Sustainable Agriculture (ရေရှည်တည်တံ့သောစိုက်ပျိုးရေး) - ၂
အရွယ်တူစက် ဝိုင်း ၃ ခုနှင့်ပုံ ဖေါ်ထားတဲ့ Three Rings Model ရဲ့အားနည်းချက်အကြောင်းပြောခဲ့ပြီး ပါပြီ။ ပြန်ကောက်ရရင် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု (economy)၊ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ (Society) နှင့် သဘာဝပတ်ဝန်းကျင် (Environment) တွေကို သီးခြားရပ်တည် နေပြီး အရေးပါအရာရောက်မှုခြင်းတူညီကြတဲ့ နယ်ပယ်တွေအဖြစ်ယူဆခဲ့ကြတာပါ။ အကျိုးဆက်ကတော့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဟာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ (Society) နှင့် သဘာဝပတ်ဝန်းကျင် (Environment) တွေကိုအင်အားကောင်းကောင်းနဲ့လွှမ်းမိုးထား တဲ့အပြင် ပေါ်လစီတွေချမှတ်၊ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အခါတွေမှာ နိုင်ငံစုံကော်ပိုရေးရှင်းတွေ (multi-nationals cooperations) ကလွှမ်းမိုးထားတဲ့အပြင် သူတို့က အစိုးရတွေကိုပါ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားနိုင်ပါတယ်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကလည်း စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိက ဇောင်းပေးထားပြီး လူ့အဖွဲ့စည်းနှင့် သဘာဝပတ်ဝန်းကျင်ကို စီးပွါးရေးအကျိုးအမြတ်အတွက် အရင်းအမြစ် အနေနဲ့သာ အဖြည့်ခံ အနေနဲ့ သဘောထားပါတယ်။ ပကတိအရှိတရားကတော့ ဒီသဘောနှင့်မတူပါဘူး။ လူ့အဖွဲ့အစည်းမရှိဘဲ လူတစ်ယောက်ချင်းစီဟာ မရှင်သန်နိုင် (ဒါမှမဟုတ်) ဒီနေ့လူ့အဆင့်အတန်းကို ရောက်နိုင်သလို လူ့အဖွဲ့အစည်းဆိုတာကလည်း သဘာဝပတ်ဝန်းကျင် ဆိုတာကြီး ထဲမှာသာ ဖြစ်တည်နေတာပါ။ ပြီးတော့ လူဆိုတာမရှိရင် Economy ဆိုတဲ့စီးပွါးရေးလုပ်ဆောင်ချက် တွေလည်းရှိတော့မှာ မဟုတ်ပါဘူး။လူတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေက သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိနေပါတယ်။ ကျနော်တို့ရဲ့လိုအပ်ချက်တွေ (အပူ၊ အလင်း၊ အစားအသောက်၊ အဝတ်အထည်၊ အဆောက်အအုံ အပြင် ဒီနေ့နောက်ဆုံးပေါ်အသုံးအဆောင်ပစ္စည်းတွေကအစ)အားလုံးဟာ သဘာဝ ပတ်ဝန်းကျင်ကရရှိတာဖြစ်ပါတယ်။ နောက်ဆုံး အဲဒါတွေအားလုံး သက်တမ်းကုန်၊ ပျက်စီးလို့ မသုံးတော့ဘူးဆိုရင် သဘာဝပတ်ဝန်းကျင်ဆီကိုပဲပြန်ရောက်ရအုံးမှာပဲ။ ကျနော်တို့ရဲသဘာဝ ပတ်ဝန်းကျင် မရှိဘဲကျနော်တို့ ရှင်သန်လို့မရပေမယ့် ကျနော်တို့ လူတွေမရှိလည်း သဘာဝပတ်ဝန်းကျင်ဆိုတာ ရှိနေမှာပါ။ ဒါကို Bob Gidding က သူ့ရဲ့ Nested Modle နဲ့ပုံဖေါ်ထားပါတယ်။

