ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စိုက်ခင်းများတွင် တမာဆီအသုံးပြုခြင်း
ဓာတုပိုးသတ်ဆေးများနဲ့ ဓာတ်မြေသြဇာများဟာ ၂၀ ရာစု “စိမ်းလန်းသောတော်လှန်ရေး” ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဓာတုပိုးသတ်ဆေးများမှာ ပိုးမွှားများအား နှိမ်နင်းရာတွင် ထိရောက်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းကြီးများမှသည် စိုက်ခင်းငယ်လေးများအထိ တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြပါတယ်။ သို့သော်မကြာသေးမီ ဆယ်စုနှစ်များအတွင်း ပိုးသတ်ဆေးများအသုံးပြုခြင်း၏ အားနည်းချက်များနှင့် အန္တရာယ်များကို စတင်တွေ့ရှိလာခဲ့ပါတယ်။ ၎င်းတို့ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံကြောင့် သဘာဝဂေဟစနစ်များနဲ့ လူ့ခန္ဓာကိုယ်များတွင်ဖြစ်ပျက်နေသော အန္တရာယ်ရှိသည့် ဖြစ်စဉ်များနောက်ကွယ်မှ ဇာတ်ဆောင်တစ် ဦးဖြစ်လာပါတယ်။ ဖော်ပြပါ အခြေအနေများကြောင့် အော်ဂဲနစ်ဥယျာဉ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာများနဲ့ သဘာဝပိုးသတ်ဆေးများကို စတင်သုံးစွဲလာရခြင်းများ ဖြစ်လာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တမာဆီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
တမာဆီဆိုတာ ဘာလဲ?
အပင်ပိုးမွှားများကို နှိမ်နင်းရာတွင် အလွန်အသုံးဝင်သော အပင်မှာ တမာပင် ဖြစ်ပါတယ်။ မူရင်းဒေသကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ တမာဆီဟာ အလှကုန်ပစ္စည်းမှ အင်းဆက်ပိုးမွှားများနှိမ်နင်းနိုင်သည်အထိ အသုံးဝင်တဲ့ တန်ဖိုးထားဖွယ်ရာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တမာဆီမှာ ပိုးသတ်ဆေးဆိုင်ရာဂုဏ်သတ္တိများရှိခြင်းကြောင့် ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေမှာ အကျိုးကျိုးရှိရှိအသုံးချလို့ရပါတယ်။ တမာဆီဆိုတာ တမာပင်ကနေ အခြားအပင်တွေကို ပေးတဲ့ သဘာဝလက်ဆောင်တစ်ခု ဆိုရင်လည်း မမှားပါဘူး။
အင်းဆက်ပိုးမွှားများအား ကာကွယ်နှိမ်နင်းနိုင်ခြင်း
တမာဆီဟာ အပင်များအား စားသောက်ဖျက်ဆီးသော အင်းဆက်ပိုးမွှားမျိုးစိတ် ၂၀၀ ကျော်အထိ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ တမာဆီဟာဆိုရင် အင်းဆက် ပိုးမွှားများအနေဖြင့် ဂျပိုးအနွယ်ဝင်ပိုးကောင်များ၊ ပျ၊ ပိုးလောက်ကောင်များ၊ လှေးပိုး၊ ယင်ဖြူ၊ ကမျဥ်းနီ၊ မှက်၊ ကျိုင်းကောင်၊ ငမြှောင်တောင်နဲ့ အခြားအရွက်စား ပိုးကောင်များအား ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ တမာဆီတွင် Azadirachtin (အဇာဒီရက်တင်) ဟုခေါ်သော သဘာဝပိုးသတ်ဆေးအာနိသင်ပါရှိပြီး အဖျက်ပိုးများရဲ့ အစာစားချင်စိတ်နှင့် ကြီးထွားမှုကို နည်းအောင်ပြုလုပ်ပေးပါတယ်။ ဒါကြောင့် တမာဆီသုံးပြီးတဲ့နောက် သိပ်မကြာခင်မှာ စိုက်ခင်းအတွက် အန္တရာယ်ရှိတဲ့ ပိုးတွေကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ တမာဆီဟာဆိုရင် ၎င်းရဲ့ ပြင်းထန်လွန်းတဲ့ အနံ့နဲ့ အင်းဆက်ပိုးမွှားတွေကို မိမိစိုက်ခင်းဆီ နောက်ထပ်မလာအောင် တွန်းလှန်ပေးပါတယ်။ တမာဆီကို ယေဘူယျအားဖြင့် ရေတစ်ဂါလံမှာ ၁၀ စီစီနှုန်း၊ ဆေးဖျန်းပုံး တစ်ပုံးလျှင် ၅၀ စီစီမှ ၆၀ စီစီနှုန်းထည့်သွင်း အသုံးပြုနိုင်ပါတယ်။ မိမိရဲ့စိုက်ခင်းမှာ အဖျက်ပိုးများ မကျရောက်ခင်ကတည်းက ပုံမှန်ကြိုဖျန်းပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
