လုပ်ငန်းရှင်ကြီးဖြစ်ဖို့ - ၂
ဘယ်လိုနေနေ ကိုယ်ဟာ လုပ်ငန်းရှင်ကြီးတစ်ယောက်ပါ။
ဆိုတော့ စိုက်လိုက်မယ်ဟေ့ဆိုတာနဲ့ မပြီးတော့ဘူး၊ ဘယ်လို စနစ်နဲ့စိုက်မလဲ ဘယ်လိုပုံစံမျိုး နည်းလမ်းတွေချမှတ်ပြီးတော့ သွားမလဲ ဆိုတဲ့ နည်းဗျူဟာတွေက အရေးကြီးပါတယ်။
နည်းဗျူဟာဆိုတာ ဘာလဲ
လုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင် ကိုယ်ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် ဆိုတာ ချကို ချမှတ်ရတယ်။ အဲ့လို ရည်မှန်းချက်ကလည်း အချက် (၅) ချက်နဲ့ပြည့်စုံရပါတယ်။ သတ်သတ်မှတ်မှတ်၊ တိုင်းတာနိုင်၊ ရနိုင် ရောက်နိုင်၊ အမှန်တကယ်ဖြစ်နိုင်၊ အချိန်အတိအကျပါရမယ်။ ကိုယ်ချထားတဲ့ ပန်းတိုင်ရောက်အောင် သွား တဲ့ လမ်းကြောင်းတွေမှာ အတားအဆီးတွေရှိပြီးတော့ ဆုံးဖြတ်ချက်တွေကို ချရတာတွေရှိပါတယ်။
ဥပမာ ကိုယ့်ရည်မှန်းချက်က ၂၀၂၀ နှစ်ကုန်မှာ ငါ့လုပ်ငန်းကနေ ငါ ပိုက်ဆံ သိန်း (၃၀) ရရမယ်လို့ ဆိုပါတော့။ ၂၀၂၀ နှစ်ကုန်ဆိုတဲ့ အချိန်က ပါကိုပါရမယ်။ ပိုက်ဆံ က သိန်း (၃၀) ဆိုတဲ့ သတ်မှတ်ချက်နဲ့ အတိအကျ ရနိုင်တာလည်း ဖြစ်တယ်။ ရနိုင် ရောက်နိုင် ဆိုတာက (၃)ရက်အတွင်း ငွေသိန်း၁ ထောင် ဆိုတာမျိုး၊(ထီပေါက်ရင်တောင် (၃)ရက်အတွင်းချက်ချင်းလက်ငင်းမရဘူးလေနော်။ လကမ္ဘာ အသွားအပြန် ဆိုတာမျိုးကျတော့လည်း အမှန်တကယ်မဖြစ်နိုင် ကိုယ်နဲ့လည်း မသက်ဆိုင်တာဆိုတော့ကာ.... ကဲ ရည်ရွယ်ချက်ကို ပြန်သွားကြရအောင်။ ၂၀၂၀ နှစ်ကုန်မှာ သိန်း (၃၀) ကို ငါလုပ်နေတဲ့ စိုက်ရေးပျိုးရေးကနေ ရကို ရရမယ်ဆိုတာ ချလိုက်ပြီပေါ့။
ဒါဆိုရင် ပန်းတိုင်ရှိပါပြီ။ ပန်းတိုင်ရအောင် ဘယ်လိုသွားရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိပါတယ်။ အဲလို ဆုံးဖြတ်ချက်တိုင်းကို နည်းဗျူဟာလို့ ခေါ်ပါတယ်။ ၂၀၂၀ နှစ်ကုန်ထိဆို ဘယ်လောက်ထိ အချိန်ရတယ်။ အဲ့အချိန်မှာ ဘာကိုစိုက်လို့ရတယ်။ ဘယ်လောက်ဧက စိုက်မယ်။ ဆိုတဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် ကူညီပေးတဲ့ ဆုံးဖြတ်ချက်တိုင်းကို ဗျူဟာလို့ ခေါ်ပါတယ်။
ဗျူဟာမှာ ဘာတွေ ပါသလဲ
ဘယ်လုပ်ငန်းကိုလုပ်မလဲ - ကိုယ်ပိုင်နိုင်တဲ့ အကောင်းဆုံးလုပ်ငန်းကိုသာရွေးချယ်လို့လည်း ရပါတယ်။ လုပ်ငန်းသစ်ကိုကြိုးစားပြီး လျှောက်မယ်ဆိုလည်း ဖြစ်တယ်လေ။ ကိုယ့်လုပ်ငန်းက ဘာတွေဖြစ်နေလဲ ဆိုတာကို သုံးသပ်ပါ လို့ဆိုလိုတာပါ။
ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ - ကြည့်သင့်တာပေါ့။ သူများမစိုက်တာ စိုက်ရင်ရော။ သူများစိုက်တာ လိုက်စိုက်နေရင်ရော ဆိုတဲ့ ပတ်ဝန်းကျင်က အကြောင်းတွေ၊ လက်ရှိပေါက်ဈေးဘယ်လောက်ဖြစ်နေသလဲ။ ငါစိုက်ပြီးထွက်လာတဲ့အချိန်မှာ ဈေးက ဘယ်လိုဖြစ်မလဲဆိုတဲ့အချက်ကို နားလည်ရဦးမှာပါ။ ခန့်မှန်းရတာပေါ့။
လုပ်ငန်းက ဘာလုပ်သင့်လဲ - ဆိုတဲ့အချက်က ပြောင်းလဲသင့်လား ဒီတိုင်းဆက်သွားသင့်သလားဆိုတာကို စဉ်းစားဖို့ပြောတာပါ။
