အစိမ်းရောင်လမ်း
နွားနို့မှ မလိုင်လုံးအချိုပြုလုပ်ခြင်း

နွားနို့မှ မလိုင်လုံးအချိုပြုလုပ်ခြင်း

MDEP
MDEP MDEP 05/05/2020

လိုအပ်သောပစ္စည်းများ (မလိုင်လုံး ၁၅ လုံးခန့်အတွက်)

- အဆီပြည့်နွားနို့ - ၁လီတာ (၆၀ကျပ်သားခန့်)

- သံပရာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း

- သကြား - လက်ဖက်ရည်ခွက် ၂ ခွက်

- ရေ - လက်ဖက်ရည်ခွက် ၈ခွက်

- ဖာလာစေ့ - ၂ - ၃ စေ့ခန့်

ဘာတွေလုပ်မလဲ

- နွားနို့ကို ဆူအောင်အပူပေးပါ။ သံပုရာရည် ၂ ဇွန်းထည့်ပြီး မွှေပေးပါ။ နွားနို့များကို အခဲနှင့် အရည်ကွဲသည်အထိ အပူပေးပြီး မွှေပေးပါ။ 

- နို့ခဲများကို ပိတ်စဖြင့် စစ်ယူပြီး ရေအေးအေးဖြင့်ဆေးပေးပါ။ သံပုရာရည်အချဉ်များ ကုန်သွားစေရန်ဖြစ်သည်။

- ပိတ်စဖြင့်ထုပ်ကာ ရေများစစ်ထုတ်ပြီးနောက် မိနစ် ၃၀ ခန့် ရေစစ်ထားပါ။

- ရေစစ်ပြီးနောက် နို့ခဲများကို ကောင်းစွာနယ်ပေးပါ။ ဂျုံမှုန့်နယ်သကဲ့သို့ နို့ခဲများကြေညက်သွားသည်အထိ နယ်ပေးပါ။ ထို့နောက် အလုံး ၁၅ လုံးခန့်ရအောင် လုံးထားပါ။ 

- သကြား ၂ ခွက်နှင့် ရေ ၈ ခွက်ကို ၁၀ မိနစ်ခန့် ကျိုပြီး ဖာလာစေ့ကို ၂ - ၃ စေ့ ထောင်းထည့်ပါ။

- လုံးထားသော မလိုင်လုံးများကို သကြားရည်ထဲတွင်ထည့်ပြီး ၁၅ မိနစ်ခန့် ပြုတ်ပါ။ အဖုံးအုပ်ထားပါ။ - မလိုင်လုံးများ အရွယ်အစား ၂ ဆခန့်ကြီးလာပြီး သကြားရည်အပေါ်သို့ ပေါ်လာလျှင် အအေးခံပြီး သိမ်းပါ။ ရေခဲသေတ္တာတွင်သိမ်းပါက ၁၀ ရက်ခန့် အထားခံသည်။ 

- အချိုပွဲအဖြစ် သုံးဆောင်နိုင်ပါသည်။ ဒေသထွက်လက်ဆောင်အဖြစ် ရောင်းချနိုင်ပါသည်။

နင်းကိုကိုဉိး

နင်းကိုကိုဉိး

လွန်ခဲ့သော ၄ နှစ် က

ကွဲထွက်မသွားအောင်ဘယ်လိုလုပ်ရမလည်း

You

ဆက်စပ်ဆောင်းပါးများ

MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....