အစိမ်းရောင်လမ်း
အပူချိန်နဲ့ သီးနှံပင်ကြီးထွားမှု

အပူချိန်နဲ့ သီးနှံပင်ကြီးထွားမှု

သီးနှံပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုနှုန်းသည် အပင်ပတ်ဝန်းကျင်ရှိ အပူချိန် (surrounding temperature)ပေါ်တွင်မူတည်သည်။ သီးနှံမျိုးစိတ်တစ်ခုချင်းအလိုက် သတ်မှတ်ထား သော အနိမ့်ဆုံး (minimum)၊ အမြင့်ဆုံး (maximum) နှင့် အသင့်တော်ဆုံး (သို့) အကောင်းဆုံး (optimum) အပူချိန်မှာ မတူညီပါ။ IPCC ၏2007 data များအရ နောင်လာမည့် အနှစ် ၃၀-၅၀ တွင် အပူချိန် ၂-၃˚C အထိ တိုးလာနိုင်မည်ဟု သိရသည်။ အပူလှိုင်းများဖြစ်ပေါ်ခြင်း၊ အပူချိန်လွန်ကဲခြင်းစသည်တို့မှာ ယခင်ထက်ပို၍ ကြုံတွေ့လာနိုင်ဖွယ်ရှိသည်။ ပုံမှန်အပူချိန်ထက် ၅˚C ထိ တိုးလာနိုင်ဖွယ်ရှိ၍ ၎င်းအခြေအနေကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွင် အခက်အခဲများစွာ ကြုံ တွေ့နိုင်သည်။ ဥပမာအနေဖြင့် ဂျုံသီးနှံတွင် သတ်မှတ်ထားသော အပူချိန်အောက် လျော့နည်းမှု (frost) ကြောင့် ပန်းပွင့်များမြုံ(sterile) သွားကာ အစေ့အဆံဖြည့်တင်းမှု လျော့နည်းသွားသည်။ ထို့အပြင် အပူချိန်လွန်ကဲမှုကြောင့် အစေ့အဆံဖြည့်တင်းမှုအချိန် နည်းသွား၍ အစေ့အဆံပမာဏလျော့နည်းသွားသည်။ နေ့စဉ်အနိမ့်ဆုံးအပူချိန် (daily min T) မှာ နေ့စဉ် အမြင့်ဆုံးအပူချိန် (daily max T)ထက် ပိုမိုမြင့်တက်လာနိုင်၍ ၎င်းအပြောင်းအလဲ များကြောင့် သီးနှံပင်၏ အထွက်နှုန်းကျဆင်းနိုင်သည်။

သီးနှံပင်များအနေဖြင့် အပူချိန်အပေါ်တုံ့ပြန်မှုမှာ ၎င်းတို့၏ကြီးထွားဖွံ့ဖြိုးမှုအဆင့်ပေါ်တွင် မူတည်သည်။ သီးနှံပင်များ၏ ပင်ပိုင်းကြီးထွားမှုအဆင့်၏ အသင့်တော်ဆုံးအပူချိန်မှာ လိင်ပိုင်းကြီးထွားမှုအဆင့်၏ အသင့်တော်ဆုံးအပူချိန်ထက် ပို၍မြင့်သည်။ ပြောင်းသီးနှံတွင် အဖိုဝတ်မှုံရှင်သန်နိုင်မှု(pollen viability)နှင့် ထုတ်လုပ်နိုင်မှုမှာ အပူချိန် ၃၃˚C ထက် ကျော်လွန်ပါက ကျင်းဆင်းသွား၍ အပူချိန် ၄၀˚C အထက်တွင် လုံးဝရပ်ဆိုင်းသွားသည်။

