အသီးတစ်ထောင်/အဖီးတစ်ရာ ငှက်ပျောခိုင်
က်ပျောတစ်ခိုင်ကနေ ငှက်ပျောသီးပေါင်း ရာထောင်ချီပြီး ပြွတ်သိပ်ကျပ်နေအောင် သီးတဲ့ ငှက်ပျောမျိုးတစ်မျိုးရဲ့ ဓာတ်ပုံကို Facebook မှာ တင်နေကြ၊ Share နေကြတာ မကြာခဏဆိုသလို တွေ့ရပါတယ်။
အမှတ်မထင်ဘဲ ဒီငှက်ပျောခိုင်နဲ့ ပတ်သက်လို့ မိတ်ဆွေတစ်ယောက်တင်ထားတဲ့ ဓာတ်ပုံတစ်ပုံ တွေ့ဖူးပါတယ်။ ဓာတ်ပုံကလည်း လှလှပပ အနားကွပ်တွေနဲ့ပါ။ အပင်ရဲ့ ဝန်းကျင်ပတ်ပတ်လည်မှာ ရာဇမတ်ကာထားတာတောင်တွေ့သလို ဓာတ်ပုံပေါ်မှာလည်း စာသားတွေက “မြတ်ဗုဒ္ဓ၏ ခြေတော်ရာစက် (၁၀၈) ကွက် ဗုဒ္ဓစက် ကိုးနဝင်းကြေ ထူးဆန်းဖွယ် ငှက်ပျောပင်ကြီး၊ မဟာဗောဓိ တစ်ထောင်” လို့ ရေးထားတာတွေ့ရတယ်။ ဓာတ်ပုံရဲ့အနေအထားကိုကြည့်ရတာကတော့ ဒီအပင်ဟာ ထူးဆန်းအံ့ဖွယ်ဖြစ်ပြီး တန်ခိုးရှိတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆကြပုံရပါတယ်။ တစ်ခုခုအကျိုးတစ်စုံတရာ ရှိမယ်ထင်လို့ အဆောင်သဘောမျိုးလား၊ ကိုးကွယ်ရာအဖြစ် သဘောထားတာလားတော့ မသိပါဘူး။
တကယ်တော့ ဒီငှက်ပျောမျိုးဟာ ပုံမှန်ကနေ ထူးကဲပြီး ဖြစ်လာတာ မဟုတ်သလို ဘာဖြစ်ရပ်ဆန်းအံ့ဖွယ်မှလည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ မှတ်တမ်းတင်ထားပြီးဖြစ်တဲ့ ငှက်ပျောမျိုးတွေထဲက ငှက်ပျောမျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်တွေ့မြင်နေကြ ငှက်ပျောသီးခိုင်မျိုးမဟုတ်ဘဲ သီးနေတာဖြစ်တဲ့အတွက် မသိသေးတဲ့သူတွေအတွက် အထူးအဆန်းတော့ ဖြစ်မိကောင်း ဖြစ်မိကြမှာပါပဲ။
ဒီအပင်ရဲ့ မြန်မာနာမည်တွေကတော့ သုံးမျိုးတွေ့ရပါတယ်။ အသီးအလုံးအရေအတွက်ကြည့်ပြီး အသီးတစ်ထောင်ငှက်ပျော လို့ ခေါ်ကြသလို အဖီးအရေအတွက်ကိုကြည့်ပြီး အဖီးတစ်ရာငှက်ပျော လို့လည်း ခေါ်ကြပါတယ်။ တချို့လည်း ငှက်ပျောခိုင်ကြီးဟာ ရှည်ပြီး ဆင်နှာမောင်းပုံဖြစ်နေလို့ ဆင်နှာမောင်းငှက်ပျော လို့ ခေါ်သူတွေလည်း ရှိပါတယ်။ အင်္ဂလိပ်အမည်ကတော့ Thousand Fingers Banana လို့ခေါ်ပြီး သူ့ရဲ့ ရုက္ခဗေဒအမည်ကတော့ Musa chiliocarpa ဖြစ်ပါတယ်။ AAB အုပ်စုမှာ ပါဝင်ပါတယ်။ Thousand Fingers Banana ဆိုတဲ့ အမည်ကိုတော့ ၁၆၈၇ ခုနှစ်မှာ ပြင်သစ်သံတမန် Simon de la Loubere ဆိုသူက သူရဲ့ အယုဒ္ဓယသို့ ခရီးသွားမှတ်တမ်းမှာ စတင်သုံးစွဲခဲ့တယ်လို့ Webpage တစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ ငှက်ပျောမျိုးတွေရဲ့ မူရင်းဒေသဖြစ်တာကြောင့် ဒီငှက်ပျောမျိုးကိုလည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတတ်ပါတယ်။ ငှက်ပျောပင်ဟာ ၈-၁၂ ပေအထိ အမြင့်ရှိပြီး ငှက်ပျောခိုင်ဟာ ပျမ်းမျှ ၅-၇ ပေခန့်ရှည်ပြီး ငှက်ပျောဖူးဟာ မြေကြီးထိသည်အထိ သီးခိုင်ထွက်တတ်ပါတယ်။ အသီးရဲ့ အရွယ်အစားဟာ ၁ လက်မ၊ ၁ လက်မခွဲ လောက်ဖြစ်ပြီး ပုံမှန်ငှက်ပျောသီးတွေလိုပဲ အစေ့မပါ ပါဘူး။ အနံ့အရသာ ချိုမွှေးပြီး စားလို့ရပါတယ်။
မျိုးပွားစိုက်ပျိုးချင်ရင်တော့ အခြားငှက်ပျောမျိုးတွေလိုပဲ သားတက် (Sucker) ကို ခွဲပြီး စိုက်လို့ ရပါတယ်။
ဒီငှက်ပျောမျိုးကို အခြားတိုင်းပြည်များမှာတော့ ပန်းခြံတွေမှာ မြေယာအလှဆင်ခြင်း (Landscaping) အတွက် အလှစိုက်ငှက်ပျောမျိုး (Ornamental Banana) အဖြစ် အသုံးများပြီး ရုက္ခဗေဒဥယျာဉ် (Botanical Garden) တွေမှာ အပင်မျိုးစိတ်များပြသရာ (Plant Species Display) မှာ တွေ့ရနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ အသီးဟာ အရွယ်အစားသေးပြီး ချိုမွှေးတာကြောင့် စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အချိုပွဲငှက်ပျော (Dessert Banana) အဖြစ် အသုံးပြုကြကြောင်း ဗဟုသုတဖြစ်ဖွယ် မျှဝေရေးသားလိုက်ပါတယ်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
25-7-2014
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from HanPhyoAung
အားလုံး