ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Cultivation of Chrysanthemun)
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ပဲကြီး စိုက်ပျိုးနည်း
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။ https://greenwaymyanmar.com/articles/%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BD%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB/pest_on_houseplants
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
ရွှေဘိုပေါ်ဆန်းသက်နုမျိုးစပါးကို ရမယ်ဆိုရင် ဩဂုတ်လထဲပျိုးထောင်ပြီး စိုက်မယ်ဆိုရင် ရပါသေးတယ်ခင်ဗျာ
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
ဒီစာအုပ်သာ ဖတ် ပြီးရင် အစိမ်းေရာင်လမ်းမှာ ပြန်လာမေး မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
ကျေးဇူးပါဆရာ
မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတဲ့ လက္ခဏာပြရင်တော့ ထည့်လို့ရပါတယ်။ ရွက်ကြောတွေပဲ စိမ်းနေပြီး အရွက်က ဝါနေတဲ့ လက္ခဏာပါ။ ဒီလိုလက္ခဏာပြနေမယ် ဒါမှမဟုတ် မြေကြီးစစ်ဆေးလိုက်လို့ မဂ္ဂနီဆီယမ်ဓာတ်နည်းနေမယ်ဆိုရင် ထည့်နိုင်ပါတယ်။ မြေကြီးထဲကို ထည့်လို့ရသလို ရွက်ဖျန်းအနေနဲ့လည်း ထည့်နိုင်ပါတယ်။ သူက အများလို အဟာရဓာတ်ထဲမပါတဲ့အတွက် မများကြီးထည့်စရာမလိုပါဘူး။ ရေ ၄ ဂါလံပုံးတစ်ပုံးကို ဟင်းစားဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့် ထည့်ဖျန်းနိုင်ပါတယ်။ အပင်ခြေမှာ ထည့်မယ်ဆိုရင်တော့ တစ်ပင်ကို ဟင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ပေးနိုင်ပါတယ်။ မြေကြီးက အစိုဓာတ်ရှိနေရပါမယ်။ မလိုအပ်ဘဲ အများကြီးထည့်လိုက်ရင်တော့ အခြားလိုအပ်တဲ့ အဟာရတွေဖြစ်တဲ့ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို အပင်က မရယူနိုင်အောင် ပိတ်ပင်ပစ်နိုင်ပါတယ်။
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
အနီရောင်ပိုးသေးသေးလေးတွေ ပြေးနေတာတွေ့လို့ဘာဆေးဖြန်းရမလဲ
ဆေးလောင်တာ
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
အခုပုံစံမျိုးပါ။ ဆေးရည်တွေက အရွက်ဖျားတွေမှာ သွားအိုင်နေပြီး ပြင်းအားများသွားတာကြောင့် အပင်လောင်သွားတာပါ။
အားဆေးနဲ့မိုသတ်ဆေး လောင်ရင်ဘယ်လိုပုံစံဖြစ်လဲဗျာ
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
မိုးတွင်းမှာတော့အမိုးကာကို လျော့သင့်တယ်
ကွမ်းမှာ ရောဂါဝင်တာတွေရဲ့ အဓိက အကြောင်းအရင်းက မြေကြီးအစိုဓာတ်မြင့်ရာကနေ စတယ်လို့ ပြောလို့ရပါတယ်။ စိမ့်မြောင်းတူးထားပြီး အစိုဓာတ်များနေသေးရင် စိမ့်မြောင်းကို ထပ်ပြီး နက်နက်လေး တူးပေးပါ။ ကွမ်းဘောင်ရဲ့ အောက် အနက် ၁ပေခွဲကနေ ၂ ပေလောက်ထိ တူးပေးပါ။ ပြီးရင် ရေနှုတ်မြောင်းတွေ သေချာအောင် စစ်ပြီး ပြုပြင်ပေးပါ။ ကွမ်းပင်ခြေကို ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေဩဇာတို့ ဖွဲပြာတို့ ထည့်ပြီး ဘောင်လုံးပြီး မြေမြှင့်ပေးပါ။
