တမာရွက်ပြုတ်ရည်
(၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား
(၂) ရေ ၁ ဂါလံ
တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄) နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။
နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။
တမာပိုးသတ်ဆေးရည်သည် ပျ၊ ဖြုတ်ပိုး၊ မွှားပင့်ကူနီ၊ ဖြုတ်၊ စိန်ကွက်ဖလံ၊ ခူနှင့် ပေါက်ဖတ် စသည့်ပိုးများကို ကာကွယ်နိုင်သည်။
khantye
လွန်ခဲ့သော ၃ လ ကဘယ်နာဆေးရွက်ကြီးကပါတာ စာလဲသေချာမဖတ်
ko thu
လွန်ခဲ့သော ၁ နှစ် ကဆေးရွက်ကြီကဘယ်လောက်ရောရမှာလဲ့ဗျား
nyeinchan
လွန်ခဲ့သော ၃ နှစ် ကကြက်သွန်နီခင်းဖြန်းလို့ရလားဗျ
naingshowshow
လွန်ခဲ့သော ၄ နှစ် ကဆေးဖျန်းပုံးတစ်ပုံး ဘယ်လောက်ထည့်ရလဲ
ရဲဝင်းအောင်
လွန်ခဲ့သော ၅ နှစ် ကဂန်ဓမှာပန်းတွေဖြန်းလိုရပါသလား
အကြောင်းအရာ ပံ့ပိုးသူ
ဆုဆွေဖောင်ဒေးရှင်း
တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့အထွက်တိုးပြီး လူထူကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကိုမထိခိုင်စေသည့် စိုက်ပျိုးနည်းစနစ်များကို စဉ်ဆက်မပြတ်ဖြန့်ဝေပေးနေရန် ရည်ရွယ်ဖွဲ့စည်းထားသော ဖောင်ဒေးရှင်းဖြစ်သည်။ ခံယူထားသည့်တာဝန် ယနေ့အချိန်အခါတွင် ရာသီဥတုဖောင်ပြန်မှု၊ မြေဆီလွှာများ ပျက်သုန်းလာမှုများနှင့် စိုက်ပျိုးနည်းစနစ်များ မမှန်ကန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားအများစုတို့သည် သီးနှံအထွက်များကျဆင်းကာ ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေကြသဖြင့် ဤကိစ္စကိုလျော့ပါးသွားစေရန် ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း၏ ခံယူထားသည့်တာဝန်သည် အောက်ပါအတိုင်းဖြစ်သည်။ "ပြောင်းလဲနေသည့် ရာသီဥတုကို ကြံ့ကြံ့ခံ၍ အန္တရာယ်ကင်းသည့် အစားအစာများကို ရေရှည်အထွက်တိုးပြီး ထုတ်လုပ်သွားနိုင်ရန် တောင်သူလယ်သမားများ၏ အသိပညာနှင့် အတတ်ပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်နေအောင် စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်" အဖွဲ့အစည်းဆောင်ရွက်မည့် လျာထားလုပ်ငန်းများ (၁) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများကို တောင်သူလယ်သမားများအား စဉ်ဆက်မပြတ် ပို့ချပေးနေခြင်း။ (၂) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများ စဉ်ဆက်မပြတ်ပေးနေနိုင်ရန် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းများပေးခြင်း။ (၃) ရေရှည်တည်တံ့စိုက်ပျိုးရေး စံပြကွက်များ ပြုလုပ်ခြင်း။ (၄) ရေရှည်တည်တံ့စိုက်ပျိုးရေး သုတေသနများလုပ်ဆောင်ခြင်း။ (၅) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချီခြင်း။ (၆) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချီခြင်း။ (၇) ရေရှည်တည်တံ့စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။ (၈) ရေရှည်တည်တံ့စိုက်ပျိုးရေး ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ခြင်း။
ဆက်စပ်မေးခွန်းများ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from U Thein Su
အားလုံး