အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ

အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ

သင်တန်းကြေးက တကယ် အခမဲ့လား..?

ဟုတ်ပါတယ်။ မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ နည်းပညာဖြန့်ဖြူးရေးသင်တန်းဖြစ်တာမို့ အလုံးစုံ အခမဲ့ဖြစ်ပါတယ်။

ဘယ်လိုလေ့လာရမလဲ..?

အင်တာနက်ဖွင့်ပြီး မိမိကိုယ်တိုင်လေ့လာရမဲ့ သင်တန်းဖြစ်ပြီးတော့

သင်ခန်းစာတစ်ခုပြီးတိုင်းမှာ ကိုယ်တိုင် ပြန်ဖြေလို့ရမဲ့ မေးခွန်းတွေနဲ့အတူ ဗီဒီယိုတွေ၊ နည်းပညာလမ်းညွှန်တွေပါပါတယ်။

ဘာတွေသင်မှာလဲ..?

သင်တန်းက (၃) မျိုးရှိပါတယ်။

  • တောင်သူများအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း
  • တောင်သူပညာပေးသူများအတွက် သင်တန်းနဲ့
  • စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူများအတွက် ဖွင့်လှစ်ပေးတဲ့ သင်တန်းတွေပါ။

ဘယ်တော့ဖွင့်မှာလဲ၊ ဘယ်အချိန်တွေသင်မှာလဲ..?

(၇)  လပိုင်းမှာ ဖွင့်ပါမယ်။ တောင်သူတွေအတွက် မိမိကိုယ်တိုင် အားလပ်ချိန်မှာ အင်တာနက်ဖွင့်ပြီး ပေးထားတဲ့ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာနိုင်ပါတယ်။

ဘာတွေ အကျိုးအမြတ်ရှိမလဲ..?

အစိမ်းရောင်လမ်း အသုံးပြုသူများအတွက် သီးသန့် အခွင့်အရေးအနေနဲ့ အစိမ်းရောင်လမ်းရဲ့ တောင်သူအဖွဲ့အစည်းမှာရှိိနေတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့မှာ နားမလည်တဲ့ သင်ခန်းစာတွေကို ဆွေးနွေးနိုင်ပါမယ်။

လုပ်ကိုင်နေရင်းနဲ့ မေးခွန်းလေးတွေပေါ်လာရင် မေးမြန်းနိုင်ပါမယ်။ နောက်ဆုံးမှာ စာမေးပွဲလေးဖြေပြီး သင်တန်းဆင်းလက်မှတ် ကို​ရယူနိုင်မှာဖြစ်ပါတယ်။

ဘာတွေလိုအပ်လဲ..?

  • အစိမ်းရောင်လမ်း ကို အသုံးပြုသူဖြစ်ရပါမယ်။
  • မြားနီနည်းပညာပေးရေးအဖွဲ့ အစည်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရပါမယ်။
  • ကိုယ်ပိုင် gmail အကောင့်ရှိဖို့ လိုပါမယ်။
  • ၆ လပိုင်းမကုန်ခင်လေး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး https://forms.gle/Jvaa88zBo2F8CgzL8 မှာ နာမည် စာရင်းသွင်းဖို့လိုပါမယ်။ 

*ကိုယ်ပိုင် gmail အကောင့်ဖွင့်ရန်အတွက် အခက်အခဲရှိပါက အစိမ်းရောင်လမ်းရဲ့ Viber နံပါတ်ဖြစ်တဲ့ 095053570 သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

99
Zaw Linn Oo

Zaw Linn Oo

လွန်ခဲ့သော ၁ လ က

,မဂ်လပါဗျ

Ko Thuya

Ko Thuya

လွန်ခဲ့သော ၁ လ က

from သွင်းမရတာဘာကြောင့်လဲ

Tnan Than Swe

Tnan Than Swe

လွန်ခဲ့သော ၁ လ က

မြေပဲ ဘယ်ချိန်စိုက်ရမလည်း

saw gay moo

saw gay moo

လွန်ခဲ့သော ၁ လ က

စသင်နေပီးလား

Aung Kyaw Htet

Aung Kyaw Htet

လွန်ခဲ့သော ၁ လ က

hi

You

ဆက်စပ်ဆောင်းပါးများ

မြားနီနည်းပညာပေးရေးအဖွဲ့

Content provider

မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 0 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....