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အအေးကာလရောက်လာတဲ့အချိန် မြေကြီးအပူဓာတ်ရနေအောင်ဆိုရင် မြေကြီးကို မြေဖုံးပေးခြင်း (Mulching) လုပ်ပေးပါ။ ဒါက အပူဓာတ်ကို ထိန်းပေးရာလည်းရောက်ပါတယ်။ အေးတဲ့ကာလတွေမှာ ရေလောင်းခြင်းကို ညနေပိုင်းမှာ လုပ်တာထက် မနက်ပိုင်းတွေမှာ ပြောင်းလဲလုပ်ဆောင်ပါ။ မြေကြီးထဲမှာရှိတဲ့ အဏုဇီဝတွေ အသက်ဝင်နေအောင် သဘာဝမြေသြဇာများ ထည့်သွင်းပေးပါ။ နောက် အမြစ်ရဲ့ ကြံခိုင်သန်စွမ်းမှုရှိနေအောင် Pနဲ့ K အချိုးမြင့်တဲ့ အဟာရများ ထည့်ပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
ပန်တိမ်ငိုအပင်သက်တန်ပန်းပွင့်ခူးတဲအချိနိဘယ်လောက်ကြာလဲးကျေးဇူးပါ
ဤအဖြေဖြင့်ပြေလည်သည်လို့သတ်မှတ်ပေးပါဦး
ကျေးဇူးပါ
အပင်စိုက်ပြီး တစ်နှစ်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။
ပန်းထိမ်ငိုပန်းခင်းသည် ၁၀ လပိုင်းလောက်တွင် ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂ လပိုင်းများသည် အပင်နားသောလဖြစ်ပါသည်။ အအေးပိုင်းတွေမှာ စိုက်ပျိုးကြတာဖြစ်ပေမယ့် အခုအခါမှာတော့ အပူပိုင်းဒေသတွေမှာလည်း စိုက်ပျိုးလာကြတာကို တွေ့ရပါတယ်။ အပူများတဲ့ ဒေသတွေမှာတော့ အရိပ်ပြုလုပ်ပြီး စိုက်ပျိုးနိုင်သလို ဘူးစင်ရဲ့အောက်တွေမှာလဲ စိုက်ပျိုးနိုင်ပါတယ်။ ပန်းထိမ်ငိုပင်ဟာ ရေကိုကြိုက်နှစ်သက်ပြီး ရေဝပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူး။ မြေချဉ်ဖန်ဓာတ် PH 5 နဲ့ PH 6 မှာဆိုရင်တော့ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ မြေနီသဲဝန်းနဲ့ သဲနုန်းမြေတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ မျိုးကိုလိုက်ပြီး တစ်ထပ်ပန်းထိမ်၊ နှစ်ထပ်ပန်းထိမ်၊ သုံးထပ်ပန်းထိမ်လို့ ခေါ်တဲ့ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါတယ်။ မျိုးများယူတဲ့အခါမှာတော့ အပင်ကပ်ထိုးခြင်း၊ အမြစ်မှမျိုးယူခြင်း၊ ဥကို စိုက်ပျိုးခြင်းဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ စိုက်ပျိုးမြေကိုတော့ မီးရှို့ပေးရန် လိုအပ်ပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကိုတော့ ၁ ပေ (သို့မဟုတ်) ၂ပေခန့် ခွာပြီးတော့ စိုက်ဘောင်တစ်ဘောင်နဲ့ တစ်တောင်ကိုတော့ ၅ပေခန့်ခွာပြီး စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ မြေသြဇာ အဖြစ်ကတော့ အဓိက နွားချေးကို အသုံးပြုပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။ စိုက်ပျိုးသည့်ဒေသ ပန်းထိမ်ငိုပန်းကို အအေးပိုင်း ဒေသများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ယခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။ အပူများလွန်းသော အချို့သောဒေသများတွင် အရိပ်ကျဲ ၅၀% ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်း အုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ မြေအမျိုးအစား ပန်းထိမ်ငိုသည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။မြေချဉ်ငံကိန်း pH 5-6 ကြားတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများတွင် စိုက်ပျိုးကြပါသည်။ ပန်းထိမ်ငိုမျိုးတွင် တစ်ထပ်ပန်းထိမ် နှစ်ထပ်ပန်းထိမ် သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။ မျိုးယူရာတွင်လည်း အပင်ကို cuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥမှစိုက်ပျိုးခြင်း ဆိုပြီးနှစ်နည်းရှိပါသည်။ မြေယာပြင်ဆင်ခြင်း ထယ်ထွန်ကို