အစိမ်းရောင်လမ်း
လွန်ခဲ့သော ၁ နာရီ က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

You
1,254
လွန်ခဲ့သော ၁ နာရီ က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

You
1,254
လွန်ခဲ့သော ၁ နာရီ က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
3,861
လွန်ခဲ့သော ၅ နာရီ က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

261,640 လွန်ခဲ့သော ၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun)

You
10
လွန်ခဲ့သော ၈ နာရီ က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

261,640 လွန်ခဲ့သော ၄ နာရီ က

ပဲကြီး စိုက်ပျိုးနည်း

You
2,563
လွန်ခဲ့သော ၉ နာရီ က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
You
15
လွန်ခဲ့သော ၉ နာရီ က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
261,640 လွန်ခဲ့သော ၄ နာရီ က

စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။

You
1,569
လွန်ခဲ့သော ၂၀ နာရီ က · အုတ်ဖို

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Post image
Post image
Post image
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၂၀ နာရီ က

မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants

You
ဖြေလည်သော အဖြေရရှိပြီး
19
လွန်ခဲ့သော ၂၃ နာရီ က · ဝက်လက်

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

261,640 လွန်ခဲ့သော ၁၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ

You
32
လွန်ခဲ့သော ၁ ရက် က · တံတားဦး

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

1,569 လွန်ခဲ့သော ၁ ရက် က

ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်း‌ေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း

You
39
လွန်ခဲ့သော ၁ ရက် က · ရွာငံ

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

39 လွန်ခဲ့သော ၁ ရက် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။​ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

Post image
326 လွန်ခဲ့သော ၁၀ နာရီ က

အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ

1,569 လွန်ခဲ့သော ၁ ရက် က

ဆေးလောင်တာ

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ

Post image
Post image
Post image
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။

326 လွန်ခဲ့သော ၁ ရက် က

အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ

You
103
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Post image
Post image
1,569 လွန်ခဲ့သော ၁ ရက် က

မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။

You
32
လွန်ခဲ့သော ၁ ရက် က · ပုသိမ်ကြီး

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။

You

မေးခွန်း

241
လွန်ခဲ့သော ၅ နှစ် က · မိုးနဲ

ပဲပုပ်

ပဲပုပ်စိုက်ပျိုးနည်း
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၅ နှစ် က

