၂၀၁၁ မေလမှ စတင်ခဲ့တဲ့ အစိမ်းရောင်လမ်း အဖွဲ့လေးဟာ အခုဆို နှစ်နှစ်ကျော်ခဲ့ပါပြီ။ ကျောင်းမှာ သင်ကြားခဲ့ရတဲ့ ပညာတွေ၊ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံ၊ တောင်သူတွေဆီကို ကွင်းဆင်း နည်းပညာ မျှဝေရင်း ဦးကြီးတို့ဆီက ပြန်လည်သင်ကြားခဲ့ရတဲ့ အတွေ့အကြုံတွေက နည်းပညာမျှဝေတဲ့ ဝက်ဆိုဒ်လေးတစ်ခု မွေးဖွားလာစေတဲ့ တွန်းအားတွေဖြစ်စေခဲ့တယ်။

အစိမ်းရောင်လမ်း အဖွဲ့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ ဒီဝက်ဆိုဒ်လေးကို ဒီရည်ရွယ်ချက်တွေနဲ့ ရေးဆွဲဖြစ်ခဲ့ပါတယ်။