ဒီပုံမှာ သတိထားရမယ့်သဘောတရားကတော့ Economy ဟာအားလုံးရဲ့ ဗဟိုမှာရှိတဲ့ အရေးအကြီးဆုံး နယ်ပယ်မဟုတ်ပါဘူး။ Economy ဟာ Society ထဲမှာရှိနေပြီး အဲဒီနှစ်ခုလုံးဟာ Environment ထဲမှာ ရှိနေတာ ဖြစ်တယ်လို့ဆိုလိုတာပါ။ ပြီးတော့ Socity နှင့် Environment တို့ဟာ တခြားဖြစ်စဉ်တွေဖြစ်ပေါ်ဖို့ Economy နယ်ပယ်မှာ လာရောက်ထိစပ်ပါတ်သက် တာကိုလည်း သရုပ်ဖော်ပါတယ်။
ဒီတော့ SD/SA ဖြစ်ဖို့ကဓိကသော့ချက်ကတော့ နယ်ပယ်စုံ၊ ကဏ္ဍစုံက ချဉ်းကပ် အကောင်အထည် ဖော်ဖို့ပါပဲ။ ဒါပေမယ့် ဒီလို Models တွေက သဘောတရားတွေကို ထင်သာမြင်သာအောင် ပုံဖော်ထားပေမယ့် လက်တွေ့မှာ နယ်ပယ်တွေဟာ အချင်းချင်းရောထွေး နေပါတယ်။ Bob Gidding ကိုယ်တိုင်ဝန်ခံတာကတော့ Three Rings Model ကနေ Nested Model ကိုပြောင်းမြင်ကြည့်တာဟာ ပိုကောင်းတဲ့သဘောတရား ဖြစ်ပေမယ့် ကျယ်ပြန့်လွန်းတဲ့ လူ့အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ဘောင်ကျဉ်းကျဉ်းလေးထဲ ထည့်ရတာပါပဲတဲ့။ သူနိဂုံးချုပ်ထားတာကတော့ SD/SA ဖြစ်ဖို့ဆိုတာ နည်းပညာတိုးတက်ပြောင်းလဲမှုထက် လူတွေရဲ့ အမူအကျင့် နှင့် သဘာဝလောကကြီးကို လူတွေရှုမြင်ပုံပြောင်းလဲဖို့ပိုလိုအပ်ပါတယ်တဲ့။ ဒီတော့ SD/ SA ဟာ နည်းပညာ (Technology) ထက် သဘောတရား (Philosophy) ပိုဆန်လာပါတယ်။ ဒါကြောင့်လည်း လက်တွေ့နယ်ပယ်မှာ အကောင်အထည်နဲ့ ဒါကတော့ Sustainable Agriculture ရယ်လို့ အပ်ကျမတ်ကျမပြောနိုင်တာထင်ပါတယ်။
ဒါတွေကတော့ ကျနော်နားလည်တဲ့ SD/SA သဘောတရားအခြေခံလေးပါ။ ဒါတွေနှင့်ဆက်စပ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသုံးအနှုန်းလေးတွေရှိပါတယ်…..
ဥပမာ
1. Tragedy of Common
2. Ecocentirc
3. Anthropocentric
4. Technocentric
5. Deep Ecology
6. Shallow Ecology
7. Ecosystem services
အစရှိသဖြင့် …………………………..
Ye Lin Oo
Ref: Environment, Economy and Society: Fitting them into Sustainable Development by Bob Gidding, Bill Hopwood and Geoff O’Brien. 2002. DOI: 10.1002/sd.199.
ဆက်စပ်မေးခွန်းများ
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
UU Kyaw Gyi • ဖြေကြားချက် 1 ခု
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
ဝင်းဝင်းအေး • ဖြေကြားချက် 2 ခု
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
တင့်ဆွေ • ဖြေကြားချက် 1 ခု
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from Ko Ye Linn Oo
အားလုံး