ပဲတီစိမ်းနှင့်မတ်ပဲတွင် ကျရောက်တတ်သောရောဂါများနှင့် နှိမ်နင်းနိုင်သည့်ဆေးများ
ပဲတီစိမ်းနဲ့ မတ်ပဲဆိုတာက Cash Crop ဝင်ငွေရတဲ့ သီးနှံတွေပဲ ဖြစ်ပါတယ်။ ပဲတီစိမ်းနဲ့ မတ်ပဲ က Genus တူပြီး ပုံစံ၊ အနေအထား၊ အစေ့ပုံစံတွေက အတူတူပါပဲ။ ဒါကြောင့်ကျရောက်တတ်တဲ့ ရောဂါ၊ ပိုးမွှားတွေကလည်း များသောအားဖြင့် အတူတူပဲလို့ဆိုနိုင်ပါတယ်။
ကျရောက်တတ်တဲ့ ရောဂါတွေကတော့...
- အဝါရောင် မိုစိတ်ဗိုင်းရပ်စ်ရောဂါ
- စာကိုစပိုးရားရွက်ပြောက်ရောဂါ (သံချေးရောဂါ)
- အန်းသရနို့စ် (မှဲ့ပြောက်စွန်းရောဂါ)
- ပေါင်ဒရီမစ်ဂျူး (ဖားဥမှို)
- ဘလိုက် (ရွက်ခြောက်လောင်)
- ဟေလိုဘလိုက် (ရွက်ခြောက်ကိုင်းခြောက်)
- ရက်စ် (သံချေးရောဂါ)
- ဖြူဆေရီယမ် (မှိုညှိုးသေရောဂါ)
- ပိုင်သီရမ်မှိုညှိုးသေရောဂါ
- မြစ်ခြောက်ဆွေး စခရိုရန်
- ပင်ခြေမှိုဖြူစွဲ ညှိုးသေရောဂါ
- မြစ်ဖုနီမတုတ် အမြစ်တွင်ဖြစ်သော အခြားနီမတုတ်များ စတဲ့
ရောဂါတွေကျရောက်တတ်ပြီးတော့ အကုန်လုံးတော့ မကျရောက်ပါဘူး။
ဒီထဲက ကျရောက်မှုများတဲ့ရောဂါအချို့နဲ့သုံးသင့်တဲ့ ဆေးအချို့ကို ရှင်းလင်းဖော်ပြပေးပါ့မယ်။

(၁) စာကိုစပိုးရာရွက်ပြောက်ရောဂါ (သံချေးရောဂါ)
အရွက်ပေါ်မှာ ကွမ်းတံတွေးထွေးထားသလို နီညိုရောင်၊ အညိုရောင် တွေဖြစ်တယ်။ မြေအောက်ပိုင်းကို မထိခိုက်ပေမဲ့ အစာချက်နှုန်းကို ထိခိုက်တဲ့ အတွက် သီးတောင့်ဖြစ်ပေါ်မှုကို ထိခိုက်နိုင်ပါတယ်။ (မြေပဲ၊ ပဲတီစိမ်းစိုက်ရင် ဒီရောဂါက ကျကိုကျပါတယ်)။ ဆိုးတာမဆိုးတာပဲကွာမှာပါ။ ရာသီဥတုကအေးတယ်။ အပင်ခပ် စိပ်စိမ် စိုက်ထားရင် ဒီသံချေးရောဂါက ဆိုးပါတယ်။

စာကိုစပိုးရာရွက်ပြောက်ရောဂါ (သံချေးရောဂါ) ကိုနိုင်သော မှိုသတ်ဆေး အေအိုင်များ
ကာကွယ်ရန်- ပီလာဇက်၊ BNS မန်ကို၊ မာဃဆာလဖာ၊ မှိုစတား၊ MGM သာလိုနေး၊ ပီလာရစ်ချ်
ကာကွယ်ကုသရန်- ရော့ခ်၊ ပီလာတိုင်းမ်၊ မာဃ ဟက်ဇာ၊ ပီလာဗေး၊ ဘီအန်အက် ပရိုပီ၊ မှိုဘုရင်
မပေးသင့်သောဆေး- ပီလာဇီးလ်၊ BNS ဒိုင်မော့(ဖ်)
(၂) ပေါင်ဒရီမစ်ဂျူး (ဖားဥမှိုရောဂါ)
ဖားဥမှိုက ပေါင်ဒါမှုန့်တွေဖြူးထားသလိုပဲ။ လက်နဲ့ ပွတ်ကြည့်လိုက်ရင် လက်ထဲဘာမှပါမလာဘူး။ ဖုန်နဲ့မှားမှာစိုးလို့ ကွင်းထဲမှာ စမ်းကြည့်နိုင်ပါတယ်။ ဒီရောဂါကလည်းဆိုးပါတယ်။ ဖားဥမှိုရောဂါ အတွက်ဆိုရင်တော့ ဆာလဖာက နိုင်ပါတယ်။ ခါးရိပင်ညှိုးရောဂါ ပဲပင်တွေအကွက်လိုက် ညှိုးညှိုးပြီး သေသွားရင် မြေခြောက်ဆွေးခြင်း၊ ဖျူဆေရီယမ်စတဲ့ မှိုတွေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အခင်း ထဲမှာ ပဲပင်တွေညှိုးသွားတယ် ဘာလို့လဲ မေးရင်တော့ ပြောရတာတော့ခက်ပါတယ်။ ဒီရောဂါကတော့ မြေကြီးကနေဖြစ်တဲ့ မြေဆောင်ရောဂါတွေပဲ ဖြစ်ပါတယ်။

ဖားဥမှိုသတ်ဆေးများ
(၁) ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆာလ်ဖာ အေအိုင် ၅၀ % အက်စ်ပီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ- ၅ ဇွန်းနှုန်း
(၂) ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ကရီဆိုဇင်း- မီသိုင်း ( Kersosim methyl) ၅၀% ဒဗလျူဂျီ စားပွဲတင်ဇွန်း တစ်ဇွန်း၏ ၄ ပုံ ၃ပုံခန့်
မပေးသင့်သောဆေး- ပီလာဇီးလ်၊ BNS ဒိုင်မော့ (ဖ်)
အပိုင်း(၂) မှာတော့ နောက်ထပ်အဖြစ်များတဲ့ ရောဂါအချို့အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ei Yadanar Phyo
လွန်ခဲ့သော ၈ လ ကအပိုင်း၂အကြောင်း
Htet Myat Aung
လွန်ခဲ့သော ၃ နှစ် ကမှိုဖြူရောဂါအတွက် ဆေးAiလေးသိချင်ပါတယ်
Ko Theinzaw
လွန်ခဲ့သော ၃ နှစ် ကdouble ဆေးသုံးကြည့်ပါ
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူပါ
ဦးကျော်ရဲနိုင်
လွန်ခဲ့သော ၃ နှစ် ကလှေးပိုး တို့ ပွင့်ထွေးပိုး အတွက်သုံးသင့်တဲ့ဆေးတို့ကိုလည်းဘဖော်ပြပေးပါအုံး
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024