ပဲပုပ်(Soybean) စိုက်ပျိုးနည်း ပဲပုပ်အား အင်္ဂလိပ် ဘာသာအားဖြင့် “Soybean” သို့ “Soya bean” ဟုခေါ်သည်။ သိပ္ပံ အမည်မှာ Glycine max (L) Merrဖြစ်သည်။ “Soy” နှင့် “Soya”သည် ဂျပန် အသံထွက် shōyuမှ ဆင်းသက်လာသည်။ ပဲမျိုးနွယ်ဝင် အပင်ဖြစ်ပြီး မူရင်းပေါက်ရောက်ရာ ဒေသသည် အရှေ့အာရှ (တရုတ်၊ ဂျပန်၊ ကိုးရီးယား) ဟု ညွှန်းဆိုထားသည်။ ကမ္ဘာတွင် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနား နိုင်ငံ တို့ဖြစ်သည်။ ကမ္ဘာ့ ပဲပုပ် အထွက်နှုန်းကောင်းသော နိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံပင်ဖြစ်သည်။ ပဲပုပ်အား စားသောက်မှု ပုံစံ အမျိုးမျိုးဖြင့် ထုတ်လုပ် သုံးစွဲကြသည်။ ပဲပုပ်သည် အသားဓာတ် ကြွယ်ဝသည်။ ပဲပုပ်မှ ရရှိသော ဆီကို ချက်ပြုတ်ရန်အတွက် သုံးနိုင်သည်။ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်ရာတွင် အရေးပါသောကြောင့် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ကပင် ပဲအစား ဆီထွက်သီးနှံ အဖြစ် သတ်မှတ်ထားသည်။ လယ်မြေပေါ်တွင် စပါးရိတ်သိမ်းပြီးနောက် ပဲပုပ်သီးနှံကို လက်ကျန် အစိုဓာတ်ဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ပဲပင်၏ အမြစ်များသည် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သည်။ ဤထဲမှ အချို့သည် မြေဆီလွှာတွင် ကျန်ရစ်သည်။ ပဲပုပ်ကို စပါးနှင့် အလှည့်ကျ စိုက်ပျိုးခြင်းဖြင့် ပိုးမွှား ရောဂါ ကျရောက်ခြင်းကို သီးနှံ နှစ်မျိုးလုံးတွင် လျော့နည်းစေသည်။ (၁) ရာသီဥတုလိုအပ်ချက် ပဲပုပ်သည်နွေးပြီး စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ ၂၆နှင့်၃၂ ဒီဂရီ စင်တီဂရိတ်သည် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပြီး ၂၀ ဒီဂရီ စင်တီဂရိတ်အောက်နှင့် ၄၀ ဒီဂရီ စင်တီဂရိတ် အထက် အပူချိန်များသည် အပင်ဖြစ်ထွန်းမှုကို အဟန့်အတား ဖြစ်စေသည်။ မြေကြီး အပူချိန်သည် ၁၆ ဒီဂရီ စင်တီဂရိတ်တွင် အညှောင့်ပေါက်ရန် အကောင်းဆုံးဖြစ်ပြီး သန်စွမ်းသော အပင်ပေါက်များဖြစ်စေသည်။ မိုးရေချိန် ၂၄ လက်မနှင့် ၆၀လက်မ အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။ (၂) မြေအမျိုးအစားနှင့်မြေပြုပြင်ခြင်း မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီးမြေဆွေး ပါဝင်မှုများသော၊ ဖွယ်သော မြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေချဉ်ငံ ကိန်းအားဖြင့် ၅.၅ နှင့် ၇.၅ အကြား ဖြစ်သည်။ မြေချဉ်ငံကိန်းသည် ၆-၇ ကြားရှိပါက အကောင်းဆုံး ဖြစ်သည်။ မြေချဉ်ငံကိန်း ၇.၅ ထက်များသောမြေများတွင် အပင် အညှောင့်ပေါက်ခြင်း ညံ့ဖျင်းမည် ဖြစ်သည်။ မြေချဉ်ငံကိန်း ၅.၅ ထက်နည်းပါက စိုက်ခင်းအား ထုံး (မဖောက်ထုံး) ထည့်ပေးရန် လိုအပ်ပါသည်။ ရေဝပ်သောမြေများသည် အပင်ကို ဒုက္ခပေးတတ်သောကြောင့် ရေဆင်းကောင်းအောင် သေချာဆောင်ရွက်ပေးရမည်။ မြေပြင်ချိန်တွင် နွားချေး(သို့) သဘာဝမြေဆွေးများအား ၁ဧကတွင် လှည်း (၁၀)စီးနှုန်း ထည့်သွင်းပေးပါ။ မြေခံ အနေဖြင့် ယူရီးယား ၇ ပိဿာ (သို့) (၁၂)ကီလို၊ တီစူပါ (၁၅- ၂၃) ပိဿ (သို့) (၂၅-၃၈)ကီလို၊ ပိုတက်(၁၅) ပိဿ (သို့) (၂၅)ကီလို ထည့်သွင်းပါ။ (၃) စိုက်ပျိုးခြင်း ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသော မျိုးများကို အသုံးပြုပါ။ အပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက်ရှိသော မျိုးများကို အသုံးပြုပါ။ အခြားပဲမျိုးများ ကဲ့သို့ပင် (၁)ဧကစာ မျိုးစေ့ (၁)တင်းအား