ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး
ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ
ကျနော့်ခရမ်းခင်းရွက်ဝါနေလို့ ဘယ်လိုပြုပြင် ဆောင်ရွက်ရမလဲဆိုတာ အကြံညာဏ်ပေးကြပါအုံးခဗျာ
ခရမ်းချဉ်အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါ ကျနေတာပါ။ ဒီဗိုင်းရပ်ရောဂါကို နိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကျရောက်တဲ့အပင်ကို နှုတ်ပြီး မီးရှိုဖျက်ဆီးပစ်ပါ။ ဒီဗိုင်းရပ်ပိုးက ယင်ဖြူနဲ့ စုပ်စားပိုးတွေကနေ သယ်လာတာမို့ ယင်ဖြူနဲ့ စုပ်စားပိုးတွေကို နှိမ်နင်းပါ။
နမ်းဖတ်ကိုအချဉ်ဖောက်တာ ဘယ်နပတ်ထားပီးမှ သုံးလို့ရတာလဲ
၂ ပတ်လောက်ဆို စသုံးလို့ရပြီ။ နွားသေးပါ ထည့်ပေးရင် ပိုကောင်းတယ်။ အနံ့ကတော့ တော်တော်ပြင်းတယ် အပင်တွေကတော့ ရှယ်ပဲ။
အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ
အပင်အနေအထား၊အရောင်အသွေး ကောင်းပါတယ်။လိုအပ်မယ်ထင်တာလေးတွေ အကြံပြုရရင်၊ သားတက်ငယ်တာလေးတွေ ကျန်တာတွေ့ရတယ်။အရွက်တွေ ရှင်းလင်းပြီး အတန်းကြားထဲ၊ထယ်ဝင်နိုင်သလောက်ဝင်လိုက်ရင်၊မြေကြီးလေဝင်လေထဠက်ပိုကောင်းမယ်။အစိုဓာတ် ကြာကြာထိန်းနိုင်မယ်။
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
စပစြျစိုကျပါ။
ထရိုင်ကိုဒါးမား.မှုိသတ်ဆေးကိုကိုယ်တိုင်ဖော်စပ့လို့ရလား...ဖော်စပ်နည်းလေးရှိရင်လဲမျှဝေပေးကြပါအုံးဗျ...ထရိုင်ကိုဒါးမားမှိုသတ်ဆေးကဘယ်လိုမှိုအမျိုးစားကိုနိမ်နင်နိင်လဲဗျ...
ထရိုင်ကိုဒါးမားမှို က၊ မြေဆောင်မှိုရောဂါများကို ကာကွယ်နှိမ်နင်းပေးပါတယ်။အထူးသဖြင့် ဓာတာမှိာသတ်ဆေးဖြင့် နှိမ်နင်းရခက်တဲ့၊fusarium ,rhyzoptonia, sclerotia စသော ခါးရိ၊မြစ်ခြောက်ဆွေး မှိုရောဂါတွေကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။သို့သော် စနစ်တကျ ထုတ်လုပ်မွေးမြူခြင်း၊စနစ်တကျ အသုံးပြုခြင်း စတဲ့ အခြေခံနည်းစနစ်တွေကို လက်တွေ့သင်တန်းတွေ တက်ရောက်သင်ယူပြီးမှသာ အကျိုးရှိထိရောက်ပါမယ်။ထရိုင်ကိုဒါးမား မှိုကို ဇီဝမှိုသတ်ဆေး၊ဇီဝမြေသြဇာ အဖြစ်စိုက်ပျိုးရေးအသုံးပြုပုံ နှင့် အမြောက်အများ ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်း 2/2022
စပါးရွက်ဖြတ်တာကောင်းလား? လုပ်ဖူးကြလား အတွေ့ကြုံလေးတွေ ပြောပေးကြပါဦး။
