မတမ်းပြုစုမွေးမြူမှု ရည်မှန်းချက်
မတမ်းများကို ပြုစုကျွေးမွေးမှုကောင်းခဲ့လျှင် ၎င်းတို့ အသက် ၂ နှစ်တွင် ပထမသားမွေးနိုင်မည်ဖြစ်သည်။ ပထမသားရချိန်စောလျှင် နွားနို့ဝင်ငွေကို စောပြီးရရှိမည်။ မတမ်း၏ ကိုယ်အလေးချိန်တိုးနှုန်းနှင့် ကြီးထွားနှုန်းသည် ကျွန်ုပ်တို့၏ အစာကျွေးမှုအရည်အသွေးပေါ် မူတည်သည်။ ကောင်းစွာကျွေးမွေးခြင်းခံရသည့် နွားမတမ်းသည် ကြီးထွားနှုန်းမြန်မည်။ နွား၏ကျန်းမာရေးသည် ကြီးထွားနှုန်းပေါ် တွင်လည်း မူတည်သည်။
မတမ်းများ သားစပ်ရမည့်အသက်အရွယ် ရောက်ရှိမှုသည် ၎င်းတို့၏ ကိုယ်အလေးချိန်ပေါ်တွင် များစွာမူတည်နေသည်။ ကြီးထွားနှုန်းနှေးသည့် နွားမတမ်းသည် အသက် ၂ နှစ်ခွဲမှ သားစပ်ရန် အဆင်သင့်ဖြစ်နိုင်ပြီး ကြီးထွားမှုကောင်းသည့် နွားမတမ်းသည် ၁ နှစ်စောပြီး (၁၅လ ခန့်တွင်) သားစပ်ရန် အဆင်သင့်ဖြစ်နေမည်။ နွားမတမ်းများသည် ၎င်းတို့ အရွယ်ရောက်သည့် ကိုယ်အလေးချိန်၏ ၆၀ ရာခိုင်နှုန်း ပတ်လည်ရှိချိန်တွင် မြိုင်စက်ဝန်း စတင်ကြသည်။
ဖရီရှန် နွားမများအတွက် အရွယ်ရောက်သည့် ကိုယ်အလေးချိန်သည် ၃၀၀ ကီလိုဂရမ် (၁၈၈ ပိဿာ) ဖြစ်သည့်အတွက် ၎င်း၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကိုယ်အလေးချိန် ၁၈၀ ကီလိုဂရမ်တွင် မြိုင်စက်ဝန်း စတင်တတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် မတမ်းများ ကောင်းကောင်းဖွံ့ဖြိုးကြီးထွားပြီး အသက် ၁၅ လတွင် သားစပ်နိုင်ရန်ဖြစ်သည်။ ကောင်းစွာဖွံ့ဖြိုးခဲ့သည့် မတမ်းအဖို့ ထိုအသက်အရွယ်သည် လုံလောက်သည့် အရွယ်ရောက်မှုရှိပြီး မွေးဖွားရခက်သည့်ပြဿနာမရှိဘဲ မွေးနိုင်မည်ဖြစ်သည်။
မတမ်းသားမွေးသည့် အရွယ်စောခြင်းသည် မည်သို့ အကျိုးအမြတ်ရှိသည်ကို အောက်တွင် ဥပမာဖြင့်တွက်ပြထားသည်။
အကယ်၍ မတမ်းသည် အသက် ၂ နှစ်ခွဲမှမဟုတ်ဘဲ အသက် ၂ နှစ် တွင် ပထမသားမွေးပေးလျှင် ၆ လစာ နွားနို့ဝင်ငွေ စောရရှိမည်။
ထိုမတမ်းမက ပျမ်းမျှ တစ်နေ့လျှင် နို့ ၆ ပိဿာ ပေးပြီး နို့စျေးသည် ၁ ပိဿာ ၁၂၀၀ ကျပ် ဖြစ်လျှင် ၁ နေ့ နို့ဝင်ငွေသည် ၇၂၀၀ ကျပ် ဖြစ်သည်။
၆ လဆိုလျှင်
- ၇၂၀၀ ကျပ် × ၁၈၃ ရက် (၆လ × ၃၀.၅ ရက်) = ၁၃၁၇၆၀၀ ကျပ်
ထို့ကြောင့် မတမ်း ပထမသားမွေးကာလ ၆ လ ပိုစောသည့်အတွက် အပိုဝင်ငွေ တစ်ကောင်လျှင် ၁၃ သိန်း ရရှိနိုင်သည်။ ကောင်းမွန်သည့်မတမ်း၊ ကောင်းမွန်စွာ ပထမသားမွေးမှု စောလေလေ မတမ်း၏ကြီးထွားနှုန်း ကောင်းလာလေလေ ဖြစ်သည့်အတွက် ကျန်သည့်သက်တမ်းတွင် ထိုမတမ်းသည် အကောင်သေးသည့် နွားမထက် နို့များများ ပိုထုတ်နိုင်မည်။
အောက်တွင်ပြထားသည့်ဇယားသည် ကျွန်ုပ်တို့ရည်မှန်းချက်ထားသည့် မတမ်းများတွင် အသက်အရွယ်အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန်များဖြစ်သည်။ မတမ်းများကို ပုံမှန်ကိုယ်အလေးချိန်ချိန်ပြီး ဇယားနှင့်တိုက်ကြည့်ပြီး ကြီးထွားနှုန်းဘယ်လိုရှိတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် နည်းနေ/ များနေသည်ကိုကြည့်ပြီး အစာပမာဏကို ချိန်ဆကျွေးမွေးပြီး ရည်ရွယ်သည့် ကိုယ်အလေးချိန်ရအောင် ပြုလုပ်ရမည်။
အကယ်၍ ကြီးထွားနှုန်းမြန်ပြီး ရှိသင့်သည်ထက် ကိုယ်အလေးချိန်များနေလျှင် အစာပမာဏကို သင့်လျော်သည့် ပမာဏသို့ ပြန်လျှော့ပြီး အစာပေါ်ကုန်ကျသည့်ငွေကို ပြန်စုရမည်။ အကယ်၍ ကြီးထွားနှုန်းနှေးနေလျှင် အစာပမာဏကို တိုးကျွေးပြီး မှန်ကန်တဲ့ အသက်အရွယ် မှန်ကန်တဲ့ကိုယ်အလေးချိန်မှာ သားစပ်နိုင်အောင် ပြုလုပ်ရမည်။
အသက် (၃) လ သားခွဲချိန်တွင် ကိုယ်အလေးချိန် (၉၀ မှ ၁၀၀) ကီလိုဂရမ် အတွင်းရှိရပါမည်။
အသက် (၁၅) လ ပထမသားစပ်ချိန်တွင် ကိုယ်အလေးချိန် (၃၀၀ မှ ၃၃၀) ကီလိုဂရမ် အတွင်းရှိရပါမည်။
အသက် (၂) နှစ် ပထမသားကျချိန်တွင် ကိုယ်အလေးချိန် (၅၀၀) ကီလိုဂရမ် ရှိရပါမည်။
MDEP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လင်းလင်းကျော်
လွန်ခဲ့သော ၅ နှစ် ကနွားမမျိုးသန့်သန့်လေး ဝယ်မွေးချင်ပါတယ် ဘယ်မှာဝယ်ရပါသလည်
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....