ရိုင်ဇိုဘီယမ် (ရိုင်ဇိုဘီယမ်ဂျာပွန်နီကန်) နှင့် မစိုက်ပျိုးမီ လူးနယ်ပေးရမည်။ ရိုင်ဇိုဘီယမ် လူးနယ်ထားသော မျိုးများကို အရိပ်အောက်တွင် အခြောက်ခံပါ။ ထို့နောက် ၂၄နာရီ (၁ရက်) အတွင်း စိုက်ပျိုးပါ။ ပဲပုပ်အား ပင်ကြား၄လက်မနှင့် တန်းကြား၇လက်မ(သို့) ၁၅လက်မ(သို့) လက်မ၃၀ထားကာ စိုက်ပျိုးကြသည်။ တန်းကြားအား ၇လက်မ (သို့) ၁၅ လက်မထားပြီး စိုက်ပျိုး ထုတ်လုပ်မှုတွင် အထွက်နှုန်း သိသာစွာ ကွာခြားခြင်း မရှိဟု သိရသည်။ အစေ့ အရွယ်အစား၊ စိုက်ချိန်၊ စိုက်ပျိုးသည့်စနစ်၊ အပင်ပေါက်နှုန်းပေါ် မူတည်၍ မျိုးနှုန်းထားကွာခြားနိုင်သည်။ ပုံမှန် အားဖြင့် (၁)ဧကစာ အတွက် မျိုးစေ့ (၁၂)ပြည်မှ (၁၆) ပြည်ထိ အသုံးပြုကြပါသည်။ မျိုးစေ့များကိုမြေအတွင်း (၁)လက်မနှင့် (၃)လက်မကြားတွင် ချစိုက်ပါ။ (၃)လက်မ ထက် နက်ပါက အပင်ပေါက် မကောင်းနိုင်ပါ။ ပဲပုပ်အား သက်တမ်းအလိုက် သက်လျင်မျိုး ၇၅ရက်မှ ၈၄ရက်၊ သက်လတ်မျိုး ၈၅ရက်-၉၄ရက်၊ သက်ကြီးမျိုး ၉၅ရက် အထက်ဟူ၍ သတ်မှတ်ထားသည်။ ရေဆင်း ၅၊ ရေဆင်း ၆ နှင့် ရေဆင်း ၁၁ မျိုးများကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိပါသည်။ ပဲပုပ်တွင် ရွက်ဖျန်းမြေသြဇာ ဖျန်းပေးပါက အထွက်နှုန်း ၁၅-၂၀ ရာခိုင်နှုန်းထိ တိုးထွက်ပါသည်။ ရွက်ဖျန်းမြေသြဇာရည်တွင် တီစူပါနှင့် ပိုတက် (P &K)ပါဝင်မှုများသော အမျိုးအစားကို အသုံးပြုသင့်ပြီး ပန်းဖြိုင်ဖြိုင်ပွင့်သည့် အချိန်ထိ ၁၅ ရက်ခြား တစ်ကြိမ်ဖျန်းပေးပါ။ အဘယ်ကြောင့်ဆိုသော် ပဲပုပ်သည် ထိုမြေသြဇာ နှစ်မျိုးကို ကောင်းစွာ တုန့်ပြန်ပြီး အထွက်နှုန်းအား တိုးစေသည်။ ထို့အပြင် ရွက်ဖျန်းမြေသြဇာ အစား ယူရီးယားနှင့် လက်ချား(ဘိုရွန်)ဖျော်ရည်ကို ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်တည်း အညွှန်းပါအတိုင်း (ယူရီးယား ၄ဇွန်းခွဲနှင့် လက်ချား ၁ဇွန်းအား ရေတစ်ဂါလံနှင့်ဖျော်ပါ) အသုံးပြုပါက ကုန်ကျစရိတ် သက်သာစေရုံသာမက အထွက်နှုန်းကိုလည်း ၂၀ မှ၄၀ ထိတိုးစေနိုင်ပါသည်။ (၄) ရေသွင်းခြင်း ပဲပုပ်သည် ပုံမှန်အားဖြင့် သီးနှံသက်တမ်း ကာလတလျှောက်တွင် ရေအနည်းဆုံး ၁၆လက်မမှ ၂၂လက်မ လိုအပ်သည်။ အလွန်ခြောက်သွေ့သော အနေအထားများတွင် ရေသွင်းပေးရမည်။ အထူးသဖြင့် အပင်ပေါက်ချိန်၊ အပင် ကြီးထွားချိန်အတောင့် စတင် ဖြစ်ပေါ်ချိန်၊အစေ့ အဆန်တည်သော အချိန်သည် အလွန် အရေးကြီးသည်။ တချို့ဒေသများတွင် သီးနှံ သက်တမ်း တလျှောက် ရေ ၆ ကြိမ်မှ ၇ ကြိမ်ထိ သွင်းပေးရသည်။ (၅) ပေါင်းနှိမ်နင်းခြင်း စိုက်ပျိုးပြီး သက်တမ်း (၄၅)ရက်ရသည် ထိပေါင်းမြက် ကင်းစင်အောင်ဆောင်ရွက်ပါ။ ကျရောက်တက်သောရောဂါများနှင့် ဖျက်ပိုးများ ၁။ပင်စည်ထိုး ယင်ကောင်၊ နှံစုပ် ဂျပိုး၊ သီးလုံးဖောက်ပိုး၊ ၂။ပင်ညှိးရောဂါ၊ ခါးရိရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ တို့ဖြစ်သည်။ (၆) ရိတ်သိမ်းခြင်း ပဲပုပ်များသည် စိုက်ပျိုးသော မျိုးအပေါ် မူတည်၍ စိုက်ပျိုးပြီး ရက်ပေါင်း ၅၀-၁၄၅ အတွင်း ရင့်မှည့်ကြသည်။ အရွက်များ အဝါရောင်ပြောင်းသွားပြီး အချို့မြေသို့ကြွေကျသွားသောအခါ သီးတောင့်သည်လည်း အခြောက် မြန်လာသည်။ ရိတ်သိမ်းချိန်တွင် အစေ့ အစိုဓာတ် ရာခိုင်နှုန်းသည် ၁၅ ရာခိုင်နှုန်းလောက် အနည်းဆုံး ရှိသင့်သည်။ ရိတ်သိမ်းပြီး အပင်များကို တလင်းတွင် ၃-၄ ကြိမ်နေလှမ်းပါ။ မျိုးထားလိုပါက အစိုဓာတ် (၉-၁၀) ရာခိုင်နှုန်း ကြားထားကာ သိမ်းဆည်းနိုင်ပါသည် ကိုခွန် (စိုက်ပျိုးရေး)

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။