဝသအခြေအနေဟာဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာ နေရာလပ်မကျန် မိုးဆက်ရွာနေပါဦးမယ်။
ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီခွဲမှ ဩဂုတ်လ ၂၇ ရက် ညနေ ၃ နာရီခွဲအထိ (နောက်လာမဲ့ ၇၂ နာရီ ၃ ရက်အတွင်း)
တစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါမယ်။ နေရာတချို့မှာကွက်ပြီး မိုးနည်းနိုင်ပေမဲ့ နေရာတချို့မှာတော့ မိုးကြီးနိုင်မယ့်အခြေအနေရှိနေပါတယ်။
၃ ရက်အတွင်းမိုးရေချိန် ၅ မီလီမီတာ(၀.၁၉ လက်မအောက်)သာ ရွာနိုင်မည့်ဒေသများ (မိုးနည်းနိုင်မည့်ဒေသများ)
- မကွေးတိုင်း မုန်းချောင်း၊ ချောင်းဖျားပိုင်း သံဆယ်၊ မယ်ဇလီ၊ ပွင့်ဖြူ၊ ကံမ၊ မြိုင်၊ ပခုက္ကူ၊ ရေစကြို
- မန္တလေးတိုင်း ညောင်ဦး၊ ငသရောက်၊ တောင်သာ၊ မြင်းခြံ၊ နထိုးကြီး၊ ကူမဲ၊ မြစ်သား
- စစ်ကိုင်းတိုင်း မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ညောင်ပင်သာ၊ ပုလဲ
အခုဒေသများအပါအဝင် မိုးနည်းရေရှားဒေသအချို့မှာ မိုးရွာပေမဲ့ မိုးရေချိန်အားဖြင့်နည်းနေပြီး လေပြင်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်နေနိုင်ပါတယ်။ နေ့အပူချိန်တွေက ၃၃ °C နဲ့ ၃၄ °C ဝန်းကျင်မှာရှိနေနိုင်ပါမယ်။
၃ ရက်အတွင်း မိုးရေချိန် ၄၀ မီလီမီတာ မှ ၈၀ မီလီမီတာ(၁.၅၇ လက်မ မှ ၃.၁၅ လက်မအထိ) ရွာနိုင်မည့်ဒေသများ (မိုးများနိုင်မည့်ဒေသများ)
- ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း
ဒီဒေသတွေမှာတော့ လေပြင်းတိုက်ပြီး မိုးလည်းသည်းနိုင်ပါမယ်။
၃ ရက်အတွင်း မိုးရေချိန် ၈၀ မီလီမီတာအထက်(၃.၁၅ လက်မ အထက်)ရွာသွန်းနိုင်မည့်ဒေသများ (မိုးအလွန်များနိုင်မည့်ဒေသများ)
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း (အနောက်ဘက် ကမ်းရိုးတန်း)၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကချင်ပြည်နယ် တို့ပဲဖြစ်ပါတယ်။ မိုးသက်လေပြင်းကျရောက်နိုင်ပြီး မိုးသည်းထန်နိုင်ပါမယ်။ မိုးသက်လေပြင်းကျတဲ့အချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိ ရှိနိုင်ပါတယ်။
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။