အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှင်းဆီပင်တွင်ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

နှင်းဆီပင်တွင်ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

    အိမ်တွင်းတစ်နိုင်တစ်ပိုင်ပဲဖြစ်ဖြစ် စီးပွားဖြစ်ပဲဖြစ်ဖြစ်  စိုက်ပျိုးထားတဲ့ နှင်းဆီတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတွေကို လေ့လာကြည့်ရအောင်။

(၁) နှင်းဆီရွက်ပြောက်ရောဂါ

    အနက်ရောင် အကွက်အပြောက်များ ဖြစ်ပေါ်သောကြောင့် နှင်းဆီနက်ပြောက်ရောဂါ ဟုလည်း ခေါ်ကြပါတယ်။ မြန်မာနှိင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လေ့ရှိပြီး အရေးအကြီးဆုံးနှင့် အဖြစ်အများဆုံးမှိုရောဂါ (Diplocarpon rosaea ကြောင့်ဖြစ်တဲ့) ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မြေစိုစွတ်သောရာသီတွင် အဖြစ်များပြီး မိုးများသောဒေသနဲ့ တောင်ပေါ်ဒေသ တွေမှာ အထူးပြင်းထန်ပါတယ်။ (၆၅ ဒီဂရီဖာရင်ဟိုက် မှာ မှိုစပိုးပေါက်ပွားမှုရှိပြီး  ၇၅ ဒီဂရီဖာရင်ဟိုက်မှာ ရောဂါလျင်မြန်စွာ ပြန့်ပွားစေပါတယ်။ အပင်ကြီးထွားမှုကို ရပ်တန့်စေပြီး ပန်းပွင့်မှုနှုန်းကျဆင်းစေပါတယ်။ ရောဂါပြင်းထန်ပါက အရွက်အားလုံးဆုံးရှုံးပြီး အပင်သေစေနိုင်ပေသည်။

လက္ခဏာ

 

    နှင်းဆီအရွက်အထက်နဲ့ အောက်မျက်နှာပြင်ပေါ်တွင် အနက်ရောင်စက်ဝိုင်းပုံ အစက်အပြောက် (၁ စင်တီမီတာခန့်ရှိသော )များ တွေ့ရပေမည်။ ရောဂါနုစဉ်တွင်အစက်အပြောက်အနားများသည် ပန်းဖွားသကဲ့သို့ မညီမညာဖြစ်နေပြီး ရောဂါရင့်ချိန်တွင်အနားသတ်များ တိကျထင်ရှားလာပါတယ်။ ရောဂါရင့်လာပါက အရွက်မှာ အဝါရောင်ပြောင်းလာပြီး အရွက်မရင့်ပဲ ကြွေကျတတ်ပါတယ်။ ပင်စည်၊ အညွှန့်နှင့် ပွင့်ညှာပေါ်တွင် တွေ့ရတတ်ပါတယ်။ အပွင့်ကြွေခြင်း၊ အညွှန့်ခြောက်ခြင်း သေခြင်းထိဖြစ်နိုင်ပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
  • ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများ ဖယ်ထုတ်ရှင်းလင်းပါ။ မီးရှို့ပါ။
  • လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
  • ပင်ခြေတွင် ပိုတက်ရှ်ထည့်ပေးခြင်း၊ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် အပင်ခြေလောင်းခြင်းပြုလုပ်ပါ။
  • မှိုသတ်ဆေးကို အညွှန်းအတိုင်းသုံးပါ။ (မန်ကိုဇက်၊ ကလိုရိုသာလိုနေးလ်စသည့်ဖြင့်)

(၂) ဖားဥမှိုရောဂါ

    အဖြူရောင်အမှုန့်များကပ်နေသော ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါတစ်မျိုးဖြစ်ပြီး (Sphaerotheca pannosa var) ကြောင့် ဖြစ်ပွားတာပါ။ အပူချိန် (၇၀-၈၀) ဒီဂရီဖာရင်ဟိုက်နှင့် စိုထိုင်းဆက ညဘက်မြင့်မားပြီး နေ့ဘက်ကျဆင်းတဲ့ဒေသတွေရဲ့ စိုက်ပျိုးသည့်အချိန်အတွင်း မည်သည့်အချိန်မဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အရိပ်ရတဲ့ဒေသနှင့် အေးသောကာလများမှာ အများဆုံးဖြစ်ပွားပါတယ်။ ပန်းပွင့်မှုနှုန်းကျဆင်းပြီး ပန်းပွင့်ပါက အရည်အသွေးမမှီသော အပွင့်များဖြစ်စေပါတယ်။

