အစိမ်းရောင်လမ်း
ဖြေလည်သော အဖြေရရှိပြီး
3,861
လွန်ခဲ့သော ၂ နာရီ က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

261,635 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun)

You
10
လွန်ခဲ့သော ၅ နာရီ က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

261,635 လွန်ခဲ့သော ၁ နာရီ က

ပဲကြီး စိုက်ပျိုးနည်း

You
2,559
လွန်ခဲ့သော ၆ နာရီ က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
You
14
လွန်ခဲ့သော ၆ နာရီ က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
261,635 လွန်ခဲ့သော ၁ နာရီ က

စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။

You
1,569
လွန်ခဲ့သော ၁၇ နာရီ က · အုတ်ဖို

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Post image
Post image
Post image
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁၇ နာရီ က

မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants

You
ဖြေလည်သော အဖြေရရှိပြီး
19
လွန်ခဲ့သော ၂၀ နာရီ က · ဝက်လက်

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

261,635 လွန်ခဲ့သော ၁၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ

You
32
လွန်ခဲ့သော ၂၂ နာရီ က · တံတားဦး

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

1,569 လွန်ခဲ့သော ၂၂ နာရီ က

ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်း‌ေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း

You
39
လွန်ခဲ့သော ၁ ရက် က · ရွာငံ

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

39 လွန်ခဲ့သော ၂၃ နာရီ က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၂၃ နာရီ က

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။​ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

Post image
326 လွန်ခဲ့သော ၇ နာရီ က

အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ

1,569 လွန်ခဲ့သော ၂၂ နာရီ က

ဆေးလောင်တာ

You
326
လွန်ခဲ့သော ၁ ရက် က · ဘားအံ

အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ

Post image
Post image
Post image
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၂၃ နာရီ က

အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။

326 လွန်ခဲ့သော ၁ ရက် က

အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ

You
103
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Post image
Post image
1,569 လွန်ခဲ့သော ၂၂ နာရီ က

မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။

You
32
လွန်ခဲ့သော ၁ ရက် က · ပုသိမ်ကြီး

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။

You
13
လွန်ခဲ့သော ၁ ရက် က · ကျောင်းကုန်း

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က
အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

ခေါင်းစဉ်တွေကို နှိပ်ပြီး လေ့လာလို့ရပါတယ်ဗျ။ ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း | ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း | ကောက်ရိုးမှိုစိုက်ပျိုးနည်း | ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?

You
414
လွန်ခဲ့သော ၁ ရက် က · ပေါင်းတည်

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

414 လွန်ခဲ့သော ၁၂ နာရီ က

စိုက်ပျိုးချိန်ဘယ်အချိန်အကောင်းဆုံးလဲဗျ ရေသွင်းပေးရတယ်ဆိုကောဟုတ်လားဆရာ

အတည်ပြုပြီး 314,138 လွန်ခဲ့သော ၁ ရက် က

ဟုတ်စိုက်လို့ရပါတယ်ဗျ။ ဧရာဝတီဘက်မှာလည်း ဒီလိုနည်းနဲ့ စိုက်ကြပါတယ်။ စပါးမရိတ်ခင် ၁-၂ ပတ်စောပြီး စိုက်လည်းရပါတယ်။ ခုတ်ဖုံးစနစ်လို့ ခေါ်ကြပါတယ်။

You
92
လွန်ခဲ့သော ၁ ရက် က · မိုးမိတ်

ဘယ်လိုလုပ်ရမလဲခင်ဗျ

Post image
အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၁ ရက် က

စပါးပင်ခြေပုပ်/Stem rot (Sclerotium oryzae )သို့မဟုတ် sheath blight ဖြစ်နိုင်ပါတယ်။ ရေထုတ်ပါ။ပိုတက်စီယံမြေဩဇာကျွေးပါ။azoxystrobin+difenoconazole ဖျန်းပါ။

You

မေးခွန်း

ဖြေလည်သော အဖြေရရှိပြီး
119
လွန်ခဲ့သော ၂ နှစ် က · ညောင်ဦး

စိန်တလုံး သရက်ရဲ့ အဖူးဖူးချိန် အရွက်ညွှန့်ထွက်ချိန် အသီးကင်းဝင်ချိန် ကစ ရင့်မှည့်ချိန်ထိ အသေးစိတ်သိချင်လို့ပါရှင့် ဖြေကြားပေးစေလိုပါတယ်ရှင့်