အထက်က အချက်တွေကို စာအုပ်လေးတစ်အုပ်ကိုင်ပြီးတော့ ဘောပင်လေးနဲ့ ရေးချလိုက်စမ်းပါ။ ရာသီမို့ စိုက်တာဆိုတာကနေ နည်းနည်းလောက်ကွဲထွက်လိုက်ကြရအောင်။ ကိုယ်က လုပ်ငန်းရှင်ကြီးဖြစ်ပြီဆိုတော့
လုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းထဲကနေ ထုတ်ကုန်ဆိုတာကို ထုတ်ပေးကြတယ်လေ။ အဲ့တော့ ထုတ်ကုန် ဆိုတာနဲ့ ထုတ်ကုန်တွေကို ရောင်းတဲ့ ဈေးကွက်ဆိုတာ ရှိပြီးသားပေါ့။ အဓိက ပါတဲ့ အချက် (၄)ချက်ကိုကြည့်ရအောင်
ပထမတစ်ချက်က ဈေးကွက်ကို ထိုးဖောက်တာပါ။ ဈေးကွက်ထဲကို ကိုယ့်ထုတ်ကုန်ကို ပို့ကြည့်မယ်။ ဥပမာ ကြက်သွန်လို့ပဲထားပါတော့။ ကြက်သွန်ကို ဈေးကွက်ထဲမှာ ရောင်းကြည့်တယ်။ ဝယ်သူတွေက ကြက်သွန်ကိုမှ ကြီးတာ ကြိုက်တာရှိတယ်။ တစ်ကိုယ်ရေသုံး တို့ မုန့်ဟင်းခါးဆိုင်များတာတို့ဆို ကြက်သွန်က သေးသေး တစ်ခါစား ဆိုတာမျိုးကိုလည်း ရောင်းရတယ်ပေါ့။ ဒါပေမဲ့ ကိုယ့်ကြက်သွန်က အဲ့တစ်ခေါက်တော့ ကုန်သွားတယ်။ ဈေးကွက်မှာတော့ ဝင်သွားတယ်။ ထိုးဖောက်ပြီးပြီဆိုတဲ့ သဘောပေါ့။
ဒုတိယတစ်ချက်ဖြစ်တဲ့ ထုတ်ကုန်ကို တိုးတက်အောင်လုပ်မယ်ဆိုရင် နောက်တစ်ရက် ဈေးသွားတဲ့အခါ ကြက်သွန်ကို အကြီး အသေး အနာ အဆာခွဲသွားတာမျိုး လုပ်သွားတဲ့အခါ ဈေးကိုလည်း အရွယ်အစားအလိုက်ခွဲသွားလိုက်တာမျိုးနဲ့ နောက်ဆုံးမှာ အနာအဆာတွေကို လျော့ဈေးနဲ့ ရောင်းလိုက်တာမျိုးနဲ့ဆိုရင် မရောင်းရတာနဲ့စာရင် ပိုကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါက ထုတ်ကုန်ဖက်ကနေ စဉ်းစားတဲ့ လုပ်ငန်းစဉ် (၂)ချက်ဖြစ်ပါတယ်။
တတိယ အချက်ကတော့ ဈေးကွက်ကို တိုးတက်အောင်ဖွံ့ဖြိုးအောင် လုပ်လိုက်တာပါ။ ဝယ်သူတွေက တိုးတက်တာကို ကြိုက်ကြတယ်လေ။ အလွယ်ပေါ့။ ဆိုတော့ သူတို့အတွက် လွယ်တဲ့ ဆိုင်မှာ ပဲလာဝယ်ကြပါလိမ့်မယ်။ ဈေးကွက်ထဲမှာ ကိုယ်က ရောင်းရတဲ့ သူအဖြစ် နေရာယူလာမှာပါ။
စတုတ္တအချက်ကတော့ အမယ်ခွဲထွက်ခြင်းပါ။ အမယ်က အိမ်ကနေ ဆင်းသွားတာတော့မဟုတ်ပါဘူးနော်။ ပြိုင်ဆိုင်မှု များတဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်မှာ တစ်ယောက်က ပြောင်းတာနဲ့ လိုက်ပြောင်းမယ်ဆိုတာ အများကြီးပါ။ ခုဏက အတိုင်း ကိုယ်က အကြီးအသေး ခွဲရောင်းနေရင် ဘေးကဆိုင်ကလည်း ခွဲရောင်းတော့မှာပါ။ ဆိုတော့ စစချင်းက ကိုယ်က ကြက်သွန်ကိုခွဲရောင်းနေတာကနေ အနာအဆာပါတဲ့ ကြက်သွန်ကို ခွာပြီးသား အထုပ်လေးတွေရောင်းတာဖြစ်ဖြစ်၊ ကြော်ရောင်းတာဖြစ်ဖြစ်လုပ်လိုက်ရင် နောက်တစ်မျိုးရောင်းရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါမှ မဟုတ်လည်း အာလူးကို အသေးအကြီးခွဲတာပေါ့။
စိုက်ရေးပျိုးရေးလုပ်ကြတဲ့ အတိုင်းအတာမှာလည်း ဒီအချက် (၄)ချက်က လိုက်လုပ်လို့ရတဲ့ အချက်တွေဖြစ်ပါတယ်။
ထွန်းဝင်းကျော်
Reference
www.smartfarmerproject.eu/SmartFarmerPlatform/files/untis_files/SmartFarmer_Training%20Material_Module1_Unit2_Final.pdf
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းဇော်
လွန်ခဲ့သော ၄ နှစ် ကgood
kooo
လွန်ခဲ့သော ၄ နှစ် ကgood
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....