လက္ခဏာ

    အရွက်များ၏မျက်နှာပြင်များနှင့် အညွှန့်များပေါ်တွင် ပေါင်ဒါကဲ့သို့ အဖြူရောင်အမှုန့်များတွေ့ရပေမည်။ ရောဂါပြင်းထန်လာသည်နှင့်အမျှ တစ်ရွက်လုံး အဖြူရောင်အမှုန့်များဖုံးလွှမ်းသွားပါတယ်။ ရောဂါကျသောအရွက်ရဲ့ ပုံစံများပျက်နေပြီး အရွက်များကြွေကျလာပါမယ်။ အပင်ထိပ်ပိုင်းတွင် ပို၍ဖြစ်ပွားပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
  • ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများဖယ်ထုတ်ရှင်းလင်းပါ။
  • ဘီနိုမှိုင်း၊ တော့ပ်စင်အမ် စသည့် မှိုသတ်ဆေးများကို အညွှန်းတိုင်းသုံးစွဲပါ။

(၃) ကိုင်းဖျားခြောက်ရောဂါ

    ကိုင်းများဖြတ်တောက်ရာတွင် ရောဂါဝင်၍သော်လည်းကောင်း ပိုးမွှားကျရောက်မှုမှတစ်ဆင့်သော်လည်းကောင်း အပင်အားနည်းလျှင်သော်လည်းကောင်း ဖြစ်ပွားတတ်ပါတယ်။

လက္ခဏာ

    အပင်အဖျားပိုင်းမှစတင်ကာ အရင်းဘက်သို့ တဖြည်းဖြည်းခြောက်လာပြီး အမြစ်ပါသေ၍ အပင်သေဆုံးစေနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းနည်း

  • မြေကို ကောင်းစွာပြုပြင်ပြီးမှ စိုက်ပါ။
  • နွေရာသီတွင် စိုက်ပျိုးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်ဖုံးပေးပါ။
  • ကိုင်းဖြတ်ကတ်ကြေးများ အသုံးမပြုမှီ ရေဆေးခြင်း၊ ပိုးသတ်ခြင်းများပြုလုပ်ပါ။
  • ကိုင်းဖြတ်ပြီးသောနေရာအား ထုံးတို့ပါ။
  • ရောဂါကျ‌ရောက်သော အကိုင်းရှိပါက အရင်းဘက်မှ လက်မဝက်ခန့်အကွာ ရောဂါကင်းသောနေရာမှ ဖြတ်တောက်ပြီး ဘော်ဒိုဆေးရည် သုတ်လိမ်းပေးပါ။

(၄) သံချေးရောဂါ

    လေမှတစ်ဆင့်ကူးဆက်သော မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ Phragmidium မှိုမျိုးစိတ်ကြောင့် ဖြစ်ပွားတာပါ။ သံချေးရောဂါက အပင်အမြစ်နဲ့ ပွင့်ချပ်ကလွဲပြီး အပင်အစိတ်အပိုင်းတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပြင်းထန်ပါက အရွက်များဝါပြီး ကြွေကျနိုင်ပါတယ်။

လက္ခဏာ

    ပင်စည်နဲ့ အရွက်များပေါ်တွင် လိမ္မော်ရောင်အစက်အပြောက်များ တွေ့ရပါတယ်။ ဆိုးရွားလာပါက လိမ္မော်ရောင်အမှုန့်များတွေ့ရပေမည်။ အပင်အရွက်ပေါ်နှင့် ပင်ခြေနားတွင် တွေ့ရပေမည်။

ကာကွယ်နှိမ်နင်းနည်းများ

  • လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
  • အရွက်များ အမြဲစိုစွတ်နေခြင်းကို ရှောင်ရှားပါ။
  • ရောဂါရအရွက်များကို ဖယ်ရှားပါ။ မီးရှို့ပါ။
  • မန်ကိုဇက်၊ ဒိုင်ဖန်နိုကိုနာဇော၊ ဘော်ဒိုမစ်ချာ စတဲ့ဆေးတွေကို အညွှန်းတိုင်း အသုံးပြုပက်ဖျန်းပါ။

