အစိမ်းရောင်လမ်း
တောင်သူတွေရဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ နယူးဇီလန်စီမံကိန်းမှ နို့စားနွားမွေးမြူရေးပညာရှင်များ အစိမ်းရောင်လမ်းမှာပါဝင်လာ

တောင်သူတွေရဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ နယူးဇီလန်စီမံကိန်းမှ နို့စားနွားမွေးမြူရေးပညာရှင်များ အစိမ်းရောင်လမ်းမှာပါဝင်လာ

Thein Soe Min
Thein Soe Min 14/09/2018

အစိမ်းရောင်လမ်း စိုက်/မွေးဖုန်းဆော့ဝဲမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေ ပါဝင်ပြီး တောင်သူများရဲ့မေးခွန်းတွေကို ကူညီဖြေဆိုပေးလျက်ရှိပါတယ်။ အခု မိတ်ဆက်ပေးလိုတာကတော့ မြန်မာ-နယူးဇီလန် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ မွေးမြူရေးပညာရှင် ဒေါက်တာများကိုယ်တိုင် အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်မှာ ဝင်ရောက်ဖြေဆိုပေးလျက်ရှိသည့်အပြင် နို့စားနွားမွေးမြူရေးဆိုင်ရာ နည်းပညာများကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။ အဆိုပါစီမံကိန်းသည် ကမ္ဘာပေါ်တွင် နို့စားနွားမွေးမြူရေးထိပ်တန်းရောက်ရှိနေသည့် နယူးဇီလန်မှ နို့စားနွားမွေးမြူရေးပညာရှင်များကို မြန်မာနိုင်ငံမှ မွေးမြူရေးပညာရှင်များကို အနီးကပ်သင်ပေးပြီး ကျွမ်းကျင်ပညာများ မွေးထုတ်ပေးနေသည့် စီမံကိန်းလည်း ဖြစ်ပါသည်။ မြန်မာ နယူးဇီလန် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

အစိမ်းရောင်လမ်း၏ ရည်ရွယ်ချက်သည် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူများကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး တောင်သူအကျိုးရှိစေမည့် ဖြေရှင်းနည်းများကို ဘက်မလိုက်ဘဲ ဖြေဆိုပေးနိုင်ရန် နှင့် တောင်သူများ လက်လမ်းမီလုပ်ဆောင်နိုင်သည့် စိုက်ပျိုးရေးမွေးမြူရေးနည်းပညာများကို ဖြန့်ဝေခြင်းဖြင့် သွင်းအားစုလိုအပ်ချက်ကို ထိန်းညှိလျော့ချနိုင်ပြီး ထွက်နှုန်းများ ကောင်းမွန်လာစေရန် ဖြစ်ပါသည်။ 

အစိမ်းရောင်လမ်း စိုက်မွေးဖုန်းဆော့ဝဲလ်ပေါ်မှာ စိုက်ပျိုးရေးပညာရှင်တွေသာမကဘဲ မွေးမြူရေးပညာရှင်တွေပါ တောင်သူများရဲ့ မေးခွန်းတွေကို ပါဝင်ကူညီဖြေဆိုပေးနေပါတယ်။ နို့စားနွား မွေးမြူရေး ကျွမ်းကျင် ပညာရှင်များ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....