ဖွာပြီး မွနေစေရန် ညက်ညက်လုပ်ပေးရန် လိုအပ်ပါသည်။ ပင်ခြားအနေဖြင့် ၃ပေ လူသွားလမ်း ၅ပေဖြင့်စိုက်ပါက အပင်၃၀၀၀ ခန့်ဝင်ဆန့်ပြီး ဥအနေဖြင့် စိုက်ပါက ပိဿ ၅၀မှ ၁၀၀ကြားလိုအပ်ပါသည်။ မြေပြင်စဉ်တွင် အပေါ်ယံကို မီးရှို့ပေးရန် လိုအပ်ပါသည်။ မြေသြဇာသုံးစွဲခြင်း အခြေခံမြေသြဇာ အဖြစ်နွားချေးကို သီးသန့်သုံးစွဲသင့်ပြီး နွားချေးကို EM ဘိုကာရှီ နည်းအတိုင်း သို့မဟုတ် ထရိုင်ကိုဒါးမား နှင့် မြေသြဇာလုပ်ပြီး သုံးပါက ပိုမိုကောင်းမွန်ပါသည်။ ထရိုင်ကိုဒါးမားဖြင့် ဆွေးထားသော နွားချေးကို ပိုမိုအသုံးပြုစေချင်ပါသည်။ ထရိုင်ကိုဒါးမားမှိုသည် ပင်စည်ပုပ် အူပုပ် အမြစ်ပုပ် ရောဂါများကို ကာကွယ်နိုင်သောကြောင့် ဖြစ်ပါသည်။ စိုက်စနစ် အပင်စိုက်ပြီး တစ်နှစ်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ်နွေအကုန် မိုးဦးကျခါနီးတွင် စတင်ခူးဆွတ်နိုင်ပါသည်။ ဥများကိုတော့ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလယ်တွင်ခူးဆွတ်နိုင်ပါသည်။ ပန်းထိမ်ငိုပန်းခင်းသည် ၁၀ လပိုင်းလောက်တွင် ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂ လပိုင်းများသည် အပင်နားသောလဖြစ်ပါသည်။ ၃လပိုင်းနှင့် ၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက်စီးပြီး ဘောင်များပေါ်တွင် မီးရှို့ကာ နွားချေးမြေသြဇာ ထည့် ဘောင်လုံးပြီး ရေနေ့စဉ် သွင်းပေးပါက ပန်းများစောစီးစွာ ပွင့်စေပါသည်။ ပန်းထိမ်ငိုပန်းခင်းကို ၃နှစ် အထိ ထားရှိပြီး ၃ နှစ်ပြည့်လျှင် ဥများကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ရန် လိုအပ်ပါသည်။ ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ စိုက်ခင်းတွင် အဒိကအားဖြင့် အမြစ်ပုပ် အူပုပ် ပြဿနာများဖြစ်သည်။ မြစ်စားပိုး အနည်းငယ်လည်း ကျတတ်ပါသည်။ အမြစ်ပုပ် ပင်စည်ပုပ် ရောဂါများသည် မျိုးမှ ပါလာတတ်ကြပြီး မြေဆောင်ရောဂါဖြစ်သွားတတ်ပါသည်။ ထိုရောဂါကို ထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင် ကိုင်းထိုးမျိုးခံခြင်းများ ပြုလုပ်သင့်ပါသည်။ ၎င်းရောဂါကျရောက်ပါက အပင်များသေပျောက်ကာ နောက်ဆုံး တခင်းလုံး ကူးတတ်ပါသည်။ ကုသခြင်းထက် ကာကွယ်မှသာ ကောင်းမွန်သောရောဂါမျိုး ဖြစ်ပါသည်။ ထရိုင်ကိုဒါးမားမှိုကို မွေးမြူထားခြင်းဖြင့် ရောဂါကျရောက်ခြင်းကို အသင့်အတင့် ကာကွယ်နိုင်ပါသည်။ ကုသဆေးအနေဖြင့် forstethyl aluminum ဖော့စ်အီသိုင် အလူမီယမ်ခေါ် ဆေးကို မြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့ကာ ရိကျတတ်ပါသည်။ မိုးများလွန်းသော အခြေအနေနှင့် အပင်ထူသော အခြေအနေဆုံပါက အဖြစ်များပါသည်။ မြေချဉ်ကိန်းလည်း pH 5 အောက်ဆင်းနိုင်သဖြင့် မိုးဦးကျ တကြိမ် မိုးလည်တစ်ကြိမ် ထုံးနှင့် ဂျစ်ပဆင်ကို ၄း ၁ နှုန်းထည့်ထားသင့်ပါသည်။ စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက်သငါ့ပါသည်။ ရောဂါရအရွက်များကို ဖြတ်ထုတ်ခြင်း ပင်များတူးထုတ် လွှတ်ပစ်ခြင်းများ ပြုလုပ်ပေးရပါမည်။ benzimidaoe အုပ်စု propiconazole အုပ်စုတို့ကို ဖျန်းဆေးကုသဆေးတို့အဖြစ် သုံးနိုင်ပါသည်။mancozeb ကို ကာကွယ်ဆေး အနေဖြင့် သုံးနိုင်ပါသည်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။