ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun)
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ပဲကြီး စိုက်ပျိုးနည်း
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်းေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
ကျေးဇူးပါဆရာ
မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ
ဆေးလောင်တာ
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။
အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်
ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
ကြက်သွန်နီ
အဲ့ဒိအပြာစာကြောင်းလေးကို နှိပ်ပြီးဖတ်တာ မရဘူးဖြစ်နေတယ်ဗျာ။
ရောစပ်မဖျန်းသင့်သော ဓာတုပိုးသတ်ဆေးများ
ခုဏကျနော်မန့်လိုက်တဲ့စာတော့ ဖက်ဖူးတယ်ဗျ၊ တခြားများရှိအုံးမလားလို့ပါခင်ဗျ။
တွဲဖက်မသုံးသင့်သော စိုက်ပျိုးရေးသုံးဆေးများ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ဖြစ်ကြသည့် ပိုးသတ်ဆေးများ ၊ မှိုသတ်ဆေးများ ၊ ပေါင်းသတ်ဆေးများသည် ဓာတုပစ္စည်းများ ဖြစ်သည့်အားလျှော်စွာ တစ်ခုနှင့်တစ်ခု ဓာတ်ပြု၍ ဓာတ်ပျယ်ခြင်းများ ဖြစ်နိုင်သည်။ ထိုသို့ ဖြစ်လာလျှင် မလိုလားအပ်သော ဆိုးကျိုးများနှင့် ဓာတ်ပျယ်သဖြင့် ပိုက်ဆံပေး၍ ဝယ်သုံးရသော်လည်း ငွေကုန် သလောက် ထိရောက်မှုနည်း၍ အကျိုးနည်းခြင်းများ ဖြစ်လာနိုင်သည်။ ထိုကြောင့် သုံးသလောက် အကျိုးရှိစေရန် အောက်ဖော်ပြပါ တွဲဖက်မသုံးသင့်သောစိုက်ပျိုးရေးသုံးဆေးများကို လေ့လာထားသင့်သည်။ တွဲဖက်မသုံးသင့်သောစိုက်ပျိုးရေးသုံးဆေးများ ၁။ ထုံးကန့်ဆေးရည်(LimeSulphur)သည် - (၁) ကာဘာရိုင်(Carbaryl) ပိုးသတ်ဆေး၊ (၂) အယ်ဒီကပ် (Aldricard) ပိုးသတ်ဆေး၊ (၃) ကာဘိုဖျူရန် (Carbofuran) (၄) ကာဘိုဆာဖန်(Carbosulfan) ၊ (၅) ကာဘင်ဒါဇင် ( Carbendazim ) (၆) ကော့ပါးမှိုသတ်ဆေးများ (ဥပမာ။ ။ဘလူးရီးလ်၊ ချန်ပီယမ် ) (၇) ကလိုပိုင်ရီဖော့ (Chlorpyrifos) (၈) ဆိုက်ပါ မီသရင်း (Cypermethrin) (၉) ဒိုင်ကလိုဖော့ (Diclophos) (၁၀) အင်ဒိုဆာဖန် ( Endosulfan) (၁၁) ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin)ခေါ် ဖန်ဘီလီရိတ် (Fenevelerate) ဆေးများ (၁၂) ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) (၁၃) ကာဆူကာမိုင်စင်( Kasugamycin)ရောဂါသတ်ဆေး (၁၄) မာလာသီယွန် (Malathion) (၁၅) ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသော ဆေးများနှင့် တွဲမသုံးသင့်ပါ။ ၂။ ဘော်ဒိုဆေးရည်ကို အယ်ဒီကပ် (Aldricard) ခေါ်ပိုးသတ်ဆေး ၊ ကက်ပ်တန်(Captan) မှိုသတ်ဆေး၊ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate)ဆေးများ ၊ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) ၊ ကာဆူကာမိုင်စင်( Kasugamycin) ရောဂါသတ်ဆေး ၊ မာလာသီယွန် (Malathion) ၊ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသည်တို့နှင့်ရောမသုံးရ ။ ၃။ ကပ်ပတန်(Captan) မှိုသတ်ဆေးကို Parashoot စသော (Methyl Parathion) ဆေးများဖြင့် ရောမသုံးရ။ ၄။ ကျူပရိုမက် (Cupromax) cuproxat ခေါ်ကော့ပါးအောက်ဆီကလိုရိုက် (Copper oxychloride ) ကို အောက်ပါဆေးရည်များဖြင့် ရောမသုံးရ။ (က) သိုင်ရမ် (Thiron) (ခ) ဟိုမိုင်း (Homai) (ဂ) မာကျူရီပါသော ဓာတ်ပေါင်းဆေးများ (Mercury Compound) (ဃ) မင်ကိုဇတ် (Mancozeb) (င) မန်းနက် (Maneb) (စ) ဇီးနက် (Zined) (ဆ) ကိုဆိုက် (Kocide) ၅။ အီသနယ် ( Ethnal) မှည့်ဆေးကို မင်ကိုဇတ်(Mancozeb)၊မဲနက်(Maneb)၊ဇီးနက်(Zineb) စသော မှိုသတ်ဆေးများနှင့် ရောမသုံးရ။ ၆။ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate) ဆေးများကို ကလိုရိုပါရီဖော့(Chloropyrifos)ပါသော ဆေးများဖြင့် တွဲမသုံးရ။ ၇။ ဖော့အီသိုင်း (Fosethyl) ဆေးကို ရွက်ဖြန်းမြေသြဇာရည်များနှင့် ရောမသုံးရ။ ၈။ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး)ကို ကလိုရင်းပါသော ပိုးသတ်ဆေးများနှင့် ရောမသုံးရ။ ၉။ ဂလိုင်ဖိုဆိတ်(Glyphosate) ပေါင်းသတ်ဆေးကို အခြား ပေါင်းသတ်ဆေးများနှင့် ရောမဖျန်းရ။ (ဂလိုင်ဖိုဆိတ်သည် ရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်သည်။) ၁၀။ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေးကို ရေဖျော်ဆေးမှုန့်များနှင့် ရောမဖျန်းရ ။ ၁၁။ ဖော့စဖမီဒွန် ( Phosphamidom) ကို ကော့ပါးအောက်ဆီကလိုရိုဒ်၊(Copper oxychloride) ၊ ကက်ပ်တန် (Captan) ၊ ဖောလ်ပက် (Folpet)စသော ဆေးများနှင့် ရောမသုံးရ။ ၁၂။ ပရိုပနေး( Propanil) ကို ရွက်ဖြန်းမြေသြဇာ ၊ ကာဘာမိတ် ( Carbamate)ဆေးများဖြင့် ရောမသုံးရ။ ၁၃။ ဟိုမိုင်း(Homai) ၊ လက်ဘီလီတိတ်(Labilite) ၊ တော့ပ်စင်(Topsin) မှိုသတ်ဆေးများကို ကော့ပါးပါသော အခြားမှိုသတ်ဆေးများ (ဥပမာ။ ။ ဘလူးရှီး (Blueshield)၊ ကိုဆိုက်(Kocide)၊ချန်ပီယမ်(Champion) စသော ဆေးများနှင့် ရောမသုံးရ။ ၁၄။ ကော့ပါးပါသော ဆေးများသည် ဘန်ဇီမီဒယ်ဇိုး( Bezimidazole) အုပ်စုဝင်ဆေများ ဖြစ်ကြသော ကာဘင်ဒါဇင်(Carbendazim)၊ ဘီနိုမိုင်း( Benomyl) စသော ဆေးများနှင့် ရောမသုံးရ။ မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါသည်...
ရောစပ်မဖျန်းသင့်သော ဓာတုပိုးသတ်ဆေးများ ဆရာဒို့ဦးလေးရဲ့ ဆာင်းပါးလေးကို လေ့လာဖို့ အကြံပြုလိုပါတယ်ဗျ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။