အောက်တိုဘာ (၉) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕔 မွန်းလွဲ ၁း၀၀ အချိန် ခန့်မှန်းချက်
🌧🌧🌧 ရခိုင်ရိုးမအရှေ့သတိ🌧🌧🌧🌧
တောင်တရုတ်ပင်လယ်ပြင်မှမုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကို အရှေ့မှအေနောက်သို့ လာရောက်မှာဖြစ်ပါတယ် ကမ္ဘာအမြင့်ပေ ၁၅၀၀၀၀မှ ၁၈၀၀၀၀ အမြင့်လေဝဲလည်လာမယ့်လေထုသည် မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့အခါပေ၅၀၀၀အထိ စိုက်ဆင်းလာမှာဖြစ်ပြီးရခိုင်ရိုးမနှင့်ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာ ရခိုင်ရိုးမအရှေ့ဖက် တောင်တန်းတွေပေါ်မှာ မိုးများစွာရွာသွန်းနိုင်သဖြင့် ဧရာဝတီတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် မကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင် မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်း မံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ဧရာဝတီဖြစ်အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျား ချောင်းဖျားခံတဲ့ မြစ်ချောက်းအနီးနေထိုင်ကြသူတွေအထူးသတိထားရမှာဖြစ်သလို ရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ဆောင်နေသူများ ရိတ်သိမ်းနေကြတဲ့တောင်သူလယ်သမားများ ဆည် တမံ တာဝန်ခံ Engineers များ ပျက်စီးမှု မရှိစေရန်ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်ရတာဖြစ်ပါတယ်ရှင့်
စာကိုသေချာစွာဖတ်ပါ ရက်စွဲကိုသေချာစွာဖတ်ပါ ဒေသတွေကို သေချာကျက်မှတ်ပါ ကိုယ့်ဒေသပါရင် ကြိုတင်ပြင်ဆင်ပါ
ကြိုတက်သိရှိပြင်ဆင်ခြင်းဖြင့် ပျက်စီးမှုကင်းဝေးရမည်
🕔 နံနက် ၉း၁၇ အချိန် ခန့်မှန်းချက်
ဆိုက်ဘေးဒီးယားတွင်high pressure လေဖိအားမြင့်များ ဝင်ရောက်လာနေပြီး တိဘက်ကုန်းမြင့်လေးစီးများ ကချင်ပြည်နယ်အထက်ပိုင်းကို စတင်သက်ရောက်လာနေကာ ကချင်ပြည်နယ်အထက်ပိုင်းတွင် Northeast monsoon စတင်ဝင်ရောက်လာနေပြီး နောက် ၄၈ နာရီမှ၇၂ နာရီအတွင်း ကချင်ပြည်နယ်မှ အနောက်တောင် မုတ်သုန်လေဆုတ်ခွာလာနိုင်ပါတယ်။ တစ်ပတ်အတွင်း တောင်တရုတ်မုန်တိုင်းလေစီးများနှင့် အနောက်ဖက်မှ ဟိမဝန္တာလေစီးများကနေ ကချင်ပြည်နယ်မှာ မုတ်သုန်လေဆုတ်ခွာသော်လည်းပဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပါသေးတယ်။ မုတ်သုန်လေ ဆင့်ကဲဆုတ်ခွာမှုအခြေအနေများကို အချိန်အလိုက်တွက်၍တင်ပေးသွားမှာပါ။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အနောက်တောင်မုတ်သုန်လေသည် အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ တဖြေးဖြေးဆုတ်ခွာသွားနိုင်ပါတယ်။
🕔 နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်
၂၀၂၁ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမပင်လယ်ကွေ့ဒေသများနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းတွေရဲ့ UAC upper air circulation အထက်လေဝဲစနစ်တွေရောက်ရှိလာပြီး မိုးတွေရွာပါဦးမယ်။ မုတ်သုန်လေလည်း မဆုတ်ခွာသေးပါဘူး။ စိုက်ပျိုးရေးသမားများနှင့် တောင်သူလယ်သမားများ၊ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေသူများအတွက် ပျက်စီးဆုံးရှုံးမှုမရှိစေရန် စီမံဆောင်ရွက် ကြိုတင်သိရှိလုပ်ဆောင်နိုင်ရန် ၂၄ နာရီလုံး မိုးလေဝသဂြိုလ်တုများကနေ လေစီးမိုးတိမ်များကိုအခြေခံပြီး ရက်ဝေးရက်နီး စနစ်တကျ ခန့်မှန်းပေးနေပါတယ်။ အားလုံးအဆင်ပြေကြပါစေ။
ကျော်စိုးမိုး
လွန်ခဲ့သော ၄ နှစ် ကအင်္ဂပူဒေသမိုးရွာနှိင်ပါသလား
nepalikochoro
လွန်ခဲ့သော ၄ နှစ် ကရှမ်းမြောက်မရွားသေဘူလာ
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....