ဆောင်ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ငှက်ပျောသီး ကြက်ဥ ပန်ကိတ် လုပ်စားကြမယ်။
အိမ်မှာနေပြီးတော့ ပျင်းနေကြတယ် အစားအသောက်တွေပျက်နေကြတယ်ဆိုရင် အိမ်တိုင်းမှာရှိလောက်တဲ့ ပစ္စည်းလေတွေနဲ့ အစားအသောက်တွေလုပ်စားကြရအောင်။ ပါဝင်တဲ့ပစ္စည်းက ငှက်ပျောသီးနဲ့ ကြက်ဥပါပဲ။ အချိုကြိုက်ရင် သကြားထည့်၊ လေးလေးလေးဖြစ်အောင် ဆား နည်းနည်း ထည့်လို့ရပါတယ်။
လုပ်နည်း
- ငှက််ပျောသီးမှည့်ကို ခေါက်မယ်။
- ကြက်ဥ အကာ (တစ်လုံးလုံးထည့်လည်းရပါတယ်) ကို ခေါက်ပြီးတော့ ခုဏက ခေါက်ထားတဲ့ ငှက်ပျောသီးထဲ ထည့်ပြီး သမအောင်မွှေမယ်။ အချိုးကတော့ ကြက်ဥ တစ်လုံးဆို ငှက်ပျောသီးတစ်လုံး ထည့်ပေးပါ။ တစ်ချို့က ငှက်ပျောသီးတစ်လုံးဆို ကြက်ဥ (၂)လုံးထည့်ကြပါတယ်။ ကိုယ့်အကြိုက်နဲ့ အဆင်ပြေအောင် ညှိလို့ရပါတယ်။
- နောက်တော့ အိုးထဲမှာ ထောပတ် ဒါမှမဟုတ် ရှိတဲ့ဆီနည်းနည်းသုတ်ပြီးတော့ ကြော်လိုက်ရုံပါပဲ။
- ညိုတိုတိုလေးနဲ့ အချပ်လိုက်လေးတွေရလာပြီဆိုရင် ပြန်ဆယ်လိုက်ပြီးတော့ သုံးဆောင်လို့ရပါပြီ။
- အရမ်းကိုလွယ်ပါတယ်။ အချိန်ကလည်း မြန်ပါတယ်။ လုပ်ရတာလည်း တစ်ယောက်စာဆိုရင် ပြင်ဆင်ချိန် (၃)မိနစ်နဲ့ ချက်ပြုတ်ချိန် (၇)မိနစ်နဲ့ (၁၀)မိနစ်လောက်ပဲကျန်ပါတယ်။ မိသားစုလိုက်အတွက်ဆိုရင်တော့ နာရီဝက်လောက်ပဲကြာတာကြောင့်မို့ မနက်စာကို ကော်ဖီလေးနဲ့ပဲသောက်သောက်၊ နေ့လည်လုပ်ပြီး လက်ဖက်ရည်လေးနဲ့ပဲ သောက်သောက် အဆင်ပြေနိုင်တဲ့ အစာအစာတစ်ခုပဲဖြစ်ပါတယ်။
ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ
ကြက်ဥကလည်း ကောင်းတာတွေအများကြီးပဲ အဲ့တော့ လက်စွဲ သုံးနေတဲ့အစားအစာ။ နောက် ငှက်ပျောသီးဆိုတာကလည်း ဗီတာမင် အေ ဘီ စီ ပါဝင်တဲ့အပြင်ကို သံဓာတ် ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တွေလည်း ပါတာကြောင့်မို့ သူတို့ (၂)ခုကို ပန်ကိတ်လုပ်စားမယ်ဆိုရင် ငါးနဲ့အသားတွေက ရတဲ့ ဗီတာမင် ဘီစစ်ကို အပြည့်အဝရမှာဖြစ်ပါတယ်။
ပြီးတော့ ပန်ကိတ်ကြောင့်လည်း မောပန်းတာ၊ အရေပြား အနီစက်တွေဖြစ်တာ၊ စိတ်အပြောင်းအလဲမြန်တာကို သက်သာစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့က ခန္ဓာကိုယ်ထဲက အင်ဇိုင်းတွေကို လှုံဆော်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။
နောက် မဂ္ဂနီစီယမ်ပါဝင်တာကြောင့်မို့ အရိုးထုတ်လုပ်မှုကိုကောင်းစေတယ်။ သွေးတွင်း သကြားဓာတ်ကို လည်း ထိန်းချုပ်ပေးတယ်။
တစ်ယောက်စာအတွက်မှာ ကယ်လိုရီ (၂၃၁)ပဲပါတာကြောင့်လည်း စားလို့လည်းကောင်း ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။
ပန်ကိတ်လုပ်တဲ့နေရာမှာ
အုန်းနို့မှုန့် လက်ဖက်ရည်(၁)ဇွန်းထည့်ပြီးလည်း အရသာကို စမ်းသပ်ကြည့်လိုရတယ်။ အစေ့အဆန်လေးတွေကြိုက်တယ်ဆို သီဟိုလ် လို မြေပဲစေ့လို့ ထည့်လို့ရတယ်။ မြေပဲထောပတ်ကြိုက်ရင်လည်း (၁)ဇွန်းထည့်လို့ရတယ်။ ဗီနီလာ လက်ဖက်ရည်တစ်ဇွန်းလည်း ထည့်လို့ရတယ်။ အရသာပြောင်းပြီးတော့ တစ်နေ့ အရသာ တစ်ခု တစ်နေ့ အနံ့တစ်ခု ထည့်ပြောင်းပြီးစားလို့ရပါတယ်။
အပေါ်ကနေ ပျားရည်ဆမ်းပေးလို့ရပါတယ်။ ချယ်ရီသီး စတော်ဘယ်ရီသီး ဒိန်ချဉ် သကြားမှုန့် လီမွန်ရည် စတာလေးတွေ ဖြူးပေး ဆမ်းပေးလို့ရပါတယ်။
ဆီမကပ်တဲ့ အိုးလေးနဲ့လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။
အာဟာရတန်ဖိုးတွေအနေနဲ့ဆိုရင် ကိုယ်က ပန်ကိတ် (၂၀၆) ဂရမ် လောက်စားတယ်ဆိုရင် ကယ်လိုရီက (၂၃၁)၊ ကျန်တာတွေကတော့ ဂရမ် အနေနဲ့ဆို အဆီ (၉)၊ ပြည့်ဝဆီ (၂.၈)၊ ကိုလက်စထရော(၃၂၇) မီလီဂရမ်၊ ဆားက (၁၂၄) မီလီဂရမ်၊ ပိုတက်ဆီယမ်က (၅၄၀) မီလီဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် က (၂၈) ဂရမ်၊ ဖိုက်ဘာ (၃.၅)ဂရမ်၊ သကြား (၁၄.၇)ဂရမ်၊ ပရိုတင်း (၁၂)ဂရမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ သံဓာတ် စတာတွေ ပါဝင်တာကြောင့် အိမ်တွင်းလည်းအောင်းရင်း အားလည်းရှိအောင် စားကြစို့ရဲ့
ထွန်းဝင်းကျော်
https://hurrythefoodup.com/worlds-simplest-pancake-recipe/
Kyaa
လွန်ခဲ့သော ၄ နှစ် ကThanks
Mg Mg
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....