ပဲတီစိမ်းတွင် ကျရောက်တတ်သော သံချေးမှိုရောဂါ
ရောဂါလက္ခဏာသည် အများအားဖြင့် အရွက်၏အောက်ဖက်မျက်နှာပြင်ဖက်တွင် နီညိုရောင်စက်ဝိုင်းကွက်များအဖြစ် ပေါ်လာပြီး ပဲသီးများတွင်အကျနည်းပြီး ပင်စည်များတွင် ပြန့်ကျဲကျဲရှိသည်။
အရွက်များတွင် ဆိုးဝါးစွာကျပါက ပဲရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် သံချေးမှိုစုများဖြင့် အပြည့်ဖုံးထားသည်။
အရွက်များတွန့်ရှုံ့ပြီး အရွက်များကြွေကျခြင်းကြောင့် အထွက်လျော့နည်းစေသည်။
ကာကွယ်နှိမ်နင်းခြင်း
- ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။
- ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
- ပဲမျိုးရင်းဝင်မဟုတ်သောအပင်များနှင့် သီးလှည့်စိုက်ပါ။
အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းအသုံးပြုပါ။
- အဇိုဆီစထရိုဘင် (Azoxystrobin)
- ဘီနိုမိုင်းလ် (Benomyl)
- ပရိုပီကိုနာဇိုးလ် (Propiconazole)
- တဗျူကိုနာဇိုးလ် (Tebuconazole)
- သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)
- ကလိုရိုသလိုနေးလ် (Chlorothalonil)
- ဟက်ဇာကိုနာဇိုးလ် (Hexaconazole)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပဲတီစိမ်းသံချေးမှိုရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုဖြိုး
လွန်ခဲ့သော ၄ နှစ် ကzole အုပ်စုထဲက တစ်ခုခု ဖျန်းလို့ရပါတယ်ဗျ ဥပမာ ဒိုင်ဖန်နို.
PyaePhyoKyaw
လွန်ခဲ့သော ၄ နှစ် ကအခုပြောထားတဲ့ zole အုပ်စုတွေနဲ့ အဆင်ပြေတယ်ပေါ့နော်
koYe
လွန်ခဲ့သော ၅ နှစ် ကဘာဆေးဖြန်းရမှာလဲ
မောင်အောင်မျိုးသူ
လွန်ခဲ့သော ၅ နှစ် ကဖာဥမှိုအတွက်ဆေးကဘာလဲဆရာတို့လင်းပါဦး
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကအသီးနည်းနေတာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....