အပင်အရုပ်သွင်းခြင်း(သို့)topiary
ချုံပုတ်ပင်တွေ၊ နှစ်ရှည်ခံပင်လို အပင်လေးတွေကို အရုပ်ပုံစံအမျိုးမျိုးလုပ်ပြီး ပုံဖော်ထားကြတာကို တော်တော်များများ တွေ့ဖူးကြမှာပါ။ ပန်းခြံတွေလိုမျိုး အများပြည်သူဆိုင်ရာနေရာတွေမှာတော့ အများဆုံးတွေ့နိုင်ပါတယ်။
တချို့က ဂျီဩမေတြီပုံစံတွေ ဖြစ်ရင်ဖြစ်မယ်၊ တချို့က ချစ်စဖွယ်တိရစ္ဆာန်ကောင်ပုံလေးတွေ ဖြစ်ရင်ဖြစ်မယ်၊ တချို့ကတော့ နာမည်ကျော် ကာတွန်းဇာတ်ကောင်ပုံလေးတွေလည်း ဖြစ်ရင်ဖြစ်မယ်..စသဖြင့် အမျိုးမျိုးပေါ့..။
အဲ့ဒီလိုလုပ်တဲ့ပညာကို Topiary လို့ခေါ်ပါတယ်။ အလှရုပ်လုံးဖော်ပညာ ဆိုပါတော့။ အဓိပ္ပာယ် အားဖြင့်တော့ အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။
Topiary ဆိုသည်မှာ..
အပင်များကို ကိုယ်လိုချင်သော ပုံသဏ္ဍာန်များဖြစ်အောင် ပုံစံသွင်းပြုပြင်ပေးသော ဥယျာဉ်ခြံနည်းပညာ ဖြစ်သည်။
စိတ်ကူးယဉ်ဖန်တီးသောနည်းပညာဖြစ်သည်။
ကိုယ်ဖန်တီးလိုသော ပုံသဏ္ဍာန်ကို ထိန်းပေးသောနည်းပညာဖြစ်သည်။
သက်ရှိကို ရုပ်လုံးဖော်သော အနုပညာဖြစ်သည်။
စသဖြင့် အမျိုးမျိုးပေါ့..။
ဆိုတော့ အပင်လေးတွေကို ပန်းအိုးလေးနဲ့ အိမ်အဝင်မှာ ထားမလား၊ လျှောက်လမ်းရဲ့ဘေးဝဲယာမြေပြင်မှာပဲ ထားမလား။ မျက်စိပသာဒဖြစ်ဖို့၊ ပိုပြီး ဆွဲဆောင်မှုရှိဖို့ဆိုရင်.. Topiary နည်းနဲ့ မိမိစိတ်ကြိုက် ဖန်တီးအလှဆင်နိုင်ပါတယ်။

Topiary ပြုလုပ်မယ်ဆိုရင်..
အမြဲစိမ်းသော၊ အရွက်သေးသော၊ သိပ်သိပ်သည်းသည်း ကြီးထွားတတ်သော၊ အချိုးညီညီ ကြီးထွားတတ်သော သစ်မာပင်များ၊ ချုံပုတ်ပင်များကို ရွေးချယ်သင့်ပါတယ်။
ယုဇနပင်၊ ကျောက်ခက်ပင်၊ ကရဝေးပင်၊ ဆောက်ကြိုပင်၊ ဟော်လီပင်၊ သပြေပင်၊ မုရတုပင်၊ ကျောက်ထင်းရှူးပင်၊ ကြံ့စာပင်၊ စက္ကူပန်းပင်၊ ရေတမာပင် တို့ဟာ topiary ပြုလုပ်ရာမှာ အသုံးများတဲ့ အပင်တွေ ဖြစ်ပါတယ်။
အရွက်သေးသော တိုက်ကပ်နွယ်ပင်တွေကိုလည်း အသုံးပြုကြပါတယ်။
မြေယာအလှဆင်တဲ့လုပ်ငန်းတွေမှာလည်း topiary နည်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။
ခြံစည်းရိုးတွေမှာလည်း ရိုးရှင်းသော အကာအရံ Topiary ပုံစံတွေ တွေ့ရတတ်ပါတယ်။
Topiary နည်းနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။
လွယ်ကူတဲ့ ပုံစံတွေကတော့ ဘောလုံး၊ ပိရမစ်၊ လုံးချွန်၊လေးထောင့် ပုံသဏ္ဍာန်မျိုးတွေ ဖြစ်ပါတယ်။
တိရစ္ဆာန်များ၊ လူများ၊ ငှက်များ၊ ရုပ်လုံးရုပ်ကြွများနဲ့ သဘာဝမှာ တွေ့မြင်ရတတ်တဲ့ ပုံသဏ္ဍာန်များကိုလည်း ကိုယ့်ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ပုံဖော်နိုင်ပါတယ်။
