ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
ဇူလိုင် ၃၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ရရှိသည့် updateများအရ WINDY APP, ECMWF model ၏ မြေပုံအချက်အလက်များနှင့် ခန့်မှန်းချက်လမ်းကြောင်း (Forecast Track) အပေါ် မူတည်၍ တိုင်ဖွန်းမုန်တိုင်း DOLPHIN (Typhoon Dolphin) ၏ ရွေ့လျားနိုင်သည့် အခြေအနေနှင့် သက်ရောက်နိုင်ခြေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။
မုန်တိုင်း၏ လက်ရှိအခြေအနေ
မုန်တိုင်းအမျိုးအစား: Typhoon (SSHWS Category 5 အဆင့်အထိ တိုးတက်ခဲ့ပြီး လက်ရှိတွင် ပြင်းအားမြင့် မုန်တိုင်းအဖြစ် တည်ရှိနေပါသည်)
လက်ရှိ လေတိုက်နှုန်း: တစ်နာရီလျှင် ၁၆၀ မိုင် (160 mph) ခန့်
တည်နေရာ: ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် မိုင် ၂၇၀၀ ခန့်ဝေးကွာသော ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း

ရှေ့ဆက်လက် ရွေ့လျားနိုင်မည့် လမ်းကြောင်း (Forecast Track)
မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်၍ အရှေ့တောင်အာရှ ဒေသဘက်သို့ အရှိန်ဟုန်ဖြင့် ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
ပစိဖိတ်ပင်လယ်ပြင်ကို ဖြတ်သန်းခြင်း (နီးကပ်သည့်ရက်များ) - မနက်ဖြန်မှစ၍ လာမည့် ၃ ရက်မှ ၅ ရက်အတွင်း အထိ SSHWS Category 2 - 3 အဆင့်ရှိ ပြင်းအားမြင့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ပစိဖိတ်အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်။
ဖိလစ်ပိုင်နှင့် တရုတ်တောင်ပိုင်း / ဗီယက်နမ်ဘက်သို့ ဦးတည်ခြင်း - ဩဂုတ်လ ၈ ရက် (စနေ) နှင့် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)အတွင်း: ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်ပင်လယ်ပြင် သို့မဟုတ် လူဇုန်ကျွန်း (Luzon) မြောက်ဘက် ရေပြင်ကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ် (South China Sea) အတွင်းသို့ ဝင်ရောက်မည်။ ထိုအချိန်တွင် မုန်တိုင်း၏ အရှိန်မှာ Category 1 မှ 2 သို့ အားလျော့သွားနိုင်ပါသည်။
အင်ဒိုချိုင်းနား ကျွန်းဆွယ်ပေါ်သို့ ဖြတ်သန်းခြင်း - ဩဂုတ်လ ၁၁ ရက် (အင်္ဂါနေ့) နှင့် ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) အတွင်း ဗီယက်နမ်နိုင်ငံ တောင်ပိုင်း/အလယ်ပိုင်းနှင့် လာအို၊ ထိုင်းနိုင်ငံတို့ပေါ်သို့ မုန်တိုင်းအားပျော့ကာ အပူပိုင်းမုန်တိုင်းအဆင့် (Tropical Storm / Low Pressure Area) အဖြစ် ဖြတ်သန်းရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ရက်ဝေးခန့်မှန်းချက်ဖြစ်၍ ရာနှုန်းပြည့်မသေချာနိုင်ပါ။
အရှေ့တောင်အာရှနိုင်ငံများအပေါ် သက်ရောက်နိုင်သည့် ဖြစ်နိုင်ခြေ
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ မုန်တိုင်းလမ်းကြောင်း တိုက်ရိုက်ကျရောက်နိုင်သည့် ဖိလစ်ပိုင်မြောက်ပိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့် ရေကြီးရေလျှံမှုများ အပြင်းအထန် ဖြစ်ပေါ်နိုင်ပါသည်။
မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ (ရက်ဝေးခန့်မှန်းချက်)အနေဖြင့် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ပါ။
မုန်တိုင်း၏ ပင်မဗဟိုချက်သည် မြန်မာနိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်းအဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်ခြေ မရှိပါ။
သွယ်ဝိုက်သက်ရောက်မှုအနေဖြင့် (Indirect Effect) - မုန်တိုင်းသည် ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းပြီးနောက် အားပျော့သွားမည့် ဩဂုတ်လ ၁၂ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံ တောင်ပိုင်း/အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ လေဖိအားနည်းဆဲလ် (Low Pressure Area) သို့မဟုတ် မုန်တိုင်းကြွင်းကျန် တိမ်တိုက်များ စီးဝင်လာနိုင်ပါသည်။
ထို့ကြောင့် ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မြန်မာနိုင်ငံရှိ အောက်ပါဒေသများတွင် မိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင်ပါသည်။
- တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်
- ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)
- ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး
- ကုန်းတွင်းပိုင်း မိုးများခြင်းကြောင့် အချို့ဒေသများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Floods) နှင့် တောင်ပြိုခြင်း များ သတိပြုရန် လိုအပ်ပါမည်။
အကြံပြုချက်: ရက်ဝေးခန့်မှန်းချက်ဖြစ်သည့်အတွက် မုန်တိုင်းလမ်းကြောင်းနှင့်အရှိန်အဟုန် ပြောင်းလဲနိုင်ခြေများစွာရှိနေပါသည်။ စောင့်ကြည့်လေ့လာပြီး ဆက်လက်၍ တင်ပြပေးသွားပါမည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
မင်းမင်းလတ်
လွန်ခဲ့သော ၁ လ ကမိုးနောင်ကာလမှာလေဖိအားနည်ရပ်၀န်ဘယ်နှစ်ကြိမ်လောက့်ဖြစ်နိုင်ပါသလည်
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....