Cornucopia
တိရိစ္ဆာန်တစ်ကောင်၏ ဦးချိုပုံသဏ္ဌာန်ကြီးတစ်ခုထဲကနေ ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကောက်ပဲသီးနှံတွေ ပြည့်လျှံကျလာတဲ့ ဦးချိုပုံသဏ္ဌာန် အလှဆင်ခြင်းတောင်းကြီးကို တခါတရံမှာ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံ ပန်းမန်ပြပွဲတွေမှှာ တွေ့ရတတ်ပါတယ်။ မြန်မာလိုတော့ ဘယ်လိုအမည်မှည့်ခေါ်ထားတယ်တော့ သတိမထား မိခဲ့ပါဘူး။ ဂမ္ဘီရဦးချို သို့မဟုတ်ရင်လည်း ဣစ္စသယဦးချိုလို့ အမည်ပေးလိုက်ရင် လိုက်ဖက်မလားလို့ စဉ်းစားကြည့်မိ ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်အမည်ကတော့ Cornucopia (korn-yoo-Ko-pee-uh ဟု အသံထြက္သည္) ပါ။
Cornucopia ဟာ လက်တင်ဘာသာစကား Cornu (ဦးချို) နဲ့ Copiae (ပေါများကြွယ်ဝခြင်း) တို့မှ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ကောက်ပဲသီးနှံများ ပေါများကြွယ်ဝကြောင်းကို ဖော်ကျူးပြသတဲ့ သင်္ကေတ (A symbol of abundance and nourishment) တစ်ခုအဖြစ် ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ လူသိများကြပါတယ်။
Cornucopia ရဲ့ မူရင်းဇစ်မြစ်ဟာ ဂရိဒဏ္ဍာရီလာ ဇာတ်လမ်းတွေက အခြေတည် အစပြုလာခဲ့ပြီး စာပေတွေမှာ သူနဲ့ပတ်သတ်လို့ ဖော်ပြချက်တွေ အမျိုးမျိုးတွေ့ရပါတယ်။ ထင်ရှားတဲ့ ဂရိဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်အရ၊ ခရိ (Crete) ကျွန်းရဲ့ အိုင်းဒါး (Ida) တောင်ပေါ် ဂူတစ်ဂူတည်းမှာ ကလေးငယ် ဇူးစ် (Zeus) ကို အသားစားကြူးတဲ့ သူ့ဖခင် ခရိုးနပ်စ် (Cronus) ရန်မှ နတ်ဒေဝါတွေက ကာကွယ်ပြုစုစောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။ နတ်ဒေဝါတွေထဲမှာ အမားလ်သီးယား (Amalthea) အမည်ရ အာဟာရဓာတ်ကိုပေးစွမ်းသော ဆိတ်နတ်သမီးက ကလေးငယ် ဇူးစ်ကို သူ့ရဲ့ နို့ချိုနဲ့ တိုက်ကျွေးပြုစု စောင့်ရှောက်ခဲ့ပါတယ်။ နောင်မှာ နတ်ဒေဝါတွေရဲ့ အကြီးအကဲဖြစ်လာမယ့် ကလေးငယ် ဇူးစ်ဟာ ထူးကဲတဲ့ စွမ်းအားတွေရှိနေပြီး၊ တစ်ရက်မှာတော့ သူ့ရဲ့နို့တိုက်မိခင်ဆိတ်နတ်သမီးနဲ့ ကစားနေရင်း အမှတ်မထင် သူ့နို့တိုက်မိခင်ဆိတ်မရဲ့ ဦးချိုတစ်ချောင်းကို ဆွဲချိုးမိသလို ဖြစ်သွားပါတယ်။ အဲဒီမှာတင် ကလေးငယ် ဇူးစ်ဟာ နတ်ဒေဝါစွမ်းအားတွေနဲ့ သူ့ရဲ့မိခင်ဆိတ်နတ်သမီးအတွက် ကျိုးသွားသော ဦးချိုမှ သူ့မိခင် ဆိတ်နတ်သမီး အလိုရှိတောင်းတမှုမှန်သမျှ အမြဲတမ်း ဆောင်ယူပေးနိုင်ရန် ဖြည့်ဆည်းပေးခဲ့တယ်လို့ ဆိုပါတယ်။
မူလအစတုန်းကတော့ Cornucopia ကို ဆိတ်ချိုအစစ်တွေနဲ့ သစ်သီးတွေ၊ ကောက်ပဲသီးနှံတွေ ဖြည့်ပြီး ပြုလုပ်ဆောင်ရွက်ခဲ့ကြတာပါ။ ယနေ့ခေတ်မှာတော့ တကယ့်ဆိတ်ချိုအစား ကြိမ်၊ ဝါးတို့နဲ့ ရက်လုပ်ထားတဲ့ ဦးချိုပုံစံ ခြင်းတောင်းတွေနဲ့သာ ဆောင်ရွက်ကြပါတော့တယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းအပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့ ချီးကျူးတဲ့ Thanksgiving Day နေ့တွေမှာ ဒီ Cornucopia ဦးချိုကြီးကို သစ်သီးဝလံပန်းမန် ကောက်ပဲသီးနှံတွေနဲ့ လှပဝေဆာစွာ တွေ့မြင်နိုင်ပါတယ်။
အခုဆိုရင် ကျနော်တို့ မြန်မာပြည်မှာလည်း စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ အထိမ်းအမှတ်ပွဲတွေ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲတွေမှာ Cornucopia ဟာ အလှဆင်ပြသစရာတစ်ခုအဖြစ် နေရာယူလာတာ တွေ့မြင်သတိထားမိပါတယ်။
Cornucopia ကို ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကောက်ပဲသီးနှံတွေနဲ့ ပတ်သက်လို့ အလှဆင်ပြသတာပဲဖြစ်ဖြစ်၊ တိုင်းပြည်မြို့ရွာနယ်ပယ်ဒေသတစ်ခုရဲ့ စိုက်ပျိုးရေးသီးနှံတွေနဲ့ ပတ်သက်လို့ ပေါများကြွယ်ဝကြောင်း ဖော်ကျူးတင်ဆက်တာပဲဖြစ်ဖြစ် အရေးပါလာတာကြောင့် သူ့ရဲ့အမည်နဲ့ နောက်ခံ ဒဏ္ဍာရီဇာတ်လမ်းလေးဟာ စိတ်ဝင်စားစရာကောင်းပြီး စိုက်ပျိုးရေးသမားတွေအတွက် ဗဟုသုတအဖြစ် သိထားသင့်လို့ မျှဝေ ရေးသားဖော်ပြ လိုက်ပါတယ်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
4-8-2014
ကုိးကား
၁။ Cornucopia – Meaning, History, Tips and Suggestions (Laura M. Scott)
၂။ Cornucopia (Wikipedia)
၃။ Cornucopia: Horn of Plenty (Selena Fox)
၄။ Webster’s Third New International Dictionary
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from HanPhyoAung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....