လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ

04/09/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်နဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေပေါ်မှာ လေဖိအားနည်းချိုင့်ဝှမ်း (TROUGH) က ဆက်ပြီး ရှိနေပါတယ်။ နောက်လာမယ့်  ၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်ချေကတော့ ၃၀% ခန့်သာရှိပြီး မုန်တိုင်းဖြစ်နိုင်ချေ (ထူးခြားမိုးလေဝသအခြေအနေ) လျော့ကျလာတာတွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းချိုင့်ဝှမ်းကြောင့် မုတ်သုံလေအားကတော့ ဆက်လက်ကောင်းနေပါဦးမယ်။ 

ဒီအခြေအနေတွေကြောင့် - မြန်မာနိုင်ငံကမ်းရိုးတန်းဒေသအားလုံးမှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ပါမယ်။ လေပြင်းတစ်နာရီ မိုင် ၃၀ ကျော်နဲ့ လှိုင်းအမြင့် ၇ ပေမှ ၈ ပေခန့်အထိရှိနိုင်ကြောင်းတွေ့ရတာကြောင့် ပြီးခဲ့တဲ့ ၃ ရက်က ကြိုတင်ခန့်မှန်းချက်ထက်အနည်းငယ်လျော့သွားပါတယ်။

လာမည့် ၃ ရက်အတွင်း မိုးများနိုင်သည့်ဒေသများ (စက်တင်ဘာလ ၄ ရက် ညနေ ၃ နာရီခွဲမှ - ၇ ရက် ညနေ ၃ နာရီခွဲအထိ ၇၂ နာရီအတွင်း) (မီလီမီတာ ၁၀၀ နှင့်အထက်)

မီလီမီတာ ÷ ၂၅.၄ = လက်မ

  • ရခိုင်ပြည်နယ် - ရမ်းဗြဲကျွန်း (ကျောက်ဖြူ)၊ မာန်အောင်ကျွန်း (အထက်ပြင်၊ ချင်းလှောင်ကွင်း၊ ဆားချက်၊ ကအီ၊ မိန်းမကွဲ)၊ ရဲကျွန်း(မြောက်)၊ တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ ဂွ။
  • ဧရာဝတီတိုင်းအနောက်ဘက် -ကမ်းရိုးတန်းအပန်းဖြေကမ်းခြေများ၊ ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ အလယ်ပေါက်၊ လပွတ္တာ၊ ဓနိချောင်း၊ ဇီးဖြူဆိပ်၊ ချောင်းကြီး၊ ချောင်းစု၊ ရွဲ၊ ကွင်းသုံးဆင့်၊ ပြင်စလူ၊ အောင်လှိုင်၊ ရေကျော်ကြီး၊ အုန်းပင်။
  • ရန်ကုန်တိုင်း - တောင်ပိုင်းခရိုင် ကျောက်တန်း။
  • ပဲခူးတိုင်း - တောင်ဘက် မုတ္တမကွေ့ကမ်းရိုးတန်းဒေသများ။
  • မွန်ပြည်နယ်- တောင်စွန်း၊ ဒုံဝန်း၊ သထုံ၊ ဘီလူးကျွန်း-ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ကမာဝက်၊ လမိုင်း၊ ရေး၊ ကလိန်အောင်။
  • ကရင်ပြည်နယ် - မအူ၊ ကြာအင်းဆိပ်ကြီး၊ ကွင်းကလေး၊ ကျိုက်ဒုံ၊ အဇင်း၊ သမိန်ဒွတ်၊ ကော့ဘိန်း၊ ကျုံဒိုး၊ ကော့ကရိတ်၊ အိန္ဒု၊ သာမည၊ ဒေါ်လန်း၊ ဘားအံ၊ ဗျက္ခ၊ ကြက်တူရွေး၊ ပိုင်ကျုံ၊ ထီလုံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း။
  • တနင်္သာရီတိုင်း - ထားဝယ်၊ လောင်းလုံ၊ ပလောက်၊ အလယ်ချောင်း၊ မြိတ်၊ တောင်ရှည်၊ မြိတ်ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်း။

 

လာမယ့် ၃ ရက် အတွင်း အလယ်ပိုင်းမိုးနည်းရေရှားဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ နေရာကွက်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ (မိုးများမယ့်ဒေသတွေမှာ ၁၅ - ၉၀ မီလီမီတာ )

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ ၁၅ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးလျော့နည်းနေပါမယ်။

မိုးဇလကတင်ပေးထားတဲ့ ၂၄ နာရီ မြစ်ရေအခြေအနေဇယားမှာတော့ ချင်းတွင်းမြစ်အထက်ပိုင်း၊ ဧရာဝတီမြစ်အထက်ပိုင်းတွေမှာ မိုးအားလျော့နည်းပြီး မြစ်ရေပြန်ကျလာတာတွေ့ရပါတယ်။ မြစ်အောက်ဘက်တွေမှာတော့ ရေဆက်တိုးနေပါသေးတယ်။

Photo- ဦးဝင်းနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဆွေးနွေးချက်များ

ဆွေးနွေးရန်