အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ
ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။
ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့
ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ
အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။
စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။
ဘာဆေးဖျန်းရမလဲဗျ
ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။
ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။
ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့
ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်။
၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။
မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့
မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး
Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
မေးခွန်း
တမာဆီလုပ်နည်းလေးသိချင်ပါတယ်ရှင့်
တမာပိုးသတ်ဆေးကိုယ်တိုင်ပြုလုပ်လိုသူများအတွက် နည်းလမ်း (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။တမာ (NEEM) (Azadirachta indica) (MELIACEAE) အပူပိုင်းဒေသများတွင် အများအပြားပေါက်ရောက်ကြသည်။ မိုးရေချိန်(၂၀)လက်မရှိလျှင် အပင်ပေါက်ရောက်နိုင်သည်။ မြေမျိုးမရွေးပေါက်ရောက်နိုင်သည်။ ပိုးသတ်ဆေးအာနိသင်သည် အပင်အစိတ်အပိုင်းအားလုံးတွင် ပါရှိကြသော်လည်း အစေ့တွင်အများဆုံးပါရှိကြသည်။ အစေ့တွင် ဆီ(၃၅-၄၅) ရာခိုင်နှုန်းပါဝင်သည်။ တမာပင် (၄-၅) နှစ်သားမှစပြီး အသီးများရရှိနိုင်သည်။ တစ်ပင်မှ အစေ့ပျှမ်းမျှ(၅၀) ကီလိုခန့်ရရှိနိုင်သည်။ သက်တမ်းရင့်အပင်များဖြစ်ပါက ပိုပြီးရနိုင်ပါသည်။ပိုးသတ်ဆေးအာနိသင်ရှိသော Azadirachtin ဓာတ်သည်တမာစေ့ကြိတ်ဖတ်တွင် ပါဝင်မှုအများဆုံးဖြစ်သည်။ အသုံးပြုနည်း တမာစေ့ကိုအဓိကထားပြီ အသုံးပြုခြင်းဖြစ်သည်။ ပုံစံလေးမျိုးဖြင့် အသုံးပြုနိုင်သည်။ တမာစေ့များကိုပုံစံလေးမျိုးဖြင့် အသုံးပြုရန်အတွက် အရည်အသွေးပြည့်၀သော တမာစေ့ရရှိရန်လိုအပ်ပါသည်။ အရည်အသွေးပြည့်၀သောတမာစေ့ရရှိရန်အတွက် တမာသီးမှည့်များကို အသုံးပြုရပါသည်။ တမာသီးများမှည့်ချိန်တွင် အပင်ပေါ်မှကြွေကျလေ့ရှိသည်။ ယင်းသို့ ကောင်းမွန်စွာ ရင့်မှည့်သောတမာသီးများကို ကောက်ယူရပါမည်။ အပင်ပေါ်မှအသီးများကို ရိုက်ခြွေယူခြင်းထက် ရင့်မှည့်ကြွေကျသော အသီးမှည့်များကိုကောက်ယူရန်ဖြစ်ပါသည်။ ရင့်မှည့်လွန်ပြီးပုပ်နေသော အသီးများကိုမသုံးသင့်ပါ။ (မရှိသုံးအနေနှင့် အသုံးပြုနိုင်သည်။ အဓိကမှာတမာစေ့ အဆန်သည် အစိမ်းရောင်ရှိနေရန်ဖြစ်ပါသည်။) ၁။ တမာစေ့ဆန်အမှုန့်၂။ တမာဆီ၃။ တမာကြိတ်ဖတ်၄။ တမာကြိတ်ဖတ်ရည် အသုံးပြုနည်း တမာစေ့ဆန်များကိုအသုံးပြုရန် ပြင်ဆင်ပြုလုပ်ခြင်းကို ညနေပိုင်းအရိပ်အောက်တွင် ပြုလုပ်ရန်ဖြစ်သည်။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်နှင့် တုန့်ပြန်မှုမရှိစေရန်ဖြစ်သည်။ နည်း (၁)။ တမာသီး (၁.