ဒီနည်းစနစ်က ထိုင်းနိုင်ငံ ဝက်ဘ်ဆိုဒ်တွေကတဆင့် ပျံ့နှံလာပုံရပါတယ်။ကျနော့်အမြင်အရတော့၊မလိုအပ်ပဲ မဖြတ်စေချင်ပါဘူး။ ဘယ်လိုအခြေနေမျိုးမှာ ဖြတ်သင့်သလဲဆိုရင်၊အပင်ဖြစ်အရမ်းသန်လွန်းသော ၊ရွာရေသောက်လယ်မျိုးတွေမှာ၊အပင်ပွားချိန်ကတည်းက အရပ်ရှည်နေတယ်။အနှံထွက်ချိန်မှာ သေချာပေါက် ယိုင်လဲ နိုင်တယ်ဆိုရင်တော့၊ အရွက်ဖျားဖြတ်သင့်ပါတယ်။များသောအားဖြင့် မြန်မာနိုင်ငံမှာက၊အပင်ဖြစ်အောင်၊မနည်းအစာကျွေးနေရပါတယ်။
ကြံကို12လပိုင်းကုန်1လပိုင်းထဲစိုက်မှာပါ ကြံပင်ကြားထဲ မြေပဲကို နှစ်တန်းလောက် ထည့်စိုက်ရင် အဆင်ပြေလောက်လားခင်ဗျာ
ကြံကို ဒီဇင်ဘာနှောင်းပိုင်းနှင့် ဇန်နဝါရီလအတွင်း စိုက်ပျိုးပြီး ကြံတန်းကြားထဲတွင် မြေပဲကို သီးညှပ်အဖြစ် ၂ တန်း ထည့်သွင်းစိုက်ပျိုးခြင်းသည် အလွန်အဆင်ပြေရုံသာမက မြေဆီလွှာကိုပါ ကောင်းမွန်စေသည့် စနစ်တစ်ခု ဖြစ်ပါတယ်။ သို့သော် ဤစနစ် အောင်မြင်ရန်အတွက် ကြံတစ်တန်းနှင့်တစ်တန်းကြား အကွာအဝေးကို အနည်းဆုံး ၄ ပေမှ ၄ ပေခွဲအထိ ချထားပေးရန် လိုအပ်ပြီး၊ ကြံပင်များ အရွက်အုပ်မလာမီ (ပထမ ၃ လမှ ၄ လအတွင်း) အမြန်နှုတ်သိမ်းနိုင်မည့် ရက် ၁၀၀ သက်တမ်းတို မြေပဲမျိုးကို ရွေးချယ်စိုက်ပျိုးရပါမယ်။ ရာသီအလိုက်အပင်များ ကောင်းစွာကြီးထွားရန် အစိုဓာတ်နှင့် မြေဩဇာကို စနစ်တကျ စီမံပေးနိုင်ပါက ကြံရောမြေပဲပါ အထွက်နှုန်းကောင်းမွန်ပြီး အပိုဝင်ငွေရရှိစေနိုင်ပါတယ်။
အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။
ရက်ဆက်မိုးရွာပြီး စိုထိုင်းဆများချိန်တွင် မြေပဲခင်းများ၌ အထွက်နှုန်းထက်ဝက်ခန့် ကျဆင်းစေနိုင်သော "မြေပဲရွက်ပြောက်မှိုရောဂါ" ကျရောက်တတ်ပါတယ်။ ၎င်းကို သဘာဝနည်းဖြင့် ကာကွယ်ရန် တမာဆီ (၅%) ကို (၁၅) ရက်တစ်ကြိမ် ဖျန်းပေးခြင်း၊ ထရိုင်ကိုဒါးမားမှိုကို မြေဩဇာနှင့်ရောစပ် ထည့်သွင်းခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ ဓာတုဆေးနည်းဖြင့် ကာကွယ်လိုပါက မိုးစဲချိန်တွင် ကာဘင်ဒါဇင်Carbendazim+မန်ကိုဇက်Mancozeb၊ ကလိုရိုသာလိုနေး Chlorothalonilသို့မဟုတ် တက်ဗျူကိုနာဇိုးTebuconazole မှိုသတ်ဆေးတစ်မျိုးမျိုးကို မိုးရေနှင့်မျောပါမသွားစေရန် ဆေးစွဲကပ်စေးနှင့် ရောစပ်ပက်ဖျန်းရပါမယ်။ ထို့ပြင် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျဖောက်ပေးခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းတို့ကိုလည်း မဖြစ်မနေ ပူးတွဲလုပ်ဆောင်သင့်ပါတယ်။
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