သီးနှံပင်များ၏ အပူချိန်လွန်ကဲမှုကို ခံနိုင်ရည်ရှိခြင်း/ မရှိခြင်းမှာ အပင်၏ အတွင်းပိုင်း ဇီဝကမ္မဖြစ်စဉ်များနှင့် Hardening Degree ပေါ်တွင် မူတည်နေပါသည်။ အပူချိန်လွန်ကဲစွာ မြင့်တက်လာသော အချိန်တွင် အပင်၏ဆဲလ်နှင့် တစ်သျှူးများပျက်စီးသွားခြင်း၊ အင်ဇိုင်းများ၏ သဘာဝနှင့် လုပ်ငန်းဆောင်တာများ ပျက်ပြားသွားခြင်းနှင့်အတူ အိုင်းယွန်းများယိုစိမ့်ခြင်း(ions leakage)၊ နောက်ဆုံးတွင် ဆဲလ်များသေသွားခြင်း (necrosis) စသည်တို့ ဖြစ်လာသည်။ အပူချိန် ၃၃˚C ကျော်လွန်လာသောအခါ အပင်များတွင် ပုံမှန်ထုတ်နေသော protein ချက်လုပ်မှုမှာ ရပ်တန့်သွား၍ ၎င်း protein အစား Heat Shock Protein (HSP) ကို ထုတ်သည်။ ထိုသို့ ပုံမှန်ပရိုတင်းအစား HSP ကို ထုတ်လိုက်သောအခါ အပင်များအနေဖြင့် အပူဒဏ်ကို (၃-၅ မိနစ် အထိ) ပို၍ ခံနိုင်ရည်ရှိလာသည်။ အပင်များတွင် HSP ကို ထုတ်လိုက်ခြင်းအားဖြင့် အပူဒဏ်ခံနိုင်ရည်ရှိ မှု (thermotolerance) တိုးလာ၍ အပူချိန်လွန်ကဲမှုကို ကျော်လွှားနိုင်မည်ဖြစ်သည်။ အချို့သောအပင်များတွင် အခြားဖိစီးမှုများကြောင့်လည်း HSP ထုတ်လုပ်မှု တိုးလာနိုင်သည်။

ထိုသို့ အပူချိန်လွန်ကဲစွာ မြင့်တက်မှုကြောင့် သီးနှံပင်များတွင် အတွင်းပိုင်း ဇီဝကမ္မဆိုင်ရာ ထိခိုက်ပျက်စီးမှုများရှိသကဲ့သို့ တစ်ဖက်တွင်လည်း သတ်မှတ်ထားသော အပူချိန်အောက်လျော့နည်းလွန်းပါကလည်း ကြီးထွားဖွံ့ဖြိုးမှု မူမမှန်တော့ပေ။ အပူချိန်လျော့နည်းမှု ကြောင့် ဖြစ်လေ့ဖြစ်ထရှိသော ထိခိုက်မှု(၂)မျိုးရှိသည်။ ပထမထိခိုက်မှု(၁)မျိုးမှာ Chilling injury ဖြစ်သည်။ ၎င်း Chilling injury မှာအပူပိုင်းနှင့် သမပိုင်းသီးနှံများ (ပဲမျိုးစုံ၊ စပါး၊ ပြောင်း) တွင် ဖြစ်လေ့ရှိသည်။ Chilling injury ဖြစ်သောအခါ အပင်များတွင် ကြီးထွားမှုရပ်တန့်သွားခြင်း၊ မျိုးစေ့အညှောက်ပေါက်မှုနှင့် မျိုးပွားမှုထိခိုက်ခြင်း၊ တစ်သျှူးများပျက်စီးသွားခြင်း စသည်တို့ ဖြစ်လာသည်။ Chilling ဖြစ်သော အပူချိန်ကိုခံစားရသည့် ကာလအပိုင်းအခြားပေါ်မူတည်၍ ထိခိုက်နိုင်မှုမှာ reversible ဖြစ်နိုင်သည်။ အခြားထိခိုက်မှုတစ်ခုမှာ Freezing injury ဖြစ်သည်။ အပူချိန် (-1 မှ 3˚C ) ထိ လျော့ကျသွားလျှင် Freezing ဖြစ်လာ၍ အပင်တစ်သျှူးများ သေသွားသည်။