အဝါရောင်မိုစိတ် ဗိုင်းရပ်စ်ရောဂါ

    ဗိုင်းရပ်စ်ရောဂါဖြစ်သောကြောင့် ကုသဆေးမရှိပါ။ ဆောင်းရာသီတွင် အဖြစ်များတတ်ပေသည်။ ရောဂါပိုးသယ်ဆောင်တတ်သော ပျ၊ ယင်ဖြူများကျရောက်မှုမရှိအောင် သတိထားနှိမ်နင်းပါ။

လက္ခဏာ

    အရွက်ပေါ်တွင် အဝါရောင်လှိုင်းများ၊ အဝါစက်များတွေ့ရပါတယ်။ အပင်က ပုနေပြီး မရှည်လာတော့ပါဘူး။

ကာကွယ်နှိမ်နင်းနည်း

  • ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ပါ။
  • ရောဂါရအပင်များအား ရှင်းလင်းမီးရှို့ပါ။

(၅) နှင်းဆီမြစ်ဖုရောဂါ

     Agrobacterium tumefaciens ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ မြေထဲမှာ (၁၅-၂၀) နှစ်အထိ ရှင်သန်နိုင်ပါတယ်။ အမြစ်မှာ အဖုများဖြစ်သောကြောင့် ရေနဲ့အစာစုပ်ယူမှုကို နည်းပါးစေပြီး အပင်အာဟာရ ချို့တဲ့စေတတ်ပါတယ်။ ဤရောဂါဖြစ်ပွားဖူးသောနေရာတွင် နှင်းဆီကို အနည်းဆုံး ငါးနှစ်ခန့်ကြာမှ စိုက်ပျိုးသင့်ပါတယ်။

လက္ခဏာ

     အပင်ပေါ် (သို့) မြေဆီလွှာမျက်နှာပြင်အောက်တွင် အဖုများ၊ ရောင်ရမ်းခြင်းများဖြစ်ပေါ်တတ်ပါတယ်။ အပင်ပုခြင်းလည်း ဖြစ်ပွားပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်ပါ။
  • အပင်တွင် gall(အဖု)များတွေ့ပါက ဖယ်ရှားပစ်ပါ။
  • ကိုင်းဖြတ်ရာတွင်အသုံးပြုသော ကတ်ကြေးများအား ပိုးသန့်ပြီးမှ အသုံးပြုပါ။

မေမြတ်မော်

Reference: https://hgic.clemson.edu/factsheet/rose-diseases/

https://web.extension.illinois.edu/roses/disease.cfm

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

min khant

min khant

လွန်ခဲ့သော ၁၁ လ က

လှေးပိုး

Paing Zay Myat

Paing Zay Myat

လွန်ခဲ့သော ၃ နှစ် က

မိုးကြိုး အပြာမှုန့်ထုပ်လေး ဝယ်သုံးကြည့်ပါဗျ

စိုးထက်

စိုးထက်

လွန်ခဲ့သော ၄ နှစ် က

အရွက်​တွေနူး​နေလို့ဘယ်​ဆေးများထည့်ရမလဲခဗျာအခုမစသိုက်တာမလို့ပါ

Thar Po

Thar Po

လွန်ခဲ့သော ၄ နှစ် က

လှေးကျလို့ပါ။​ေလှး​ဆေးဖျန်းပါ

Mg Nay Linn Aung

Mg Nay Linn Aung

လွန်ခဲ့သော ၅ နှစ် က

အမရေ ပန်ူဖူး မာ မည်းရောင်ဖြစ်နေတာ ပိုက်စွပ်ရင် ပန်းဖူးကခြောက်သွားလို့ပါ

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်

Kyaw Aye • ဖြေကြားချက် 3 ခု

ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေးထားတာ5ရက်လောက်ရှိပါပြီဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်

U Myint Naing • ဖြေကြားချက် 7 ခု

ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်‌ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ ဘယ်လိုမျိုး ကုသနိုင်မလဲ ဘယ်လိုဆေးမျိုးတွေ သုံးသင့်ပါသလဲခင်ဗျာ

U San • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။