ဆေးဖက်ဝင် ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ
အင်္ဂလိပ်အမည် - False Daisy (သို့မဟုတ်) Trailing eclipta
ရုက္ခဗေဒအမည် - Eclipta alba(L)Hassk
အပင်ပုံစံ
ကြိတ်မှန်ပင်သည် တစ်နှစ်ခံပင်ဖြစ်ပြီး ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပါသည်။ အပင်မှာ ထောင်မတ်၍ပေါက်ပြီး ၁၈ လက်မ ကျော်ထိ ရှည်လျားကြီးထွားနိုင်ပါသည်။ ခရမ်းညိုရောင်ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွေးကြမ်းကလေးများ ပါရှိပါသည်။
အရွက်
အရွက်ထွက်သော ပုံစံမှာ ရွက်ဆိုင်ထွက်ပါသည်။ ရှည်မျောမျော လှံစွပ်ပုံသဏ္ဌာန် ဖြစ်ပါသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာမှာ အလွန်တိုပြီး အရွက် အထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွေးကြမ်း ကလေးများရှိပါသည်။ ရွက်ဘေးနားပတ်လည်တွင် ခွေးသွားစိပ်ကလေးများ ရှိပါသည်။
အပွင့်
ပန်းပွင့်မှာ ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည်။ တပို့တွဲလများတွင် ပွင့်ပါသည်။
ပေါက်ရောက်ရာ ဒေသ
ကြိတ်မှန်သည် ပူနွေးစိုစွတ်သော ဒေသများနှင့် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် နီပေါ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံများတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလေ့ကျပေါက်ရောက်ပြီး မိုးများသော ဒေသများတွင် အများအပြား ပေါက်ရောက်သဖြင့် ပေါင်းပင်များကဲ့သို့ သတ်မှတ်ကြပါသည်။
ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ
ကြိတ်မှန်ပင်သည် ဘက်တီးရီးယားပိုးမွှားများ ပေါက်ရောက်မှုကို ဟန့်တားနိုင်သော အစွမ်း (Antibacterial Activity)၊ ရောင်ရမ်းမှုများကို သက်သာစေနိုင်သောအစွမ်း (Anti-inflammatory activity)၊ ဓါတ်မတည့်၍ ယားယံခြင်းကို သက်သာစေနိုင်သောအစွမ်း၊ ဆံပင်ကိုထူလာစေပြီး နက်မှောင်သန်စွမ်းစေသောအစွမ်း စသည့် အစွမ်းသတ္တိတွေ များစွာရှိပါသည်။
ဆေးမြီးတို အနေဖြင့် အသုံးချခြင်း
၁။ ကြိတ်မှန်ရွက်အရည်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အသဲရောင်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ အနာအုံဆေးများ အဖြစ် အသုံးပြုကြပါသည်။
၂။ ကြိတ်မှန်ပင်ကို ဝမ်းကိုက်သွေးပါ၊ အရေပြားအနာ၊ မီးယပ်နှင့်ဆိုင်သောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ စသည့် ရောဂါပြဿနာများကို ကုသရာတွင် အခြားဆေးဘက်ဝင်ပစ္စည်းများနှင့် အချိုးကျရောနှောပြီး ထည့်သွင်းဖော်စပ်ကာ အသုံးပြုလေ့ရှိပါသည်။
၃။ မီးပူကပ်မိခြင်း၊ ရေနွေးပူလောင်ခြင်းများဖြစ်ပါက ကြိတ်မှန်ရွက်ကို ပင်စိမ်းရွက်နှင့် ဆတူရောထောင်းကာ ထွက်လာသော အရည်ကို တစ်နေ့လျှင်နှစ်ကြိမ် လိမ်းပေးနိုင်သည်။
၄။ ယားသောနေရာကို ကုတ်ခြစ်ရာမှ အရေပြားပေါ်တွင် အမာရွတ်များ ကျန်ခဲ့ပါကလည်း အထက်ဖော်ပြပါနည်းအတိုင်း လိမ်းပေးနိုင်ပါသည်။
၅။ ဆံပင် နီကျင်ကျင်ဖြစ်ခြင်း၊ ဆံပင်များကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းများ အတွက် ကြိတ်မှန်ရွက်ကို မြင်းခွာရွက်၊ ကွမ်းရွက်တို့နဲ့ အညီအမျှရောထောင်းကာ ရရှိလာသောအရည်ကို ရေအနည်းငယ်နှင့် ရောကာ နေ့စဉ်လိမ်းပေးပါက ဆံပင်ကျွတ်ခြင်း အဖျားနှစ်ခွဖြစ်ခြင်းများ လျော့နည်းသက်သာပြီး ဆံသားမှာ ပိတုန်းရောင်ကဲ့သို့ နက်မှောင်လာမည်ဖြစ်ပါသည်။
၆။ ကြိတ်မှန်ရွက်ကို နေလှန်းအခြောက်ခံ အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဥ်သောက်သုံးပါက အမြင်အာရုံ၊ အကြားအာရုံကောင်းစေသလို သွားများအတွက်ပါ ကောင်းစေပါသည်။
၇။ ဆီးချိုဝေဒနာ ခံစားနေရသူများအနေဖြင့် ကြိတ်မှန်တစ်ပင်လုံးအား အမှုန့်လုပ်၍ ရေနွေးထဲတွင် ခပ်သောက်ပါက သက်သာပျောက်ကင်းစေပါသည်။
၈။ ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်ခြင်းအားဖြင့် လိပ်ခေါင်းထွက်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ကိုလည်း သက်သာစေပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://en.wikipedia.org/wiki/Eclipta_prostrata
https://ondoctor.com.mm/healthy-living/15831/
http://www.myanmarload.com/news/21311
ဆက်စပ်ဆောင်းပါးများ
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026