သီးနှံပင်များ၏ ကြီးထွားမှုအဆင့်အလိုက်ဖြစ်စေ၊ သဘာဝအရဖြစ်စေ လိုအပ်သော အပူချိန်မှာမတူကြပါ။ တစ်ပင်တည်းတွင်မူ ရရှိသောအပူချိန်အလိုက် အညှောက်ပေါက်ချိန်၊ ပင်ပိုင်းကြီးထွားချိန်၊ ရင့်မှည့်ချိန်၊ ပန်းပွင့်ချိန်တို့မှာ လုံးဝမတူညီနိုင်ပါ။ အပူချိန်နှင့် နေ့တာ (Day Length) ရရှိမှုပေါ်မူတည်၍ သီးနှံပင်တစ်ပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်မှ လိင်ပိုင်းကြီးထွားမှု အဆင့်သို့ ကူးပြောင်းချိန်၊ စပ်ကူးမတ်ကူးကာလ(Transition Period)မှာ ပြောင်းလဲမှုရှိနိုင်သည်။ သီးနှံပင်များမှရရှိလာသော ထွက်ကုန်(Product)၏ အရည်အသွေး(Quality)မှာ အပူချိန်ပေါ် လိုက်၍အတက်အကျရှိနိုင်သည်။ ဆလပ်ရွက်များစိုက်ပျိုးချိန်တွင် အပူချိန်လွန်ကဲမှုနှင့် ကြုံတွေ့ရပါက အရသာခါးသွားနိုင်သည်။

အပူချိန်သည် အပင်များ၏ ပေါက်ရောက်ပျံ့နှံ့မှု (distribution) အပေါ်သက်ရောက်မှုရှိသည်။ သီးနှံပင်များ၏ ဇီဝရုပ်ပျက်မှု (metabolism) နှင့် ဇီဝကမ္မဖြစ်စဉ် (Physiological process) တို့အပေါ်သက်ရောက်မှုရှိကာ တစ်ဖန်ပေါက်ရောက်ပျံ့နှံ့မှုနှင့်ပါ ဆက်စပ်နေသည်။ ၎င်းကို Biogeography ခေါ်သည်။ အပင်များအနေဖြင့် အပူချိန်အနိမ့်အမြင့်ပေါ်မူတည်၍ Heat Stress နှင့် Low Temperature Stress ကို ခံစားရသည်။ ၎င်းအခြေအနေများကို အပူချိန် ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော အဇီဝဖိစီးမှုများဟု ပြောလေ့ရှိကြသည်။ ယနေ့အခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ထိုအဇီဝဖိစီးမှုများကို ပို၍ဆိုးရွားစွာ ကြုံတွေ့နေရပြီဖြစ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် နေ့ညအပူချိန်ကွာခြားချက်များ  ပိုများလာကာ အပင်များ၏ ဇီဝဖြစ်စဉ်များ ဟန်ချက်ပျက်သွားနိုင်သည်။ အပူချိန်ပမာဏများစွာ တက်လာသောကြောင့် တစ်ဖက်တွင် heat stress ဖြစ်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်းသတ်မှတ်ထားသော အပူချိန်မရရှိပါကLow T-stress ခံစားရနိုင်သည်။ ယနေ့အခါစိုက်ပျိုးရေးတွင် သီးနှံမျိုးစပ်မွေးမြူကြသူများအနေဖြင့်လည်း အပင် များအတွက် အရေးကြီးအချက်တစ်ခုဖြစ်သော အပူချိန်နှင့်ဆက်စပ်နေသည့်မျိုးများ (ဥပမာ - heat-stress tolerance ၊ thermotolerance var:) ထုတ်နေကြပြီဖြစ်သကဲ့သို့ တစ်ဖက်တွင် လည်းယခုထက်ပို၍ ပိုမိုတိကျသောရလဒ်ကောင်း၊ မျိုးသစ်/ကောင်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Soe Kyaw Aung

Soe Kyaw Aung

လွန်ခဲ့သော ၂ နှစ် က

ကွမ်းခြံ အတွက် အပူချိန်ရောရှိလားဗျ

ULaDoi

ULaDoi

လွန်ခဲ့သော ၂ နှစ် က

အသီးသီးအရွယ်ရှိတဲ့လိမ္မေပင်ရဲ့အပူချိန်လိုအပ်မူ့ပမာဏကဘယ်လောက်ရှိလဲအပူကိုထိန်းလို့ရအောင်ဖန်တီးယူလို့ရပါသလားဉပမာတန်းကြားမာဌက်ပျော်းပင်စိုက်တာတို့ပေါ့ဆရာနည်းလမ်းလေးရှိရင်ပြေားပြပါဆရာ

You

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....