လက်ရှိ မြန်မာ့နှမ်းဈေးကွက်သည် ပြည်ပပို့ကုန်ဗဟိုပြု ဝယ်လိုအားပေါ်တွင် အဓိက မူတည်နေပြီး တရုတ်၊ ထိုင်းနှင့် ထိုင်ဝမ်နိုင်ငံများသို့ စုစုပေါင်းထွက်ရှိမှု၏ ၈၅ ရာခိုင်နှုန်းခန့် တင်ပို့နေရပါတယ်။ အရည်အသွေးမြင့် နှမ်းနက် (စမုံ) နှင့် ဂျပန်နှမ်းဖြူများသည် ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းလှသော်လည်း၊ အိန္ဒိယကဲ့သို့သော ပြိုင်ဘက်နိုင်ငံများမှ ဈေးနှုန်းသက်သာသော နှမ်းနီများ အလုံးအရင်း ဝင်ရောက်လာမှုကြောင့် ဈေးနှုန်း အနည်းငယ် လှုပ်ခတ်မှု ရှိနိုင်ပါသည်။ သို့ဖြစ်ရာ တောင်သူများအနေဖြင့် အထွက်နှုန်းထက် ပြည်ပစံချိန်မီ အရည်အသွေးသန့်စင်မှုကို ဦးစားပေးပြီး၊ ရာသီအလိုက် အလောတကြီး မရောင်းချဘဲ ကုန်စည်ဒိုင် ဈေးနှုန်းအတက်အကျကို စောင့်ကြည့်၍ ခွဲခြားထုတ်ရောင်းရန် အကြံပြုလိုပါတယ်ခင်ဗျာ။
မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ
ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
ပင်လုံးပြန့်ဆေး (Systemic) များသည် ဖြန်းပြီး ၂ နာရီမှ ၆ နာရီအတွင်း အပင်ထဲသို့ စုပ်ယူသွားတတ်သဖြင့် ၃ နာရီအကြာတွင် မိုးရွာသော်လည်း အာနိသင် အတော်အသင့် ကျန်ရှိနေမည်ဖြစ်ပါတယ်။ သို့သော် အပင်မျက်နှာပြင်ပေါ်တွင်သာ တင်ကျန်သည့် ထိသေဆေး သို့မဟုတ် ကာကွယ်ဆေး (Contact) ဖြစ်ပါက မိုးရေနှင့်အတူ ဆေးကြောပစ်သကဲ့သို့ မျောပါသွားနိုင်ပါတယ်။ မိုးဖွဲဖွဲရွာခြင်းက ဆေးကို ပိုမိုပျံ့နှံ့စေနိုင်သော်လည်း၊ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းပါက ဆေးအာနိသင် လုံးဝပျက်ပြယ်သွားနိုင်သဖြင့် မိုးရာသီတွင် ဆေးစွဲကပ်ဆေး (Sticker) ကို တွဲဖက်သုံးစွဲပါတယ်။
၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။
ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့
ဟိုနေ့ကဆရာကြီးဖြေကြားပေးတာနဲ့အတူတူပါပဲခင်ဗျာ
ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။
စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ရေပန်းစားသော အကြောင်းအရာများ
မေးခွန်း
ကျဲခင်းစပါးမျိုးစေ့များကို မကျဲပက်ခင် စပါးမှိုရောဂါအတွက် စပါးမျိုးစေ့ကို လူးနယ်ကျဲပက်နိုင်သော ကာကွယ်ဆေးရှိပါလား။ရှိရင် ညွှန်ကြားပေးပါ ခင်ဗျာ။
သာပေါင်းဘယ်ရွာလဲဗျာ
Thiram+Imedachloprid 70ပါသော မျိုးစေ့လူးဆေးထုပ်1ထုပ်ကို မျိုးစေ့2တင်း လူး/ဖျန်းပြီးကြဲပါ။
Carbendazimပါသောမှိုဆေးဖြင့်လူးနယ်အသုံးပြုနိုင်ပါသည်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။