ရောဂါစစ်ဆေးမှု အသေးစိတ်
သီးနှံ/မွေးမြူရေး
သရက်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
သရက်စိုက်ပျိုးနည်း
အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

https://www.facebook.com/share/p/yP14qZRE4rXc2qv7/?mibextid=oFDknk

အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၂ နှစ် က

အစိမ်း​ရောင်လမ်းမှာ စာအုပ်စင်ကဏ္ဍမှာ သရက်စိုက်ပျိုးနည်း စာအုပ် မှာပြီးဖတ်ပါ။

အတည်ပြုပြီး 1,098,193 လွန်ခဲ့သော ၂ နှစ် က

♥သရက်ပင်များကိုင်းဖြတ်ပြုပြင်ပီး ပထမရွက်နုထုတ်ယူခြင်း (တစိတ်တပိုင်း)♥ =============================== တနှစ်တာလုပ်ဆောင်ချက်လို့မပြောလိုသေးပါ =============================== *ရင်ကျက်မှုရှိ၍ သရက်သီးများကောင်းစွာသီးသော အသီးခူးစားနေရသည့်သရက်ပင်များသည် အသီးများခူးဆွတ်ပီးသည့်ကာလတွင် နှစ်ကျော်သီးခြင်းနှင့် အသီးများအရည်အသွေးမကျဆင်းစေရန်အတွက် နှစ်စဥ်အသီးခူးပီးတိုင်းမှာ သရက်ပင်များသန့်ရှင်းရေးလုပ်ခြင်း(အပိုင်း၅အဆင့်) သရက်ပင်များကိုင်းဖြတ်ပေးခြင်း(အပိုင်း၄အဆင့်) ယခု၂ဆင့်သည် သရက်သီးခူးပီးတိုင်းနှစ်စဥ်မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်ပင်ဖြစ်သည် သရက်ကို အပင်ကျဲပင်ကြီးစိုက်ပျိုးထားခြင်းနှင့် ပင်စိတ်ပင်ငယ်စိုက်ပျိုးခြင်းအပေါ်တွက်ဆ၍ ကိုင်းဖြတ်သည့် မူခြင်း ခြားနားနိုင်သည် အပင်ကြီးများစိုက်ပျိုးထားရာတွင် နှစ်စဥ် အပင်သန့်ရှင်းရေးအဆင့်လောက်လုပ်ပေးသင့်ပါသည် အဘယ်ကြောင့်ဆိုသော် အပင်ကြီးလျှင် အသီးများများရရှိသည်ကိုသာအာရုံစိုက်၍နေကျပါသည် အပင်ကြီးများမှာ အပင်ကြီး၍လာသည်နှင့်အမျှ ကိုင်းအို ကိုင်းခြောက် ကိုင်းဆွေး ကိုင်းနာ ကိုင်းကျပ် ကိုင်းညပ် ကိုင်းထပ်များစွာဖြစ်လာတတ်သလိုအစုလိုက်အပြုံလိုက်ထွက်တတ်သောလှီကင်းသောကိုင်းများစသဖြင့်အကြမ်းအားဖြင့်တွေ့ရှိနိုင်ပါမယ် ထိုသို့သောအကိုင်းအခက်များကို သန့်ရှင်းအောင်ပယ်ပေးမှသာလျှင် အသီးထွက်စံနှုံးများမကျဆင်းစေဘဲ အသီး၏အရည်အသွေးများလဲတိုးတက်စေသလို နှစ်ကျော်သီးတတ်ခြင်းကိုကာကွယ်ပေးခြင်းရဲ့တစိတ်တဒေသ အထောက်အကူကောင်းလဲ​​​ဖြစ်စေပါသည် ဒီနေရာမှာ ပို၍သဘောဘောပေါက်ရမှာက ဒေသအလိုက် အချိန်မီအခါမီ သရက်ပင်များကိုင်းဖြတ်ခြင်း ကိုင်းပြုပြင်ခြင်းအပီးမှာ ပဌမအကြိမ်ရွက်နု(ရွက်ညွန့်)ကိုပိုင်ပိုင်နိုင်နိုင် ထုတ်ယူတတ်စေရန်အတွက်အထူးအရေးကြီးသော