သင်္ဘောပင်အပုလေးတွေရအောင် ဘယ်လိုလုပ်မလဲ
(အခုလို covidကာလအတွင်းမှာ အားလုံးလည်း အပျင်းပြေစေဖို့ အခုဖော်ပြမယ့် နည်းလေးကို စမ်းသပ်ကြည့်ကြပါနော်။)
သင်္ဘောပင်လေးတွေဟာ အခြားအပင်လေးတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ သွင်ပြင်ရှိကြပါတယ်။ ဒါပေမယ့် သူတို့လေးတွေဟာ အရမ်းရှည်တဲ့အပင်လေးတွေ ဖြစ်ကြတဲ့အတွက် ပုံမှန် အသီးခူးရမယ့်အချိန်မှာဆိုရင် အမြင့်ပေ ၁၅ - ၂၀ လောက်အထိ ရှိနေတတ်ကြပါတယ်။ အဲ့ဒါကြောင့် အသီးခူးတဲ့အခါမှာ အခက်အခဲဖြစ်စေပါတယ်။ အဲ့လိုအခက်အခဲကို ကျော်လွှားဖို့အတွက် အခုဆောင်းပါးလေးမှာ သင်္ဘောပင်လေးတွေကို ဘယ်လိုပုအောင် လုပ်ကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်ရှင့်။
ဘာပစ္စည်းတွေလိုအပ်သလဲ။
ဘာပစ္စည်းမှ ထွေထွေထူးထူးမလိုအပ်ပါဘူးနော်။ အဓိကကတော့ သန့်ရှင်းပြီး အသွားထက်တဲ့ ကပ်ကြေးတစ်လက်ပဲ လိုအပ်တာပါ။ (သတိထားရမှာက မိမိကိုယ်တိုင်က သန့်ရှင်းပြီး အသုံးပြုမယ့်ပစ္စည်းတွေရော ကိုင်တွယ်မယ့်လက်ကိုပါ သေချာသန့်စင်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှ အပင်ထဲကို ရောဂါပိုး မဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်ရှင့်။)
ဘယ်လိုပြုလုပ်ရမလဲ။
- ပထမဦးစွာ မျိုးစေ့ကို ပျိုးရပါမည်။ (မျိုးစေ့ကို စိတ်တိုင်းကျ ဝယ်ယူနိုင်သလို မိမိတို့ စားသည့်အသီးများမှလည်း မျိုးပြန်ယူနိုင်ပါတယ်။)
- ထို့နောက် ကျန်းမာသန်စွမ်းသည့် အပင်ပေါက်ဖြစ်လာပြီဆိုလျှင် ထိပ်ညွှန့်ကို စတင်ဖြတ်တောက်နိုင်ပါပြီ။ ပထမအကြိမ် ထိပ်ညွှန့်ဖြတ်ရန် အညွှန့်ထိပ်ဖျားမှနေ၍ ၁ လက်မ ၂ လက်မ ဖြတ်ပေးပါ။
- ဒုတိယအကြိမ် ထိပ်ညွှန့်ဖြတ်ရန် ယခင်ဖြတ်ထားသော နေရာမှ ၅ လက်မခန့် ရှည်ထွက်လာလျှင် ဖြတ်နိုင်ပါပြီ။ ထိုသို့ဖြတ်ရန် ပထမအကြိမ်ဖြတ်ခဲ့သည့်အတိုင်းပင် ထိပ်ဖျားမှနေပြီး ၁ လက်မ ၂ လက်မ ဖြတ်ချပေးရပါမည်။
- ထိုသို့ ဖြတ်တောက်ပြီးတိုင်း ၅ လက်မခန့် ရှည်လာလျှင် အထက်တွင်အသုံးပြုခဲ့သော နည်းလမ်းအတိုင်းပင် ပြန်လည် ဖြတ်တောက်ပေးရပါမည်။
- ဤသို့ပြုလုပ်ခြင်းကို အသီးသီးရန် အညှောင့်မထွက်ခင်အထိ ဆက်တိုက် ပြုလုပ်ပေးသွားရပါမည်။ အညှောင့်ထွက်လာပါက ထိပ်ညွှန့်ဖြတ်ခြင်းကို ရပ်တန့်ပေးရပါမည်။
ဘာတွေ အထူးသတိပြုရန်လိုအပ်လဲ။
- ဤနည်းလမ်းကို အေးသောရာသီဥတုနှင့် ဆောင်းရာသီကာလများတွင် မပြုလုပ်သင့်ပါ။ နွေရာသီတွင်သာ ပြုလုပ်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အလွယ်တကူ ပြန်လည်နလန်ထနိုင်သောကြောင့်ပင် ဖြစ်ပါသည်။
- ဖြတ်တောက်ရာတွင် အသုံးပြုမည့်ပစ္စည်းများကို သန့်ရှင်းစွာထားရန်လည်း လိုအပ်ပါသည်။ မသန့်ရှင်းသောကိရိယာများ သုံးခြင်းသည် အပင်များဆီသို့ ရောဂါပိုးများကို အလွယ်တကူ ဝင်ရောက်စေနိုင်ပါသည်။ ဖြတ်တောက်ထားသည့် ဒဏ်ရာများကို မသန့်ရှင်းသောလက်နှင့် ကိုင်တွယ်ခြင်း၊ ဒဏ်ရာအနားတွင် ညစ်ပေနေသော ကိရိယာများအသုံးပြုခြင်း အစရှိသည်တို့ကိုလည်း ရှောင်ရှားသင့်ပါသည်။
