အစိမ်းရောင်လမ်း
သယ်ယူပို့ဆောင်ရေးအခက်အခဲရှိသော်လည်း ငါးသားပေါက်ဈေးကွက် နယ်စုံအဝယ်ရှိနေဆဲ

သယ်ယူပို့ဆောင်ရေးအခက်အခဲရှိသော်လည်း ငါးသားပေါက်ဈေးကွက် နယ်စုံအဝယ်ရှိနေဆဲ

    သယ်ယူပို့ဆောင်ရေးပိုင်းတွင် အခက်အခဲရှိသော်လည်း ငါးသားပေါက်ဈေးကွက် နယ်စုံအဝယ်များ ရှိနေဆဲဖြစ်ကြောင်း ငါးမွေးမြူရေးနှင့်ဆက်စပ်လုပ်ငန်းများထံမှ သိရသည်။

ကိုဗစ်ကြောင့် ပို့ဆောင်ဖို့ခက်ခဲနေပေမယ့် ငါးသားပေါက်တွေကတော့ နယ်စုံကနေ အဝယ်ရှိနေပါတယ်။ မွေးမြူသူတွေကတော့ ပိုတောင်တိုးလာတယ်။ ငါးသားပေါက်တွေကို Express နဲ့လည်း တင်ပို့ပေးနေတယ်။ အဝေးပြေးကားတွေလည်း ရှိတယ်။ အခု နောက်ပိုင်းမှာ ငါးမွေးမြူရေးကဏ္ဌကို စိတ်ဝင်စားသူ ပိုများလာတယ် ထင်တယ်။ ဈေးကွက် ပိုကျယ်ပြန့်လာတဲ့သဘောပါ။

ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ Ko Nyan - ငါးသားပေါက်မျိုးစုံဖြန့်ချိရေးမှ စီမံအုပ်ချုပ်သူ ကိုဉာဏ်လင်းဦးက ပြောသည်။

    ယခင်က ငါးမွေးမြူရေးလုပ်ငန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသည့် ဒေသများတွင်သာ မွေးမြူမှုများပြားခဲ့သော်လည်း ယခုအခါ ကျန်တိုင်းနှင့်ပြည်နယ်အသီးသီးတို့မှလည်း စိတ်ပါဝင်စားမွေးမြူမှုများ ရှိလာသည်။

မွန်၊ ကရင်ဘက်လည်း ငါးမွေးမြူသူတွေ ထပ်တိုးလာပါတယ်။ တစ်နိုင်သမားတွေပေါ့။ အခုရောင်းအားအများဆုံးကတော့ ငါးပြေမကို မွေးတဲ့သူများတာပေါ့။ ငါးခူကိုတော့ ရှမ်းပြည်ဘက်ကလည်း အဝယ်လိုက်လာတယ်။ ရှမ်းပြည်နယ်ဘက်ကလည်း မွေးမြူလာကြတယ်။ ငါးအတွက် အစာရောင်းသူတွေရော၊ တဆင့်ပြန်ဖြန့်သူတွေပါ ရှိလာတယ်။ နောင်ချို၊ ရပ်စောက်၊ တောင်ကြီးမှာလည်း တဆင့်ပြန်ရောင်းသူတွေ ရှိလာပါတယ်။

ဟု ကိုဉာဏ်လင်းဦးက ဆက်လက်ပြောသည်။

    သားငါးထုတ်လုပ်မှုနှင့် ဆက်စပ်သော မွေးမြူရေးအစာ၊ မွေးမြူရေးဆိုင်ရာကုန်ကြမ်းများ၊ ဆေးဝါးများနှင့် ပစ္စည်းကိရိယာများသယ်ဆောင်ခြင်းကို ဆောင်ရွက်ခွင့်ပြုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားပြီး အဆိုပါခွင့်ပြုချက်တွင်ပါရှိသော စာရင်းအရ စားသောက်ကုန်လုပ်ငန်းနှင့်ဆက်စပ်သော မြေသြဇာနှင့် စိုက်ပျိုးရေးဆေးဝါးများ၊ မျိုးစေ့များ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုများ၊ လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ်ခွင့်နှင့်ရွှေ့ပြောင်း သယ်ယူခွင့်နှင့် လယ်ယာသားငါး၊ စားသောက်ကုန်စည်များကို ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရန်လိုအပ်သော အရည်အသွေးစစ်ဆေးရန် ဆောင်ရွက်ရသောဓာတ်ခွဲခန်းဝန်ဆောင်မှုနှင့် စစ်ဆေးမှုလုပ်ငန်းများလည်း ပါဝင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....