ကဏ္ဍတခုဖြစ်ပါတယ် ထိုအချက်သည် သရက်စိုက်ပျိုးရေးကဏ္ဍတွင်သရက်သီးကောင်းရရှိမှုနှင့်နှစ်ကျော်သီးသောကဏ္ဍကိုကျော်လွှားသွားနိုင်သောအကြောင်းအရာအစိတ်အပိုင်းဖြစ်စေသည် သရက်ပင်များသည် အသီးများခူးဆွတ်ပီးသွားပါက ကလေးမွေးပီးသောအမျိုးသမီးတယောက်ကဲ့သို့ အင်အားများဆုတ်လျှောအားနည်းနေခြင်းမျိုးဖြစ်နေသည်ကို သတိပြုမိစေရန်လိုအပ်ပါမည် တသားမွေးပီး တသွေးလှလာစေရန်အတွက် စောင့်ရှောက် ဖြည့်ဆီးမှုများလိုအပ်နေမည်ကို အမှတ်တမဲ့မနေမိစေရန်အတွက် လိုအပ်သော အာဟာရများ ပြည့်မီလာစေရန် ဖြည့်စီးစောင့်ရှောက်မှသာလျှင် တသွေးလှ၍နောက်တသားကောင်းစွာမွေးနိုင်ပေလိမ့်မည် ကုန်ခမ်းသွားသောအားအင်တွေကိုဘယ်လိုအာဟာရတွေလိုအပ်သလဲ ဘယ်လိုအချိန်မှာဘယ်လိုအာဟာရဓာတ်တွေလိုအပ်လိမ့်မယ်ဆိုတာသိရှိနားလည်ထားရင် နှစ်တိုင်းမွေး နှစ်တိုင်းကျွေး နှစ်တိုင်လှ အဲဒီသက်ရှိတွေရဲ့ ဇီဝကမ္မ သဘော သဘာဝ တွေကို သရက်ပင်စိုက်သူတိုင်း နားလည်ပေးတတ်ရင် အချို့သောအကြောင်းရင်းတွေကိုလွန်ဆံကျော်လွှားနိုင်ပါလိမ့်မည် ============================= ပြောချင်တဲ့အချက်က သရက်ပင်၏ပဌမရွက်နုကိုကောင်းစွာထုတ်ယူခြင်း ပဌမရွက်နုကိုပိုင်ပိုင်နိုင်နိုင်ထုတ်ယူခြင်းအပိုင်း =============================== (1)- --သရက်ပင်တွေမှာကုန်ဆုံးနေတဲ့ နိုက်ထရိုဂျင်---(N) ဖော့စပရပ်----(P) ပိုက်တက်စီယံ--(K) ဆိုတဲ့အပင်မှာအများဆုံးလိုအပ်တတ်တဲ့အာဟာရဓာတ်တွေပါဘဲ အဲဒီလိုဆိုတော့ (N P K)ဓာတ်တွေတညီထဲ တချိန်ထဲမှာသရက်ပင်အတွက်ထည့်ပေးရမှာလား အဲဒီလိုတော့မဟုတ်ဘူးခမျာ့ သူ့အချိန်ကာလနဲ့သူ သူလိုအပ်တဲ့အချိုးအဆကိုမြှင့်၍အချိုးကျအသုံးပြုပေးဘို့ပါဘဲခမျာ သိထားရမည့်အချက်က ================== (N) နိုက်ထဂျင်ဓာတ် -အညွန့်ထွက်စေသည် အပင်ကြီးထွားဖွံ့ဖြိုး မှုကိုလှုံ့ဆော်ပေးသည်(အကျဥ်း) (P) ဖော့စပရပ် -အမြစ်ဆင်းမှုကိုအားပေးသည် အမြစ် ဥတို့ကိုကြီးထွားဖွံ့ဖြိုးစေသည် -လိင်စိတ်တိုးပွား၍ ပန်းပွင့်ခြင်း အမြစ်စား ဥစားများအတွက် ဖွံဖြိုးတိုးတက်စေသည် အသီးများ ဥများအရည်အသွေးနှင့်ကြီးထွားမှုကိုအားပေးစေသည်(အကျဥ်း) (K) ပိုတက်စီယံ -Nနှင့်Pတို့ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းပေး၍ အရွက် အဖူး အပွင့် အသီး ဥ တို့၏ အရည်အချင်းများဖြစ်သည့် အရောင်အသွေး အရသာ အနံ့ ကြီးထွားဖွံ့ဖြိုးခြင်းများကိုအားပေးသည်(အကျဥ်း) စသဖြင့်သိထားခြင်းအားဖြင့် မြေသြဇာ ကျွေးသည့်အချိန်မှာဖြစ်ဖြစ် ရွက်ဖျန်းအားဆေးအသုံးပြုသည့်အခါမှာဘဲဖြစ်ဖြစ် မကုန်သင့်တာ /ကုန်သင့်တာ တွက်ဆခြင်းဖြင့်  အလေအလွင့်မဖြစ်နိုင်တော့ပါ (ဥပမာ) အပင်ကြီးထွားချိန်ဖြစ်သည့် အညွန့်သစ်ကိုထုတ်ယူချိန်မှာ (15-15-15-)အချိုးမြေသြဇာနဲ့ (30-10-10)အချိုး မြေသြဇာ ဘယ်မြေသြဇာအချိုးက သရက်အညွန့်ကိုမြန်စွာထွက်စေနိုင်ပါသလဲ?