- ထို့ပြင် ဖြတ်တောက်မည့် ကိရိယာများသည် အသွားထက်နေသင့်ပါသည်။ သို့မှသာ တစ်ချက်တည်းနှင့် အလွယ်တကူ ပြတ်တောက်သွားနိုင်သည့်အတွက် အပင်နာခြင်းကို လျှော့ချနိုင်ပါသည်။
- ထိပ်ညွှန့်ဖြတ်ထားသည့် အပင်များကို အခြားအပင်များထက် ပိုမိုဂရုစိုက်ရပါမည်။ မိမိကိုယ်ကို ဂရုစိုက်သကဲ့သို့ပင် အပင်များကိုလည်း ရောဂါဘယမဝင်ရလေအောင် အထူးဂရုပြုသင့်ပါသည်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အပင်ပုသင်္ဘောပင်တစ်ပင် ရဖို့အတွက်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းအတိုင်း သင်္ဘောပျိုးပင်ကို ထိပ်ညွှန့်ဖြတ်ပေးဖို့လိုအပ်ပါတယ်။ ထိပ်ညွှန့်ဖြတ်ခြင်းဆိုတာက ကိုင်းချိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အပင်က ၅ လက်မရှည်လာတိုင်း ထိပ်ဖြတ်ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်သေးတဲ့အပင်ပေါက်ဘဝမှာဆိုရင်တော့ အဲ့လိုလုပ်လိုက်ခြင်းက ပင်စည်ကို ပိုကြီး၊ ပိုတုတ်စေပါတယ်။ အပင်ကြီးဘဝရောက်တဲ့အခါမှာတော့ အခက်အလက်တွေက အပေါ်ကို ထောင်မတက်တော့ဘဲ ဘေးဘက်ကိုသာ ကိုင်းဖြာသွားမှာဖြစ်ပါတယ်။ အခုလို ခဏခဏ ထိပ်ညွှန့်ဖြတ်ပေးခြင်းက ပုံမှန်ပင်တွေထက် ကျန်းမာသန်စွမ်းလာစေပါတယ်။ ပုံမှန်အပင်တွေလို သက်တမ်းအလိုက် ရှိသင့်တဲ့အရပ်မရှိတော့ဘဲ ပင်စည်တုတ်ခိုင်ပြီး အပင်ပုနေခြင်းက လေဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေပါတယ်။
တကယ်လို့ အိုးထဲမှာ ထည့်စိုက်မယ်ဆိုရင် အခုလိုထည့်စိုက်ခြင်းက ဘာနည်းလမ်းမှ မသုံးရင်တောင် ပုံမှန်ထက် အပင်ကို ပုစေတဲ့အတွက် ၎င်းထိပ်ညွှန့်ဖြတ်ခြင်းနည်းလမ်းကို ပိုမိုအထောက်အပံ့ပေးပါတယ်။ အပင်ပုတွေဟာဆိုရင် အိုးထဲထည့်စိုက်ဖို့အတွက် အကောင်းဆုံးအရွယ်အစားပဲ ဖြစ်ပါတယ်။
တကယ်လို့ မြေကြီးမှာချစိုက်မယ်ဆိုရင်လည်း ထိပ်ညွှန့်ဖြတ်ပေးခြင်းနည်းလမ်းကို ဆက်လက်လုပ်ပေးသွားနိုင်ပါတယ်။ သို့မှသာ အသီးခူးနိုင်တဲ့အရွယ်မှာ လက်လှမ်းမီနိုင်သည့် အမြင့်ရောက်ရှိနိုင်တဲ့အတွက် ခူးဆွတ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ အဲ့ဒါကြောင့် ဒီနည်းလမ်းကို ဦးကြီးတို့အနေနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်သင့်ပါတယ်ရှင့်။
Reference; https://greenthumbplanet.com/how-to-shorten-papaya-tree/
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Tommy
လွန်ခဲ့သော ၇ လ ကဘာလုပ်ရမလဲ
ဦးလွှမ်းကြီး
လွန်ခဲ့သော ၂ နှစ် ကပေါကြောင်ကြောင်နဲ့။သင်္ဘောပင်ပုအောင် ထိပ်ဖြတ်ပေးရမယ်တဲ့🤣🤣🤣။တကယ့်ပညာရှင်ကြီး🤣
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from မဆုမြတ်ခင်
အားလုံး