အစိမ်းရောင်လမ်း
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ

ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ

ayethandasoe
ayethandasoe Greenovator 20/05/2020

    ဒူးရင်းပျိုးပင်နှင့် အပင်ကြီးများ၏အရွက်များတွင် ကျရောက်သော ရောဂါဖြစ်စေသောသက်ရှိ  Collectotricum gloesporoides ကြောင့်ဖြစ်သည့် မှိုရောဂါဖြစ်သည်။

ရောဂါလက္ခဏာ

    ဒူးရင်းအရွက်များအပါ်တွင် ငှက်မျက်စိကဲ့သို့ အဝါရောင်အစက်အပြောက်များအဖြစ် တွေ့ရပြီး အစက်ပြောက်အလယ်မှတ်၏ အရောင်မှာ မီးခိုးရောင်မှ အညိုရောင်ရှိသည်။ နောက်တွင် အရွက်များတွန့်လိမ်၍ ပုံပျက်ကာ ပျက်စီးသည်။  အစက်အပြောက်များမှာ ပုံစံအမျိုးမျိုးရှိပြီး များသောအားဖြင့် အရွက်များ၏ထိပ်ပိုင်းတွင် တွေ့ ရှိရသည်။ စီးပွါးရေးထိခိုက်သည်အထိ ရောဂါကျရောက်ခြင်းမရှိပါ။

ကာကွယ်နှိမ်နင်းနည်း

    များသောအားဖြင့် ပျိုးပင်များနှင့် အပင်ငယ်များတွင် ထိခိုက်မှုအဆင့်ထိ ကျရောက်နိုင်၍ မှိုသတ်ဆေးအား စိုက်ခင်းများတွင် ပက်ဖျန်းပေးရန် လိုအပ်ပါသည်။

    မှိုသတ်ဆေးအဖြစ် ai ဘီနိုမိုင်း (benomyl) သို့  သိုင်အိုဖန်းနိတ်မီသိုင်း (thiophenate methyl) သို့ ကော့ပါးပါသောမှိုသတ်ဆေးအပြင် အခြားသော ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးများကို ရောဂါကျပျိုးပင်များအား ပက်ဖျန်းနိုင်ပါသည်။ 

22.4.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref; http://jaowoffice.weebly.com/blog/durian-diseases

http://animhosnan.blogspot.com/2013/12/durian-foliar-diseases.html

https://forum.thaivisa.com/topic/1063745-durian-leaf-antracnose/

 

win

win

လွန်ခဲ့သော ၁ လ က

ကော့ပါး သုံးရမလား

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....