/ မြေကြီးထဲမှာ အပင်ကြီးထွားချိန်မှာမလိုအပ်ဘဲ ဘယ်ဓာတ်​တွေကအပိုအဖြစ်အသုံးပြုထားလဲ ထိုသို့ချိန်ဆတတ် တွက်ဆတတ်မှသာ ကုန်ကျမှုနှင့်ထိရောက်မှုတွေတွက်ဆနိုင်ပါလိမ့်မယ်(အကျဥ်း) ============================= ပန်းပွင့်ဖြစ်လာစေရန်ကြိုတင်ဆောင်ရွက်သည်အချိန်မှာ (ဥပမာ) (15-15-15)မြေသြဇာအချိုးအဆနှင့် (10-30-10)သို့(10-30-20)မြေသြဇာအချိုးအဆသည် လိင်စိတ်ဖြစ်ထွန်းမှုကို ဘယ်အချိုးအဆကပို၍အားပေးနိုင်မလဲ မလိုအပ်ဘဲ ဘယ်ဓာတ်တွေကို အသုံးပြုမိနေသလဲ// နှိုင်းယှဥ်ချင်ချိန်၍ အသုံးပြုတတ်မည်ဆိုပါလျှင် သင်၏သရက်စိုက်ပျိုးရေးမှာ အကျိုးရှိမှုထိရောက်မှု များစွာကွာခြားနေမည်ကို သတိပြု၍ အကျိုးရှိအောင်အသုံးပြုတတ်စေရန်နှင့် စိုက်ပျိုးရေးသမားတယောက်ဖြစ်လာလျှင် (ဥာဏ်မသေဘို့အရေးကြီးသည်) သူများပါးစပ်ဖြားလမ်းမဆုံးအောင်အဖြေရှာတတ်ရပါမည် အဲဒီတော့ အဲဒီမြေသြဇာအချိုးအဆတွေ ဘယ်မှာရှာဝယ်မလဲမေးလာတဲ့အခါ ဒါလေးကိုအမြဲသတိရလိုပါ ဝယ်ရမည့်သဘော Nနိုက်ထရိုဂျင်(ပုလဲ 46%) Pဖော့စပရပ်(တီစူပါ 46%) Kပိုတက်စီယံ(ပိုတက် 60%) တအိပ်ခြင်းဝယ်ယူပီး မိမိလိုချင်သောအချိုးအဆရအောင်စပ်ယူပါ ဘယ်လိုရောစပ်ရမလဲဆိုရင် အချင်အတွယ် အသုံးမပြုရပါ အချိန်အတွယ်ဖြင့်တွက်ဆရပါမည် ကတ္တားဖြင့်အသုံးပြလျှင် အချိုးအဆမှန်သည် (ဥပမာ) တွက်နည်း (N P K 30-10-10)အချိုးအဆရောစပ်မည်ဆိုလျှင် (Kg)ရောစပ်နည်း ============== N-65-22-kg P-21-74-kg K-16-67-kg ==========. == ===== (N P K 30-10-20)အချိုးအဆရောစပ်မည်ဆိုလျှင် N-65-22-kg p-21-74-kg K-33-34-kg ထိုကဲ့သို့ ကိုယ်တိုင်ရောစပ်ခြင်းဖြင့် မှန်ကန်သောအချိုးအဆကိုရောစပ်၍အသုံးပြုခြင်းဖြင့်စိုက်ပျိုးသူတယောက်၏အရည်အချင်းတိုးတက်လာစေသလို အကျိုးသက်ရောက်မှုများနှင့် အကုန်အကျကိုလဲတွက်ဆနိုင်လာပါလိမ့်မည် =============================== -========

119 လွန်ခဲ့သော ၂ နှစ် က

ဖတ်လို့မရပါ ဆရာ error ဖြစ်နေပါတယ် ထပ်မံဖြေကြားပေးစေလိုပါတယ်ရှင့်

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။