Topiary ပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကတော့
ဝိုင်ယာဖရိန် (wire frames/wire cages)၊ ပန်းအိုး၊ အပင်၊ ကိုင်းဖြတ်ကတ်ကြေး၊ မြေသြဇာ စတာတွေ ဖြစ်ပါတယ်။ ရေပုံမှန်လောင်းပေးဖို့လည်း လိုပါမယ်။
Topiary လုပ်ချင်တဲ့အပင်ကို ပန်းအိုးနဲ့ စိုက်မယ်လို့ ရည်ရွယ်ထားရင်တော့ အပင်ငယ်စဉ်ကတည်းက အိုးထဲသို့ ပြောင်းရွှေ့စိုက်ပျိုးထားရပါမယ်။ မြေပြင်မှာ စိုက်မယ်လို့ ရည်ရွယ်ထားမယ်ဆိုရင်တော့ အဲ့ဒီအပင် အတည်တကျစိုက်မယ့်နေရာကို တခါတည်း ရွှေ့ပြောင်းစိုက်ထားရပါမယ်။
အပင်များ ကောင်းစွာရှင်သန်ကြီးထွားနိုင်ဖို့ ပုံမှန်ရေလောင်းပေးဖို့လိုမှာဖြစ်ပြီး မြန်မြန်ကြီးထွားချင်တယ်ဆိုရင်တော့ ပင်ပိုင်းကြီးထွားမှုကို အားပေးတဲ့ မြေသြဇာ၊ အားဆေးတွေကို အသုံးပြုနိုင်ပါတယ်။
အပင် အသင့်အတင့် အရွယ်ရောက်လာပြီဆိုရင်တော့ ကိုယ်ပုံဖော်ချင်တဲ့ သဏ္ဍာန်ဖြစ်အောင် Wire frames တွေပြင်ပြီး အပင်ကို ခြုံကာ ထိန်းပေးရပါတယ်။ Frames အပြင်ကို ထွက်လာတဲ့ အကိုင်းအညွန့်တွေကိုတော့ frames အတွင်းသို့ ပြန်သွင်းခြင်း (သို့) ကိုက်ဖြတ်ပေးခြင်းများ ပြုလုပ်ရပါတယ်။
ဘေးအတက်ကိုင်းများကို ဖြတ်ခြင်းအားဖြင့် ကိုင်းပွားမှု ပိုကောင်းလာပါတယ်။
အပင်ကိုင်းဖြတ်ရာမှာ သတိထား၍ ကိုင်းဖြတ်ရန် လိုအပ်ပါတယ်။ အောက်ဘက်သို့ ကိုင်းကျသောကိုင်းဟာ ကြီးထွားမှု နှေးကွေးတတ်ပြီး ထောင်မတ်သောကိုင်းဟာ ကြီးထွားမှု မြန်ဆန်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။
အပင် ရုပ်လုံးပေါ်လာပြီးနောက်ပိုင်းမှာလည်း အဲ့ဒီသဏ္ဍာန်ကို ထိန်းထားဖို့ ကိုင်းဖြတ်ကတ်ကြေးဖြင့် အမြဲညှပ်ပေးနေဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီတော့ အချုပ်အားဖြင့်တော့ အထက်မှာဖော်ပြခဲ့တဲ့ဟာလေးကို နောက်တစ်ကြိမ်ဖော်ပြပါရစေ..။
Topiary ဆိုတာ..
စိတ်ကူးယဉ်ဖန်တီးသောနည်းပညာဖြစ်သည်။
ကိုယ်ဖန်တီးလိုသော ပုံသဏ္ဍာန်ကို ထိန်းပေးသောနည်းပညာဖြစ်သည်။
သက်ရှိကို ရုပ်လုံးဖော်သော အနုပညာဖြစ်သည်။
ဆိုတော့ ‘ Topiary သည် စိတ်ကူးယဉ်တတ်သော၊ ဉာဏ်ကွန့်မြူးဖန်တီးအလှဆင်တတ်သော အနုပညာခံစားအားကောင်းသည့်ပုဂ္ဂိုလ်များနှင့် ကိုက်ညီသော ဥယျာဉ်ခြံနည်းပညာဖြစ်သည်’ ဟုသာ ဆိုလိုက်ချင်ပါတယ်..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါအမ
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023