အစိမ်းရောင်လမ်း
အခြေခံ လျှော်ဖြူပင် အစေးထုတ်သင်တန်း ကျင်းပမည်

အခြေခံ လျှော်ဖြူပင် အစေးထုတ်သင်တန်း ကျင်းပမည်

၂၀၂၀ ခုနှစ်၊ ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ အခြေခံ လျှော်ဖြူပင် အစေးထုတ်သင်တန်း (အခမဲ့) သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ဒေသမှာ လျှော်ဖြူပင်တွေ စိုက်ပျိုးလာတာ ငါးနှစ်ဝန်းကျင် ရှိပေမယ့်လည်း ဒေသခံ အခြေခံလုပ်သားအနေနဲ့ လျှော်ဖြူအစေးထုတ် လုပ်ငန်းကို ထိတွေ့လုပ်ကိုင်ဖူး တာ အင်မတန်ရှားပါးပါတယ်။ ဒါကြောင့် နောင်နှစ်တွေမှာ လျှော်ဖြူခြံပိုင်ရှင်တွေနဲ့ အစေးထုတ် လုပ်သားတွေ အဆင်ပြေစွာ ဆက်ဆံနိုင်ပြီး အစေးထုတ် လုပ်ငန်း တွင်ကျယ်လာစေဖို့ ရည်ရွယ်ပါတယ်။ သင်တန်းကြေးအခမဲ့ သင်တန်းပါ။

ဟု မြန်မာနိုင်ငံ လျှော်ဖြူအသင်း၊ ပဲခူးတိုင်း တာဝန်ခံ ကိုမောင်နိုင် (သုခကမ္ဘာ) က ပြောသည်။ 

သင်တန်းတွင် လျှော်ဖြူပင် စာပါးစပ် မန်းထစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ လက်တွေ့၊ စာပါးစပ် အစေးထုတ်၊ မန်းလှီးခြင်းလုပ်ငန်း ဆောင်ရွက်ပုံ လက်တွေ့ တို့ကို သင်ကြား ပြသပေးမည် ဖြစ်ပြီး၊ Covid-19 ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်၍ စနစ်တကျ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Covid ကာလ ဆိုတော့ ရပ်ဝေးကလာမယ့် အဖွဲ့တွေကို မတက်ရောက်ကြဖို့ မေတ္တာရပ် ထားပါတယ်။ Covid အလွန် နောက်သင်တန်းတွေမှ လာပါလို့ ပြောထားတယ်။ လူစု လူဝေး အများကြီးမဖြစ်အောင် တက်ရောက်သူဦးရေအပေါ် မူတည်ပြီး သင်တန်းပုံစံတွေ လည်း စီစဉ်ထားတယ်။ ငါးယောက်ထက် မပိုတဲ့ အုပ်စုတွေ ခွဲသင်သွားမှာပါ။ ဉပမာ အပင်တစ်ပင်မှာ သင်တန်းသား သုံးယောက်၊ ဆရာ တစ်ယောက်နှုန်း၊ အားလုံး Mask တတ်ထားရမယ်။ မိမိရေဗူးနဲ့ မိမိပဲ ရေသောက်ဖို့အတွက် ရေသန့်ဗူး တစ်ယောက် တစ်ဗူးစီလည်း ဝေပေးထားမယ်။ လက်အိတ် ဝေပေးမယ် ပေါ့။

ဟု ကိုမောင်နိုင်က ဆက်လက်ပြောသည်

နန်းထက်ထက်ချစ် (ABM)

ခင်မောင်တင့်

ခင်မောင်တင့်

လွန်ခဲ့သော ၅ နှစ် က

ရွှေဘိုမြို့မှာတော့လုပ်ငန်းအားလုံးလိုလိုဆောင်ရွက်ပေးမှူအားနည်းနေတာဘာကြောင့်လဲဗျ လျှော်ဖြူအစေးနဲ့ပတ်သက်တဲ ဈေးကွက်အကြောင်းဆွေနွေးပေးစေခြင်ပါတယ် ကျေးဇူးအထူးပါ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....