တမာဆီနဲ့ တမာအဆီကို အခြေခံပြီးထုတ်ထားတဲ့ ပစ္စည်းတွေဟာဆိုရင် အင်းဆက်ပိုးမွှားတွေသာမကဘဲ နီမတုတ်နဲ့ မှိုရောဂါ အချို့ကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မှိုရောဂါမှာဆိုရင် ဖားဥမှိုရောဂါ၊ အမဲစက် အမဲပြောက်ရောဂါ နဲ့ သံချေးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် တမာဆီဟာ အပင်ဗိုင်းရပ်စ် ကူးစက်မှုကိုလည်း တားဆီးနိုင်ကြောင်း ပြောဆိုမှုများလည်းရှိပါတယ်။
တမာသီး အလေးချိန်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို တမာဆီအဖြစ် ထုတ်လုပ်နိုင်ပါတယ်။ တမာဆီကို တမာအစေ့အတွင်းမှာ ရှိတဲ့ အဆံ ကနေထုတ်ယူနိုင်ပါတယ်။ တမာဆီ ထုတ်ယူမှုကနေ ထွက်ရှိတဲ့စွန့်ပစ် ပစ္စည်းမှာ အခြေခံအားဖြင့် အစေ့အဆန်အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားသည့် တမာကြိတ်ဖက် ဖြစ်ပါတယ်။ တမာကြိတ်ဖက်ကိုလည်း ပိုးသတ်ဆေးပြုလုပ်ရာမှာရော၊ မြေသြဇာ ပြုလုပ်ရာမှာပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ တမာကြိတ်ဖက်ကို အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေးများရဲ့ အစားထိုးအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။ တမာကြိတ်ဖက်တွေကို ကပ်ပါးကောင်များ၊ ဘက်တီးရီးယားများနဲ့ မှိုရောဂါများကို ကုသဖို့အတွက် တိရစ္ဆာန်တွေကို အစာကျွေးတဲ့အခါမှာ ရောပြီး ကျွေးလေ့ရှိပါတယ်။
သင်၏စိုက်ခင်းတွင် တမာဆီကို အသုံးပြုမည်ဆိုပါက ရွေးချယ်ရန် ၂ မျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ စီးပွားဖြစ်ထုတ်လုပ်ထားတဲ့ အသင့်သုံး တမာဆီကို ဝယ်ယူအသုံးပြုခြင်းဖြစ်ပါတယ်။ အသင့်သုံးတမာဆီဟာဆိုရင် များသောအားဖြင့် ပိုးသတ်ဆေးအာနိသင်ပါဝင်မှုနည်းတတ်တာကြောင့် ပိုးမွှားတွေကို ကာကွယ်နှိမ်နင်းရာမှာ ထိရောက်မှုတော့ အနည်းငယ်လျော့နိုင်ပါတယ်။ အသင့်သုံးဖြစ်တာကြောင့် ကိုယ်မလိုချင်တဲ့ ဓာတ်ပစ္စည်းအချို့လည်း ပါဝင်ကောင်း ပါဝင်နိုင်တာမို့ အမှန်တကယ်စိတ်ချရတဲ့ တံဆိပ်မျိုးကိုသာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုပါတယ်။
ဒုတိယတစ်မျိုးဟာဆိုရင် မိမိကိုယ်တိုင် တမာဆီပြုလုပ်ပြီး သုံးစွဲခြင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြုလုပ်တာကြောင့် မိမိထည့်သွင်းချင်တဲ့ ပစ္စည်းတွေထည့်သွင်းနိုင်သလို၊ လိုချင်တဲ့ ပြင်းအားပမာဏကိုလည်း ရွေးချယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်ပြုလုပ်တဲ့အခါမှာ အင်တာနက်ကနေရှာဖွေပြီး ပြုလုပ်လို့ရပေမယ့် ပြင်းအားပမာဏ အနည်းအများကို ချိန်ညှိပြီး လုံလောက်တဲ့ စမ်းသပ်မှုမျိုး ပြုလုပ်ကာ ရလဒ်ကို ၂၄ နာရီထား စောင့်ကြည့်ပြီးမှ စိုက်ခင်းမှာလက်တွေ့အသုံးပြုဖို့ အကြံပြုလိုက်ရပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://www.trees.com/neem-oil-for-plants
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကယခုလိုစိုက်ပျိုးရေးဗဟုသုတတွေမျှဝေပေးတဲ့အစိမ်းရောင်လမ်းမှဆောင်းပါးရှင်အားကိုကျေးဇူးပါခင်ဗျ
Tin Maung Win
လွန်ခဲ့သော ၅ နှစ် ကရှာလကာရေကလည်းအချို့အပင်တွေဖျန်းဖို့အတွက်ကောင်းတယ်လို့ကြားဘူးပါတယ်။ ရေဘယ်လောက်ရောပြီး ဘာအပင်တွေ အတွက် ကောင်းလဲ သိချင်လို့ပါ ခင်ဗျာ။
Soe Paing
လွန်ခဲ့သော ၅ နှစ် ကဘယ်လို နေရာမှာ ဝယ်လို့ရပါသလဲခင်ဗျာ
HtetHtetzaw
လွန်ခဲ့သော ၅ နှစ် ကတမာဆီကိုပဲတီစိမ်းဘယ်နှရက်သားမှာစသုံးသင့်ပါသလဲဘယ်ချိန်ထိဆတ်သုံးလို့ရသလဲဆိုတာသိချင်ပါတယ်ရှင့်
ဇင်ထူးနိုင်
လွန်ခဲ့သော ၅ နှစ် ကအစိမ်းရောင်လမ်းမှာ သဘာဝပိုးသတ်ဆေးလုပ်နည်းတွေ လေ့လာနိုင်ပါတယ်။ အမေးအဖြေမှာလည်း သွားရောက်မေးမြန်းနိုင်ပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....