၅) ပိဿာ (၂ ကီလို)၊ ရေ(၁၅)လီတာ။ တမာသီးအမှည့် (၁.၅) ပိဿာကိုရေအနည်းငယ်ထည့်ပြီးအသီးအားလုံးကို ထုထောင်းချေမွပစ်ပါ။ (သစ်သီးဖျော်စက်အသုံးပြုနိုင်သည်။) ရရှိလာသောတမာသီးဖျော်ရည်ကို တစ်ညသိပ်ထားပါ။ ထို့နောက် ရေ(၁၅)လီတာနှင့် ရောသမမွှေကာပိတ်စိမ်းပါးဖြင့် စစ်ချပြီးညစ်ယူပါ။ ရရှိလာသောစစ်ကျရည်ကို အပါတ်စဉ်ဖျန်းပေးခြင်းဖြင့် လှေးပိုးများကျရောက်မှုကို ကာကွယ်နှိမ်နင်းနိုင်သည်။ နည်း(၂)။ တမာစေ့ဆန်(၁.၅) ကျပ်သား (၂၅ ဂရမ်)၊ ရေ(၁)လီတာ။ တမာစေ့ဆန်(၂၅)ဂရမ်ကိူ ကြိတ်ခွဲထုထောင်းပါ။ ဆီထွက်သည်အထိ ပြုလုပ်ရန်မလိုပါ။ ကြိတ်ခွဲပြီးပါကရေတစ်လီတာနှင့် တစ်ညသိပ်စိမ်ထားရမည်။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ်ချညစ်ယူပြီး ဆပ်ပြာရည်(၅ စီစီ) ရောစပ်ကာအသုံးပြုနိုင်ပြီဖြစ်သည်။ ဂေါ်ဖီထုပ်ပိုး၊ ဦးမှင်ရည်နှံကောင်များကိုကောင်းစွာ ထိရောက်မှုရှိသည်။ တမာစေ့ဆန် အဆင်သင့်မဖြစ်သေးသောကြောင့် တမာစေ့ခြောက်ကို သုံးရမည်ဆိုပါက (၃၀-၆၀) ဂရမ်နှုန်းအသုံးပြုနိုင်သည်။ နည်း(၃)။ တမာစေ့ဆန်(၃)ပိဿာ (၅ကီလို)၊ ဆပ်ပြာ (၀.၅)ကျပ်သား (၁၀ ဂရမ်)၊ ရေ(၁၀)လီတာ တမာစေ့ဆန်(၅)ကီလိုဂရမ်ကို ကြိတ်ခွဲထုထောင်းပြီး အဝတ်စတစ်ခုနှင့် ခပ်ချောင်ချောင်ထုပ်ပြီး ရေ(၉)လီတာထည့်ထားသော ပုံးတွင်စိမ်ထားပါ။ ရေထဲတွင်(၁၂)နာရီ ကြာစိမ်ပြီးနောက် အထုပ်ကိုညှစ်ပြီး စစ်ချယူပါ။ ထိုအချိန်တွင် ဆပ်ပြာ (၁၀) ဂရမ်ကိုရေတစ်လီတာနှင့် ကြေညက်အောင်ဖျော်စပ်ပြီး တမာဆန်စစ်ကျရည်နှင့် ရောမွှေသမပေးပါ။ ရရှိလာသောဖျော်ရည်ကို ရေ(၉၀)လီတာနှင့် ဖျော်စပ်အသုံးပြုနိုင်ပြီဖြစ်သည်။ ပြောင်းဖူးထိုးပိုး၊ ပဲထိုးပိုးများဖျက်ဆီးမှုကိုသက်သာစေသည်။ ဦးမှင်ရှည်နှံကောင်များ(Grass hopper) များကျရောက်နေစဉ် ပက်ဖျန်းပါကချက်ခြင်းလိုလိုပင် စားသောက်ဖျက်ဆီးမှု ရပ်ဆိုင်းသွားစေသည်။ ခူကောင်များအနေဖြင့် (၂-၃) ရက်အတွင်း သေဆုံးစေသည်။ အချို့သောပိုးကောင်များ ကြီးထွားမှုကိုအဟန့်အတားဖြစ်စေကာ အချိန်တန်အရွယ်မရောက် ဖြစ်ကြရသည်။ အချိန်တန်အရွယ်မရောက်ပဲ၊ ရုပ်ဖုံးပြုလုပ်လိုက်ရသဖြင့် ရုပ်ဖုံးများပုံစံမမှန်ဖြစ်ကြရသည်။ ယင်းသို့သော ရုပ်ဖုံးများထဲမှ အကောင်ကြီးများပေါက်လာပါကလည်း ပုံစံမမှန် မပျံနိုင်၊ မသန်းနိုင်ဖြစ်ပြီး မိတ်မလိုက်နိုင်ကြတော့ချေ။ နည်း(၄)။ တမာစေ့ကြိတ်ဖတ်များကို ထုထောင်းပြီးအုန်းပင်ခြေရင်း ကြံ့ပိုး၊ ပင်စည်ထိုးပိုး တို့ကိုကာကွယ်နိုင်သည်။ တမာကြိတ်ဖတ်များကို မြေလွှာတွင်ထည့်ပေးခြင်းဖြင့် နီမတုတ်ရောဂါကို ကာကွယ်နိုင်သည်။ တမာပိုးသတ်ဆးထုတ်ယူပြီးသား တမာကြိတ်ဖတ်မှုန့်များကို သုံးလျှင်ပင်ထိရောက်မှု ရှိစေသည်။ တစ်ဧကလျှင် ကြိတ်ဖတ်မှုန့်(၃၀)ပိဿာ (၁၈) ကီလိုဂရမ်နှုန်းအသုံးပြုသင့်သည်။ နီမတုတ်ရောဂါကို ဟန့်တားသည့်အပြင် သစ်ဆွေးမြေသြဇာကိုလည်း ရရှိစေသည်။ ကြိတ်ဖတ်တွင် နိုက်ထရိုဂျင်(၃)%ပါဝင်သည်။ နည်း(၅)။ တမာရွက်(၆၀)ကျပ်သား(၁ကီလိုဂရမ်)၊ ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ဇွန်း(၁)၊ ရေ(၁)ဂါလံ တမာရွက်များကို တမာပန်းမပွင့်မှီခူးယူရမည်ဖြစ်သည်။ ပန်းပွင့်ချိန်ခူးယူပါက တမာပွင့်ထွက်မှု၊ အသီးသီးမှုကို အနှောက်အယှက်ဖြစ်စေသည်။ တမာရွက်အစိမ်း(၆၀)ကျပ်သားကို နုပ်နုပ်စင်းပြီးရေတစ်ဂါလံတွင် တစ်ညသိပ်စိမ်ထားပါ။ တစ်ညသိပ်စိမ်ခြင်းအားဖြင့် အာနိသင်ပိုမိုထိရောက်သည်။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချပြီးညစ်ယူပါ။ ရရှိလာသော စစ်ကျရည်ကိုဆပ်ပြာရည် လက်ဖက်ရည်ဇွန်း(၁)ဇွန်း ရောစပ်ပြီးသမကာ အသုံးပြုနိုင်သည်။ နည်း(၆)။ တမာရွက် ၁၂၀ ကျပ်သား (၂ ကီလိုဂရမ်)၊ ဆပ်ပြာ (၁.၅) ကျပ်သား (၂၅ စီစီ)၊ ရေ(၁)ဂါလံ လတ်လတ်ဆတ်ဆတ် တမာရွက်(၁၂၀)ကျပ်သားကို ခုတ်စင်းထုထောင်းပြီး ရေတစ်ဂါလံတွင်တစ်ညသိပ် စိမ်ထားပါ။ ဆပ်ပြာ(၁.၅)ကျပ်သားကိုလည်း ရေ(၀.၅)ဂါလံတွင် ဖျော်စပ်ထားပါ။ တမာရွက်များကို ပိတ်စိမ်းပါးဖြင့် ဆစ်ချပြီးညစ်ယူပြီး ရရှိလာသောစစ်ကျရေတွင် ဆပ်ပြာရည်ရောထည့်သမပေးပါ။ စစ်ကျရည်(၁)ဂါလံတွင် ရေ(၄)ဂါလံရောစပ်ပြီး ပက်ဖျန်းနိုင်ပါသည်။ ခရမ်းချဉ်ပင်များပျိုးခင်းတွင် အညှောင့်ပေါက်ပြီး လေးရက်အကြာတွင် ၎င်း၊ ၈ရက်ကြာသော်၎င်း၊ ပက်ဖျန်းပေးခြင်းဖြင့် ယင်ဖြူ(White fly) ကိုကာကွယ်နိုင်သည်။ ရေရောထည့်ပြီး စစ်ပေးခြင်းဖြင့် ငမြှောင်တောင်/ပိုးနဂါးကိုကာကွယ်နိုင်သည်။ အပင်ခြေရင်းမြေကြီးတွင် ဖျန်းပေးပါကဖိုးလမင်း ကျိုင်းကောင်များကိုနှိမ်နင်းနိုင်သည်။ နည်း(၇)။ တမာရွက် ၆၀ ကျပ်သား(၁ ကီလိုဂရမ်)၊ စပါးလင် ၆၀ ကျပ်သား (၁ ကီလိုဂရမ်)၊ ပဒဲကောကြီး ၆၀ကျပ်သား (၁ ကီလိုဂရမ်)၊ ရေ (၂.၅) ဂါလံ။ တမာရွက် (၆၀) ကျပ်သား၊ စပါးလင်ပဉ္စငါးပါး(၆၀)ကျပ်သား ပဒဲကောကြီး (၆၀)ကျပ်သားတို့ကို ရောစပ်ပြီးထုထောင်းပေးပါ။ ထို့နောက် ရေ ၂.၅ ဂါလံတွင်တစ်ညသိပ်ရေစိမ်ထားပါ။ ထို့နောက်တမာရွက်များကို ပိတ်စိမ်းပါးဖြင့်စစ်ချညစ်ယူပြီး စစ်ကျရည်ကိုရယူပါ။ စစ်ကျရည်တစ်စလျှင် ရေ(၁၅)ဆနှုန်း ထပ်မံရောစပ်ပြီး ဆပ်ပြာရည်အနည်းငယ်ထည့်ကာ ရေစပ်သမကာ ပက်ဖျန်းနိုင်သည်။ တစ်ပတ်ခြားတစ်ကြိမ် ပက်ဖျန်းပေးခြင်းဖြင့် ရှောက်၊ သံပုရာ မျိုးနွယ်ဝင်များတွင် ကျရောက်တတ်သော ရွက်ထွင်းပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။ မွှားပင့်ကူများကိုလည်း ထိရောက်မှုရှိစေသည်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။