အစိမ်းရောင်လမ်း
စိုက်ပျိုးမြေပေါ်တွင် မီးရှို့ခြင်းနှင့် သိကောင်းစရာများ

စိုက်ပျိုးမြေပေါ်တွင် မီးရှို့ခြင်းနှင့် သိကောင်းစရာများ

စိုက်ပျိုးမြေကို ထွန်ယက်စိုက်ပျိုး- ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်းလုပ်ငန်းဟာ ရှေးယခင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာကတည်းက ရှိခဲ့ပါတယ်။ စိုက်ပျိုးမြေပေါ်မှာ မီးရှို့ခြင်းကြောင့် ကောင်းကျိုးရော ဆိုးကျိုးပါများစွာ ရှိပါတယ်။ ဒီနေရာမှာ နည်းနည်းလောက် ဆွေးနွေးတင်ပြချင်ပါတယ်။ ကျွန်တော်တို့အများစုသိတဲ့ ရိတ်သိမ်းခြွေလှေ့စက် (combined harvester) များဟာ မြေပြင်အထက် ၈-၁၀ လက်မကြား ဖြတ်တောက်ပြီး ကောက်ရိုးပြတ်များကို ချန်ထားခဲ့ပါတယ်။ လက်ဖြင့်ရိတ်သည်ဖြစ်စေ စက်ဖြင့်ရိတ်သည်ဖြစ်စေ ကောက်ရိုးပြတ်များဟာ အမြဲတမ်းကျန်ခဲ့စမြဲပါ။ ကောက်ရိုးပြတ်များဟာ အခြားသောလုပ်ငန်းတွေမှာ များစွာအသုံးဝင်တယ်ဆိုပေမယ့် အချို့သော အခြေအနေမျိုးမှာ ရိုးပြတ်များကို မီးရှို့ခြင်းကို လုပ်ဆောင်သင့်တဲ့ အခြေအနေတွေရှိပါတယ်။  ဥပမာ - စပါးခင်း ၊ နှမ်းခင်းတို့မှာ မှို (သို့ ) ဘတ်တီးရီးယားရောဂါပိုးဖြစ်စေ၊ သီးနှံဖျက်ပိုးများ ကျရောက်မှုပမာဏမှာ Threshold Level လို့ခေါ်တဲ့ ထိန်းချုပ်နှိမ်နင်းနှိမ်သော အခြေအနေတစ်ခုထက် ကျော်သွားခဲ့တယ်ဆိုပါတော့။ ဒီအခင်းကို ဘာဆေးဖြန်းဖြန်း ဆေးယဉ်သွားပြီဆိုတဲ့ အခြေအနေလို့ တစ်နည်းဆိုလိုခြင်း ဖြစ်ပါတယ်။ အဲ့အခြေအနေမှာတော့ သီးနှံဆုံးရှုံးမှုကို မငဲ့ညှာပဲ မီးရှို့ဖျက်ဆီးခြင်းအားဖြင့် နှိမ်နင်းသုတ်သင်ရပါတယ်။ ဒါမှသာ နောက်တစ်ရာသီ သီးနှံမှာ ဖျက်ပိုးကျရောက်မှု မရှိတော့မှာဖြစ်ပါတယ်။ အချို့သော တောင်သူများကတော့ ကောက်ရိုးကို ၎င်းတို့ပိုင်ဆိုင်သော လယ်၊ ယာများမှာ မီးရှို့ပြီး ပြာကို အော်ဂဲနစ် မြေဩဇာအဖြစ် အသုံးချပါတယ်။ 

ကောင်းကျိုးများ 

(၁) မြေအောင်းပိုးမွှားများကို ၂ရာသီစာခန့်အထိ ကာကွယ်ဟန့်တားနိုင်ခြင်း

(၂) မီးရှို့ခြင်းမှ ရရှိလာသော ပြာကို ပြန်လည်အသုံးချနိုင်ခြင်း

(၃) မျိုးပွားအားကောင်းတဲ့ အင်းဆက်များကို ကိစ္စတုံးနှိမ်နင်းပြီးသားဖြစ်ခြင်း 

(၄) မြေယာထွန်ယက်ခြင်းမှာ ပိုမိုကောင်းမွန်လာခြင်း စတဲ့ကောင်းကျိုးတွေရရှိနိုင်ပါတယ်။

ဆိုးကျိုးတွေကတော့ 

(၁) မြေကို အစိုဓာတ်ထိန်းပေးတဲ့ ရိုးပြတ်တွေမရှိတော့တဲ့အတွက် တိုက်စားဖို့ ပိုမိုလွယ်ကူသွားပါတယ်။

(၂) အကျိုးပြု မှိုနှင့် ဘတ်တီးရီးယားများ ကို မီးရှို့ခြင်းက သေစေနိုင်ပါတယ်။

(၃) ကာဗွန်ဒိုင်အောက်ဆိုဒ်များနှင့် မီးခိုးငွေ့များက ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးပူနွေးလာစေနိုင်ခြင်း စတဲ့ဆိုးကျိုးများပဲ ဖြစ်ပါတယ်။

ထို့ကြောင့် တောင်ယာလုပ်ငန်းများမှာ မြေကိုမီးရှို့လိုက်ပြီး နောက်တစ်ရာသီ၊ နှစ်ရာသီဝန်းကျင် စိုက် ပျိုးရေးကောင်းမွန်ပြီး နောက် ပိုင်းနှစ်များမှာ မြေဆီလွှာရဲ့ မြေဆီသြဇာ ကျဆင်းသွားရခြင်းဟာ အထက်ပါ အချက်များရဲ့ ဆိုးကျိုးများပဲဖြစ်ပါတယ်။ မီးဖုတ်ပြီးသားမြေဟာ စိုက်ပျိုးရေးမှာ ခဏတာပဲ နလန်ပြန်ထူနိုင်တယ်။ ဘာ့ကြောင့်လဲဆိုရင် မြေကြီးထဲမှာ အလိုအလျောက်ပါဝင်တဲ့ နိုက်ထရိုဂျင်ရယ် ဆာလဖာရယ်ဟာ အခဲငွေ့ပျံဖြစ်စဉ်နဲ့ ဆုံးရှံးသွားတယ်။ 

ကောက်ရိုးတွေကို ပုံထားခြင်းက နောက်သီးနှံအတွက် အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ရေငွေ့ပျံ ခြင်းနဲ့ အစိုပြန်ခြင်း၊ မြေတိုက်စားခြင်းကိုလည်း ကာကွယ်ပေးတဲ့အတွက် မီးရှို့ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။

မီးရှို့ခြင်းကြောင့် စိမ်းလန်းစိုပြည်တဲ့ အခြေအနေ/ ဖြစ်စဉ်တွေဟာ ရပ်တန့်သွားပါမယ်။ ဒါကြောင့် စာရေးသူအနေနဲ့ အကြံပြုလိုတာကတော့ ပိုးမနိုင်တဲ့အဆုံးမှသာ မီးရှို့ပါ။ အမှိုက်တော့ ရှင်းသွားပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေများတဲ့အတွက်ကြောင့် မြေမီးရှို့ခြင်းကို ကန့်သတ်လုပ်ဆောင်ကြရန်ကိုပဲ တိုက်တွန်းအကြံပြုလိုပါတယ်။ မြေဆီလွှာထိခိုက်မှုနှင့် စိုက်ပျိုးရေး ရေရှည်တည်တံ့ဖို့ တောင်သူတိုင်း လိုက်နာဆောင်ရွက်ကြစေလိုပါတယ်။

လေးစားလျှက်

ပြည့်ဖြိုးသော်

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....